တိုက်ပွဲပြင်းထန်နေတဲ့ ဖလမ်းမြို့နယ်မှာစစ်ကော်မရှင်တပ်သား ၄ ဦး အရှင်ဖမ်းမိ၊လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းရမိ
ဒီဇင်ဘာလ ၃၀ ရက်။ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ၊ ခွန်လီရွာဘက်ကနေ စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့နဲ့ ချင်းဒေသကာကွယ်ရေးပူးပေါင်းတပ်တွေအကြားတိုက်ပွဲပြင်းထန်နေပြီး မနေ့ ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ စစ်သုံ့ပန်း ၄ ဦးအရှင်ဖမ်းဆီးမိတာတွေရှိသလို လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းရမိတဲ့ကြောင်း ဖလမ်းမြို့နယ်အခြေစိုက် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ ( CNO/CNDF)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောပါတယ်။ CNO/CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက “စစ်ရေးက တအားတင်းမာနေတဲ့အခြေအနေမှာရှိပါတယ် ခွန်လီဘက်မှာရှိတဲ့သူတွေက မနေ့တနေ့လောက်ကနေ စစ်ကြောင်းအသကုန်ထိုးလာတော့ မနေ့ညက ကျနော်တို့ဘက်ကလည်း ပြန်စစ်ကြောင်းပြန် ထိုးတာတွေရှိတော့ တိုက်ပွဲအတွင်း စစ်သုံ့ပန်း ၄ ယောက်ဖမ်းမိတယ် လက်နက်သိမ်းထားတာတွေရှိတယ် ကျဆုံးတာတွေလည်း ၃ ယောက်လောက်ရှိတယ် အခုအဲဒီနေရာကို လက်နက်ကြီးနဲ့ အသကုန် ပြန်ဆော်နေတော့ စစ်ရေးအခြေအနေ တော်တော်တင်းမာတဲ့ အခြေအနေမှာ ရှိပါတယ်”လို့ ပြောပါတယ်။…

