Headlines

မလေးရှားမှာ ၃ ထပ်တိုက်ပေါ်မှ ခုန်ချတဲ့ ချင်း အမျိုးသမီးငယ် ၁ ဦး အသက်ရှင်လွတ်မြောက်သော်လည်း ခြေထောက် ၂ ဖက် ကျိုး

ဇွန်လ ၁၁ ရက်။

ဇွန်လ ၁၀ ရက်နေ့က မလေးရှားနိုင်ငံ၊ ဂျိုဟိုးပြည်နယ်၊ ဆီနိုင်း (Senai) ဒေသရှိ ၃ ထပ်တိုက်ပေါ်ကနေ ခုန်ချကာ ကိုယ့်ကိုယ်ကိုယ် သတ်သေရန် ကြိုးစားတယ်လို့ သံသယရှိရသည့် အသက် ၂၀ အရွယ် Lia Cing Khawl Nuam ဟာ အသက်ရှင် လွတ်မြောက် သော်လည်း ခြေနှစ်ဖက်စလုံး ကျိုးသွားခဲ့ကြောင်း မလေးရှားနေ ချင်းလူမျိုး တဦး ထံမှ သိရှိရ ပါတယ်။

“ဖြစ်ဖြစ်ချင်း ကူလိုင်းဆေးရုံ (Kulai Hospital) ကို အရေးပေါ် အမြန်ဆုံးပို့ဆောင်ခဲ့ရတယ်။ လက်ရှိ အချိန်မှာတော့ သတိပြန်လည်လာပါပြီ။ အသက်အန္တရာယ် စိုးရိမ်စရာမရှိတော့ဘူး လို့ သိရ ပါတယ်။ ခြေထောက် နှစ်ဖက်စလုံး ကျိုးသွားသည့်အတွက် ခွဲစိတ်ကုသမှု (Operation) ပြုလုပ်ဖို့ ဂျိုဟိုးဘာရူး (JB) ဆေးရုံသို့ ဆက်လက် လွှဲပြောင်းပို့ဆောင်ရမယ်” လို့ မလေးရှားရောက် ချင်း အမျိုးသား ဖြစ်သူမှ ပြောကြား ခဲ့ပါတယ်။

မကျိန်ခေါလ်နွမ်း ဟာ သူမရဲ့ ချစ်သူကောင်လေးနှင့် တွဲခဲ့သည်မှာ တစ်ပတ်ခန့်သာ ရှိခဲ့ပြီး သမီးရည်းစား နှစ်ဦး စကားများရန်ဖြစ်ရာမှတဆင့် စိတ်ဖိစီးမှု မထိန်းနိုင်ဘဲ အရက် အလွန်အကြွံသောက်ကာ ကိုယ့်ကိုယ်ကိုယ် သတ်သေရန် ကြိုးစားခဲ့ခြင်းဖြစ် နိုင်တယ်လို့ သံသယရှိကြောင်း ယင်းထံမှ ဆက်လက် သိရှိရ ပါတယ်။

မကျန်ခေါလ်နွမ်းဟာ ကလေးမြို့မှာ နေထိုင်ခဲ့သူ ၁ ဦး ဖြစ်ပြီး မလေးရှား နိုင်ငံမှာ အထောက်အထား ကတ်ပြား တခုမှ ကိုင်ဆောင်ထားခြင်း မရှိတာကြောင့် ဆေးကုသနိုင်ရန် လူမှုအဖွဲ့အစည်းများ နှင့် တာဝန်ရှိသူများ တိုင်ပင်ကာ အထောက်အထားကတ် တခု ပြုလုပ်ပေးခဲ့ရတယ် လို့လည်း ထပ်မံ သိရှိရ ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *