Headlines

ထန်တလန်မြို့အတွင်း ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ ပြန်လည်ထွက်လို့မရအောင် ပိတ်ဆို့တိုက်ခိုက်နေတယ်လို့ CDF-Thantlang ထုတ်ပြန်

ဇွန်လ ၂၀ ရက်။ ချင်းပြည်နယ်၊ ထန်တလန်မြို့အတွင်း ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ ပြန်လည်ထွက်ခွာလို့ မရအောင် ပိတ်ဆို့တိုက်ခိုက်တာတွေ ဆက်လုပ်နေတယ်လို့ ထန်တလန်မြို့နယ်မှာ စစ်ရေးလှုပ်ရှားနေတဲ့ CDF-Thantlang က ဇွန်လ ၁၉ ရက်နေ့က ထုတ်ပြန်ပါတယ်။ ဟားခါးမြို့ကနေ ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့ ညပိုင်းတွင် ထန်တလန်မြို့ကို ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ဇွန်လ ၁၀ ရက်နေ့ကနေ ဇွန်လ ၁၉ ရက်နေ့အထိ နှစ်ဖက်တိုက်ပွဲ ဆက်လက်ဖြစ်ပွား နေတယ်လို့ ဆိုပါတယ်။ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးများ၊ Suicide Drone များနှင့် (Tear Gas) များ အသုံးပြုခဲ့ပေမယ့် ချင်းတော်လှန်နေရေးတပ်ဖွဲ့တွေဘက်က ၎င်းတို့ရဲ့ ကာကွယ်ရေးစခန်တွေကို အခိုင်အမာ ကာကွယ်နိုင်ဖို့ ကြိုးပမ်းလျက်ရှိပြီး စစ်ကောင်စီရဲ့…

Read More

ချင်းပြည်နယ်မှာ မေလအတွင်း လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အမျိုးသမီး ၆ ဦးသေဆုံးခဲ့ရတယ်လို့ WJ ထုတ်ပြန်

ဇွန်လ ၁၉ ရက်။ ချင်းပြည်နယ်အတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပြီးခဲ့တဲ့မေလအတွင်း အမျိုးသမီး ၆ ဦး သေဆုံးခဲ့ရတယ်လို့ တရားမျှတမှုအတွက် အမျိုးသမီးများအဖွဲ့အစည်း ( WJ) ရဲ့ ဇွန်လ ၁၈ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ စစ်ကိုင်းတိုင်းအတွင်းမှာလည်း အမျိုးသမီး ၆ ဦးကို လူသားဒိုင်းဖမ်းဆီးခဲ့သလို လက်နက်ကြီးကြောင့် အမျိုးသမီး ၃ ဦးသေဆုံးခဲ့ပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုတွေကြောင့်လည်း အမျိုးသမီး ၃ ဦး သေဆုံးပြီး မြေမြှုုပ်မိုင်းကြောင့် အမျိုးသမီး ၂ ဦး သေဆုံးခဲ့တယ်လို့ WJ ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ချင်းပြည်နယ်အတွင်းမှာ မေလအတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီးတိုက်ခိုက်မှုကြောင့် အမျိုးသား ၁ဦး သေ၊…

Read More

ချင်းပြည်နယ်မှာ ကျောင်းပညာရေးနဲ့ကင်းကွာတာကြာပြီဖြစ်တဲ့ ကလေးတွေအတွက် ပြုလုပ်တဲ့ အရည်အချင်းစစ် စာမေးပွဲ (placement test) ဖြေဆိုတဲ့ ကျောင်းသားကျောင်းသူ ၇၁၈၉ ဦး ရှိ

ဇွန်လ ၁၉ ရက်။ ကျောင်းပညာရေးနဲ့ကင်းကွာတာကြာပြီဖြစ်တဲ့ ကလေးတွေအတွက် ဇွန်လ ၁၅ ရက်နေ့မှ ၁၉ ရက်နေ့ အထိ ပြုလုပ် ကျင်းပခဲ့တဲ့ အခြေခံပညာဦးစီးဌာနရဲ့ Placement Test (အရည်အချင်းစစ် စာမေးပွဲ) အထူး အစီအစဉ်မှာ ချင်းပြည်နယ်မှာ သက်ဆိုင်ရာ မြို့နယ် စာစစ်ဌာန အသီးသီးကနေ ဖြေဆိုရန် စာရင်းပေးသွင်းခဲ့တဲ့ ကျောင်းသားကျောင်းသူ ဦးရေ ၈၇၃၀ ဦး ရှိမှ ၇၁၈၉ ဦးမှ ဖြေဆိုခဲ့ပြီး ပျက်ကွက်ခဲ့သူ ၁၅၄၁ ဦး ရှိခဲ့တယ်လို့ ပြည်နယ်ပညာရေးမှူးရုံးနဲ့ နီးစပ်သူ တဦးထံမှ သိရှိရ ပါတယ်။ ချင်းပြည်နယ်မှာ Placement Test စာမေးပွဲကို မြို့နယ် ၆ ခုကနေ စာစစ်ဌာန ၁၈ ခုမှာ ကျင်းပခဲ့ပြီး…

Read More

CDF-Hakha ဒုဥက္ကဌဟောင်းကို ပစ်သတ်သူ Salai Za Cung Lian ကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၁၀)နှစ် ချမှတ်

ဇွန်လ ၁၉ ရက်။ မေလ ၁၅ ရက်နေ့က အငြင်းပွါးမှုဖြစ်ပွါးရင်း CDF-Hakha တပ်ဖွဲ့ ဒုဥက္ကဌဟောင်း Salai Sang Ling ကို သေနတ်ဖြင့် ပစ်သတ်ခဲ့သူ CDF-Hakha ရဲ့အထွေထွေအတွင်းရေးမှုး Salai Za Cung Lian ကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၁၀)နှစ် ပြစ်ဒဏ်ချမှတ် လိုက်ကြောင်း ဟားခါးမြို့နယ်မှာ စစ်ရေးလှုပ်ရှားတဲ့ ချင်းတော်လှန်ရေးအဖွဲ့ဖြစ်တဲ့ CDF-Hakha က ဒီကနေ့ ဇွန်လ ၁၉ ရက်နေ့ ညပိုင်းမှာ သတင်းထုတ်ပြန်လာပါတယ်။ အမှုစစ်ဆေးပြီးနောက် Salai Za Cung Lian ဟာ Salai Sang Ling ကို သေစေအောင်ပစ်ခတ်ခဲ့တာကြောင့် CDF-Hakha Military law ( ပုဒ်မ…

Read More

အိန္ဒိယ – မြန်မာ နယ်စပ် လမ်းပေါ်က မံဆောင်းတံတား ဖျက်ဆီးခံရမှုကြောင့် ကုန်ဈေးနှုန်းတွေ ဈေးကြီးလာ

ဇွန်လ ၁၈ ရက်။ ချင်းပြည်နယ် တီးတိန်မြို့နဲ့ ရိဒ်ခေါ်ဒါရ် ( အိန္ဒိိယ – မြန်မာ) နယ်စပ်ကုန်သွယ်ရေးလမ်းမကြီးပေါ်က ဆောက်လက်စ မံဆောင် မဏိပူရ်မြစ်ကူးတံတားကို လက်နက်ကိုင်အဖွဲ့တစ်ခုရဲ့ မိုင်းနဲ့ လျှပ်စစ်ရှော့တိုက် ဖောက်ခွဲခံခဲ့ရပြီးနောက် ကုန်ပစ္စည်းတင်တဲ့ ကားအကြီးတွေ တံတားပေါ် ဖြတ်သန်းသွားလာလို့ မရတော့ကာသယ်ယူစရိတ်တွေကြောင့် ကုန်ဈေးနှုန်း မြင့်တက်လာတယ်လို့ ဒေသခံတွေကပြောပါတယ်။ မံဆောင်မဏိပူရ်မြစ်ကူးတံတား မိုင်းခွဲခံရပြီးနောက် တံတားပေါ် ကုန်ပစ္စည်းသည်တဲ့ ကားအကြီးတွေ ဖြတ်သန်းသွားလာနိုင်ခြင်း မရှိတော့ဘဲ ကုန်ပစ္စည်းတွေကို တံတားရဲ့ ဟိုဘက် ဒီဘက် ကို အလုပ်သမားဌားသယ်ယူရတော့တာကြောင့် ကုန်ဈေးနှုန်းပိုကြီးမြင့်လာတာလို့ ဒေသခံတွေကပြောပါတယ်။ တီးတိန်မြို့ဒေသခံတစ်ဦးက “မိုးမများခင်ကတော့ မြစ်ဖြတ်ပြီးသွားကြတယ် အခုတော့ မိုးများလာတော့ ကားကြီးတွေက မဝင်နိုင်တော့ အလုပ်သမားတွေနဲ့ သယ်ရတော့ ကုန်ဈေးနှု်းတော့ နဲနဲတက်တယ် အလုပ်သမားတွေအတွက်တော့ အလုပ်တော့ရကြတာပေါ့ တံတားက…

Read More

ဇိုတုန်ဒေသအတွင်း အဓိကလမ်းမကြီးတွေကို စက်ယန္တရားတွေနဲ့ လမ်းပြုပြင်တာ သိန်း ၂ ထောင်ကျော်ကုန်ကျတယ်လို့ ထုတ်ပြန်

ဇွန်လ ၁၇ ရက်။ ချင်းပြည်နယ်၊မတူပီခရိုင် ဇိုတုန်ဒေသအတွင်းက အဓိကလမ်းမကြီးတွေကို ဖေဖော်ဝါရီလကစလို့ ၄ လကျော်ကြာစက်ယန္တရားတွေနဲ့ လမ်းပြုပြင်တာ ကျပ်သိန်း ၂ ထောင်ကျော် ကုန်ကျခဲ့တယ်လို့ Zotung Federal Council က ဇွန်လ ၁၆ ရက်နေ့က ထုတ်ပြန်ပါတယ်။ ၂၀၂၅ ခုနှစ်မိုးရာသီအတွင်းမိုးအဆက်မပြတ်ရွာသွန်းကာ လမ်းအလွန်ပျက်စီးခဲ့ပြီး နွေရာသီမှာ လမ်းပြုပြင်ရာတွင် စက်သုံးဆီဈေးနှုန်းမြင့်တက်ခြင်းကြောင့် ရန်ပုံငွေခက်ခဲမှုနှင့်ရင်ဆိုင်ခဲ့ရသော်လည်း မိုးရာသီမရောက်ခင်လမ်းပြုပြင်ရန်လိုအပ်တာကြောင့် ဆက်လက်ပြုပြင်၍ လမ်း ပြုပြင်ထိန်းသိမ်းခြင်းကုန်ကျငွေ ကျပ်သိန်းပေါင်း(၂၀၀၀)ကျော် ကုန်ကျခဲ့တယ်လို့ ဆိုပါတယ်။ ဇိုတုန်ဒေသအတွင်းကားလမ်းများကို အသုံးပြုလျက် ကုန်စည်များ သယ်ယူပို့ဆောင်နေကြ သော ကုန်တင်ကားများနှင့် မိဘပြည်သူများအနေဖြင့်လည်း ကုန်တင်ကားများနှင့် ခရီးသည်တင်ကားများ၏ ကားဘီးများတွင် ချိန်းကြိုးပတ်ကာ မောင်းနှင့်ခြင်းမပြုရန်၊ ကုန်တင်ကားများ ကားအမျိုးအစားအလိုက် တင်ဆောင်ခွင့်ကန့်သတ်ထားသော ပမာဏထက် တန်ပိုတင်ပြီးမောင်းနှင်ခြင်းမပြုရန် ၊လမ်းပျက်စီးမှုသက်သာစေရန် (၁၂)ဘီးနှင့်…

Read More

အိန္ဒိယနိုင်ငံမှာ ရထားပေါ်ကနေ ချင်းလူငယ် ၁ ဦး ပြုတ်ကျသေဆုံး၊အလောင်း ရွာအထိရောက်လာလို့ ဈာပန အစီအစဉ် ထပ်မံ ပြုလုပ်ခဲ့ရ

ဇွန်လ ၁၆ ရက်။ ဇွန်လ ၉ ရက်နေ့က အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့ ကနေ ဘင်္ဂလောမြို့ သွားတဲ့ ရထားပေါ်ကနေ ပြုတ်ကျ သေဆုံးခဲ့တဲ့ တီးတိန်မြို့နယ် လိုင်လိုရွာသား အသက် ၂၇ နှစ် အရွယ် Pa Cin Zen Thang ရဲ့အလောင်း ပြန်လည် ရနိုင်ချေ မရှိဘူးလို့သူ့မိသားစုဝင်များမှ ရွာရှိ နေအိမ်ကနေ ဈာပန အခမ်းအနား ပြုလုပ်ခဲ့အပြီး အလောင်းဟာ ရွာအထိ ပြန်လည် ရောက်ရှိလာတာကြောင့် ဇွန်လ ၁၆ ရက်နေ့မနက်မှာ ဈာပန အစီအစဉ် ထပ်မံ ပြုလုပ်ခဲ့ရကြောင်း သေဆုံးသူရဲ့ ဆွေမျိုးများ ထံမှ သိရှိရ ပါတယ်။ “သေဆုံးသူက ဒေသ အတွင်းမှာ အသိအမှတ်ပြုခံရတဲ့ အဆိုတော် တဦးပါ။…

Read More

ဖလမ်းမြို့နယ်မှာ ကျောင်းပညာရေးနဲ့ ကင်းကွာတာကြာနေပြီဖြစ်တဲ့ ကလေးတွေအတွက် စီစဉ်ပေးတဲ့ အဆင့်သတ်မှတ်စာမေးပွဲဖြေဆိုကြတဲ့ ကျောင်းသား/ ကျောင်းသူ ၃ ထောင်နီးပါးရှိ

ဇွန်လ ၁၆ ရက်။ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်မှာ ကျောင်းပညာနဲ့ ကင်းကွာနေတဲ့ ကလေးငယ်တွေအတွက် စီစဉ်ပေးတဲ့ အဆင့်သတ်မှတ် စာမေးပွဲ ဝင်ရောက်ဖြေဆိုကြသူ ကျောင်းသား၊ ကျောင်းသူ လူဦးရေဟာ ၃ ထောင်နီးပါးရှိတယ်လို့ ပညာရေးနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။ ကျောင်းပညာရေးနဲ့ သုံးနှစ်ကျော် ကင်းကွာနေတဲ့ ကလေးတွေ ကျောင်းပြောင်းလက်မှတ် ယူလို့မရတော့တဲ့ သူတွေအတွက် ကျောင်းပြန်ဝင်လို့ရအောင် အခုလို အဆင့်သတ်မှတ် စာမေးပွဲ စီစဉ်ပေးတာဖြစ်ပြီး ဖလမ်းမြို့နယ်မှာ ကျောင်းမဝင်နိုင်တဲ့ ကလေးတွေ များနေတာကြောင့် အခုလို အထူးအစီအစဉ်အနေဖြင့် ဆောင်ရွက်ပေးတာဖြစ်တယ်လို့လည်း ပညာရေးနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။ ပညာရေးနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးက “စာရင်းအရတော့ ဖလမ်းမြို့နယ်မှာ ၃ ထောင်ကျော်တယ် စာစစ်ဌာန အားလုံးအတွက်ပေါ့ ဒါပေမယ့် ပျက်ကွက်သူ တချို့လည်းရှိတော့ ၃…

Read More

တီးတိန်မြို့နယ် ဒေသခံလူငယ် ၁ ဦးကို သေဒဏ်စီရင်လိုက်ကြောင်း ZRA-EC မှ ထုတ်ပြန်

ဇွန်လ ၁၅ ရက်။ တီးတိန်မြို့နယ် တွီးထန်ရွာနေ ဒေသခံလူငယ် Kap Lian Mang အား ပြီးခဲ့တဲ့ ရက်ပိုင်းမှာ လုပ်ကြံခံရတဲ့ ZRA-EC အဖွဲ့၀င် Pa Pau Ngaih Mang အမှု ကြောင့် ဖမ်းဆီးပြီး သေဒဏ် စီရင် လိုက်ကြောင်း တီးတိန်ခရိုင် အတွင်းမှာ အခြေပြု စစ်ရေးလှုပ်ရှားသည့် လက်နက်ကိုင် အဖွဲ့အစည်း တခု ဖြစ်သော Zomi Revolutionary Army-Eastern Command (ZRA-EC) က ဇွန်လ ၁၄ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ပါတယ်။ ထုတ်ပြန်ချက်ထဲမှာတော့ ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့မှာ Pa Pau Ngaih Mang လုပ်ကြံ သတ်ဖြတ် ခံရတဲ့…

Read More

ဖလမ်းမြို့နယ်မှာ နေရပ်ပြန်လာတဲ့ ဒေသခံအမျိုးသားတစ်ဦး မပေါက်ကွဲသေးတဲ့ ဗုံးအကြွင်းအကျန် နင်းမိလို့ ခြေထောက်တစ်ဖက် ဖြတ်တောက်လိုက်ရ

ဇွန်လ ၁၅ ရက်။ ဖလမ်းမြို့ကို ထိုးစစ်ဆင်ဖို့ စစ်ကောင်စီက ခြေကုတ်ယူတပ်စွဲခဲ့တဲ့ ဖလမ်းမြို့နယ်အတွင်းက ဆွမ်ဟရန် (Sumhrang) ရွာကို ပြီးခဲ့တဲ့ ဇွန်လ ၁၃ ရက်နေ့က နေရပ်ပြန်လာတဲ့ ဒေသခံ အမျိုးသားတစ်ဦး ဗုံးအကြွင်းအကျန် နင်းမိလို့ ခြေထောက်တစ်ဖက် ဖြတ်တောက်လိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီတပ်ဖွ့ဲတွေ ဆွမ်ဟရန် ကျေးရွာကနေ ဆုတ်ခွာသွားပြီးနောက် ဒေသခံတွေဟာ ၎င်းတို့နေအိမ်တွေ ပြန်လည်ပြုပြင်ဖို့ အတွက် ကျေးရွာအတွင်း ပြန်လာနေကြတာဖြစ်ပြီး တိုက်ပွဲပဋိပက္ခတွေအတွင်း နေအိမ် အလုံး ၄၀ ကျော်အထိ ပျက်စီးခဲ့ရတယ်လု့ိ ဒေသခံတွေကပြောပါတယ်။ ဒေသခံတစ်ဦးက “ မပေါက်ကွဲသေးတဲ့ ဗုံးနင်းမိလို့ ဒဏ်ရာအပြင်းအထန် ရသွားတဲ့သူကို ဟားခါးဆေးရုံပို့ဆောင်ထားပြီး ဆေးကုသထားတယ်လု့ိသိရတယ် အခုလို ဖြစ်သွားတော့ စစ်ရှောင်တွေအနေနဲ့ နေရပ်ပြန်လာဖို့ တော်တော်လေး စိုးရိမ်သွားကြတယ်…

Read More