Headlines

ကန်ပက်လက်မြို့နယ်က စစ်ဘေးရှောင်ပြည်သူနေထိုင်ရာနေရာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့လို့ အရပ်သား ၅ ဦးသေဆုံး၊ ၁၀ ဦးကျော် ဒဏ်ရာရ

ဇွန်လ ၂၂ ရက်။

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ (ရွာဟောင်း)က စစ်ဘေးရှောင်အရပ်သားပြည်သူတွေ နေထိုင်တဲ့ နေရာကို ဇွန်လ ၁၉ ရက်နေ့က စစ်ကောင်စီက အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်ခဲ့လို့ အရပ်သားပြည်သူ ၅ ဦးသေဆုံးပြီး ၁၀ ဦးကျော် ဒဏ်ရာရခဲ့တယ်လို့ ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ ဇွန်လ ၂၁ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ကျင်ဒွေးမြို့ ရွာဟောင်းက စစ်ဘေးရှောင်အရပ်သားတွေ နေထိုင်တဲ့နေရာကို တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၂ ဦး သေဆုံးခဲ့ကာ ၁၀ ဦးကျော် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိ စစ်ကောင်စီတပ်ဖွဲ့ဟာ ကန်ပက်လက်မြို့ကို စစ်ကြောင်းထိုးလျက်ရှိနေတာကြောင့် အရပ်သားပစ်မှတ်တွေပါမကျန်အောင် လေကြောင်းတိုက်ခိုက်မှုတွေ အကြီးအကျယ် ပြုလုပ်နေတာကြောင့် မိဘပြည်သူတွေအနေဖြင့် အိမ်တိုင်းတွင် ပုန်းခိုကျင်တွေ တူးထားဖို့နဲ့ လေကြောင်းသတင်းရရင် ပုန်းခိုကျင်းတွေမှာ နေရာယူကြဖို့ကိုလည်း ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထပ်မံသတိပေးထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဟာ မင်းတပ်မြို့နဲ့ ကန်ပက်လက်မြို့တွေကို အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးတိုက်ခိုက်နေသလို လေကြောင်းကနေလည်း ဗုံးကြဲတိုက်ခိုက်တာတွေ အရပ်သားပစ်မှတ်တွေပါမကျန် ဗုံးကြဲတိုက်ခိုက်တာတွေ တောက်လျောက် လုပ်ဆောင်နေတယ်လို့ ဒေသတွင်း နေထိုင်သူတွေက ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *