
သြဂုတ်လ ၈ ရက်။
အမျိုးသားညီညွှတ်ရေးအစိုးရ ( NUG) ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ မကွေးတိုင်းအဆင့် ပအဖ၊ ပကဖ ၊ ပလဖ အဖွဲ့ဝင်တွေက ဇူလိုင်လ ၂၉ ရက်နေ့က ဖမ်းဆီးခဲ့တဲ့ ယခင် CDF – Kanpetlet (ယခု CPU / CPA )တပ်ဖွဲ့ဝင်ဖြစ်တဲ့ ရဲမေ မိုင်သူဇာကို သြဂုတ်လ ၇ ရက်နေ့မှာ ပြန်လွှတ်ပေးလိုက်ပြီလို့ တာဝန်ရှိသူတွေဆီကနေ သိရပါတယ်။
CPU / CPA တပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးက “CPU / CPA တပ်ဖွဲ့ဝင်ဖြစ်တဲ့ ရဲမေ မိုင်သူဇာဟာ မနေ့က ပြန်လွတ်လာပြီ ဒီကနေ့မှာ မိခင်တပ်ရင်းကို ပြန်ရောက်လာမှာဖြစ်တယ်၊ ဘာကြောင့် ဖမ်းဆီးတာလဲဆိုတာတော့ စစ်ရေးမှာ နှောက်ယှက်လို့ဆိုပြီးပြောကြတယ် ရဲမေကို မေးကြည့်တော့ ပြည်သူတွေကိုယ်စားပြောပေးတာတဲ့ အဲဒီမှာ ခင်ငြိမ်းချမ်း ဆိုတဲ့သူနဲ့ စကားများကြတယ်လို့တော့ ပြောတယ် အဓိက သဘောထားကွဲလွဲလို့ ဖြစ်သွားတာ တစ်ခုဆိုးတာက အဖွဲ့စည်းအခြင်းခြင်းပေါ် သူတို့ဘက်က စည်းမရှိဘူး အခုလိုဖြစ်တာ မိခင်တပ်ရင်းတပ်ဖွဲ့တွေဘက်က သက်ဆိုင်ရာတွေကိုလည်း အကြောင်းမကြား ဘာမကြားနဲ့ အခုလိုလုပ်တာတော့ အဆင်မပြေဘူး” လို့ပြောပါတယ်။
တာဝန်ရှိသူတွေဘက်က ပြောဆိုထားပြီး ဘာကြောင့် အခု ဖမ်းဆီးခံခဲ့ရတာလည်း ဆိုတာနဲ့ ပက်သက်ပြီးတော့ တာဝန်ရှိသူတွေဘက်က အခုချိန်ထိ ပြန် ဖြေကြားထားတာမျိုး မရှိသေးပါဘူး။
ရဲမေ မိုင်သူဇာဟာ ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်၊ မင်းတပ် မြို့နယ်တွေမှာ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကာလတွင် ထောက်ပို့ပိုင်းဆိုင်ရာတွင် ပိုမိုလှုပ်ရှားရလွယ်ကူအောင် မကွေးတိုင်း၊ ဆောမြို့နယ် အနီးအနားကို အန္တရာယ်ရှိတဲ့အကြားက စွန့်စားလှုပ်ရှားနေရင်း NUG အစိုးရ လက်အောင်ခံ ပသုံးလုံးတွေရဲ့ ဖမ်းဆီးတာခံခဲ့ရတာလည်းဖြစ်ပါတယ်။
CPU / CPA တပ်ဖွဲ့ဝင် ရဲမေ မိုင်သူဇာကို အခုလို ပြန်လွှတ်ပေးလိုက်တဲ့ပေါ် မကွေးတိုင်း ပအဖ၊ ပကဖ ၊ ပလဖ အဖွဲ့တာဝန်ရှိသူတွေကို ကျေးဇူးတင်ရှိတယ်လို့လည်း CPU / CPA တပ်ဖွဲ့ဘက်က တာဝန်ရှိသူ အချို့ ဖော်ပြပြောဆိုတာတွေလည်း တွေ့ရပါတယ်။

