မြန်မာနယ်စပ်တစ်လျှောက် မူးယစ်ဆေးဝါးနှင့် မှောင်ခိုကုန်သွယ်မှုများကို တင်းကျပ်စွာနှိမ်နင်းမယ်လို့ မီဇိုရမ်ဝန်ကြီးချုပ် ပြောကြား
ဖေဖော်ဝါရီလ ၁၉ ရက်။ မီဇိုရမ်ပြည်နယ်လွှတ်တော်အတွင်း ဝန်ကြီးချုပ် လာလ်ဒူဟိုးမား (Lalduhoma) က မြန်မာနိုင်ငံနဲ့ ထိစပ်နေတဲ့ ကီလိုမီတာ ၅၁၀ အကွာအဝေးရှိတဲ့ နိုင်ငံတကာနယ်စပ်တစ်လျှောက် မူးယစ်ဆေးဝါးမှောင်ခိုကူးမှုနဲ့ မြန်မာ့ကွမ်းသီးအပါအဝင် တရားမဝင်ကုန်သွယ်မှုတွေကို နှိမ်နင်းဖို့ အစိုးရက ကြိုးပမ်းအားထုတ်မှုတွေ တိုးမြှင့်လုပ်ဆောင်နေတယ်လို့ ပြောကြားခဲ့တယ်လို့ India Today သတင်းဌာနမှာ ဖေဖော်၀ါရီ ၁၉ ရက်နေ့မှာ ဖော်ပြပါတယ်။ နယ်စပ်နဲ့ ထိစပ်နေတဲ့ Champhai၊ Saitual၊ Lawngtlai၊ Siaha၊ Serchhip နဲ့ Hnahthial စတဲ့ ခရိုင် ၆ ခုမှာ သတင်းအချက်အလက် မျှဝေမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုကောင်းလာစေဖို့အတွက် Assam Rifles၊ စစ်တပ်၊ နယ်ခြားစောင့်တပ် (BSF) နဲ့ အထူးထောက်လှမ်းရေးဌာန (SIB) တို့…

