Headlines

Zogam နယ်မြေအတွင်း မည်သည့်ပြင်ပလက်နက်ကိုင်အဖွဲ့မျှ လှုပ်ရှားခွင့်မပြုကြောင်း ZPCC/ZRA (အရှေ့ပိုင်းတိုင်း) ထုတ်ပြန်

ဧပြီလ ၂၁ ရက်။ ဇိုဂမ် (Zogam) နယ်မြေအတွင်းကို ဘယ်ပြင်ပအဖွဲ့အစည်းကမှ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်တာကို ခွင့်မပြုသလို၊ ဇိုမီးလူထုနဲ့ ZPCC/ZRA (အရှေ့ပိုင်းတိုင်း) ရဲ့ အပြည့်အဝသိရှိမှုနဲ့ သဘောတူညီချက်မပါဘဲ ဘယ်ပြင်ပအဖွဲ့ကမှ ဇိုဂမ်အတွင်းမှာ လှုပ်ရှားခွင့်မရှိကြောင်း Zomi Political Coordination Council (ZPCC) က ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၉ ရက်နေ့မှာ တရားဝင် ကြေညာလိုက်ပါတယ်။ ဇိုဂမ်အတွင်းမှာရှိတဲ့ စစ်ရေးစစ်ဆင်မှုတွေ၊ မြို့ရွာအုပ်ချုပ်ရေးကိစ္စတွေအပါအဝင် ဇိုမီးလူမျိုးတွေရဲ့ နိုင်ငံရေးကိစ္စရပ်အားလုံးမှာ ZPCC/ZRA (အရှေ့ပိုင်းတိုင်း) ရဲ့ ကြိုတင်ခွင့်ပြုချက်မရှိဘဲ ဘယ်ပြင်ပနိုင်ငံရေးအဖွဲ့၊ လက်နက်ကိုင်အဖွဲ့ ဒါမှမဟုတ် အစိုးရကမှ ဝင်ရောက်စွက်ဖက်တာ၊ တားဆီးတာ ဒါမှမဟုတ် လှုပ်ရှားမှုတွေလုပ်တာမျိုး လုံးဝ (လုံးဝ) မလုပ်ရဘူးလို့လည်း အဆိုပါထုတ်ပြန်ချက်မှာ အတိအလင်း ဖော်ပြထားပါတယ်။ ဒါ့အပြင် ဇိုဂမ်ကို အုပ်ချုပ်ပိုင်ခွင့်ဟာ ဇိုမီးလူမျိုးတွေမှာပဲ ရှိတဲ့အတွက်…

Read More

အာဏာသိမ်းသမ္မတဦးမင်းအောင်လှိုင်က NCA ကို ပြန်အသက်သွင်းပြီး ငြိမ်းချမ်းရေးဖိတ်ခေါ်တဲ့အပေါ် အယုံအကြည်မရှိဘူးလို့ CNF တုံ့ပြန်

ဧပြီလ ၂၁ ရက်။ အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်က NCA ကာလတုန်းက မူဟောင်းကြီးကို ပြန်အစဖော်ပြီး CNF အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တွေကို တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ခေါ်တဲ့အပေါ် အယုံအကြည် မရှိနိုင်တဲ့အကြောင်း ချင်းအမျိုးသားတပ်ဦး ( CNF )ရဲ့ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။ CNF အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တွေကို ဇူလိုင်လ ၃၁ ရက်နေ့ မတိုင်ခင် တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ခေါ်တဲ့အကြောင်း အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်က မနေ့ဧပြီလ ၂၀ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ ပြည်ထောင်စု အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောခဲ့တာဖြစ်ပါတယ်။ ချင်းအမျိုးသားတပ်ဦး ( CNF ) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက “မင်းအောင်လှိုင်ဟာ NCA ကာလတုန်းက မူဟောင်းကြီးကို ပြန်အစဖော်နေတာဆိုတော့ ဒုံယင်းပဲဖြစ်မှာပါ၊ ဆိုတော့ ကျနော်တို့အနေနဲ့…

Read More

စစ်ကော်မရှင်တပ်ဟာ အင်အားရာချီနဲ့ ဖလမ်းမြို့နားက ဗားရ်တံတားကို ရောက်လာပြီလို့ဆို

ဧပြီလ ၂၀ ရက်။ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်မှာ စစ်ကြောင်းထိုးလာနေတဲ့ အာဏာသိမ်းစစ်ကော်မရှင်တပ်ဟာ ဖလမ်းမြို့နဲ့ ၁၀မိုင်ခန့်အကွာမှာရှိတဲ့ ဗားရ်တံတားကို ရောက်လာပြီး ဖလမ်းမြို့နဲ့ ဆူရ်ဘုန်လေဆိပ်ဘက်ကို ဦးတည်ပြီး အင်အား ၆၀၀ – ၈၀၀ ဝန်းကျင်းဖြင့် အင်အားဖြန့်ပြီး စစ်ကြောင်းထိုးလာနေတယ်လို့ ဖလမ်းမြို့နယ်မှာ အဓိက စစ် ရေးလှုပ်ရှား နေတဲ့ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO / CNDF ) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောပါတယ်။ CNO / CNDF ရဲ့ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက “ဗားရ်တံတား ကျော်လာတဲ့ စစ်ကြောင်းက လူဦးရေ ၆၀၀ ကနေ ၈၀၀ လောက်ရှိပါတယ် အဲဒီဟာကို စစ်ကြောင်းပြန်ခွဲပြီးမှ ဖလမ်းကို Khungli ဘက်မှာရှိပြီးသားဟာနဲ့ ဒီဘက် အလယ် သိုင်ငင်းဘက်ကနေ…

Read More

ဖလမ်းမြို့နယ် Tlangzar ကျေးရွာကို တနေ့တည်း ၂ ကြိမ် လေကြောင်းတိုက်ခိုက်ခဲ့လို့ နေအိမ်အမြောက်အများထိခိုက်ပျက်စီးခဲ့

ဧပြီလ ၁၈ ရက်။ ဖလမ်း – ဟားခါး လမ်းမဘေးမှာတည်ရှိတဲ့ ဖလမ်းမြို့နယ် Tlangzar ကျေးရွာကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ ဧပြီလ ၁၈ ရက်နေ့မှာ တစ်ရက်ထဲ ၂ ကြိမ်တိုင်တိုင် အကြောင်းမဲ့ လေကြောင်း ကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သားနေအိမ်တွေ အမြောက်အများထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီကနေသိရပါတယ်။ ဒီကနေ့ မနက်အစောပိုင်း ၃ နာရီခွဲဝန်းကျင်လောက်မှာ Tlangzar ကျေးရွာကို ၂ ကြိမ် နဲ့ Laiva ရအားလျှပ်စစ်ဓာတ်အားပေးစက်ရုံကို ၁ ကြိမ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နေ့လည်ပိုင်း ၁၂ နာရီဝန်းကျင်လောက်မှာ ဒုတိယအကြိမ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ သတင်းရင်းမြစ်တစ်ဦးက “ လေကြောင်းတိုက်ခိုက်မှုအတွင်း Tlangzar ရွာက ကျောင်းနဲ့ နေအိမ်တွေ…

Read More

ချင်းပြည် ( Chinland)ကောင်စီက ဖော်ဆောင်တဲ့ ဆေးတက္ကသိုလ်ဖွင့်ပွဲကို NUG ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး လူကိုယ်တိုင် တက်ရောက်ခဲ့တယ်လို့သိရ

ဧပြီလ ၁၅ ရက်။ ချင်းပြည် ( Chinland) ကောင်စီက ဖွဲ့စည်းပေးတဲ့ ချင်းပြည် ( Chinland) အစိုးရ ၊ ကျန်းမာရေးဝန်ကြီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ Chinland Jordan School of Medicine ဆေးတက္ကသိုလ်ဖွင့်လှစ်တဲ့ အခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (NUG)ဝန်ကြီးချုပ်ရုံး ပြည်ထောင်စု ဝန်ကြီး Dr. ဇော်ဝေစိုး လူကိုယ်တိုင် တက်ရောက်ခဲ့တာကို ချင်းပြည် ( Chinland) အစိုးရ ရဲ့ ဧပြီလ ၁၅ ရက်နေ့ ထုတ်ပြန်ချက်အရ တွေ့ရပါတယ်။ Chinland Jordan School of Medicine ဆေးတက္ကသိုလ်ဖွင့်လှစ်တဲ့ အခမ်းအနားကို NUG အစိုးအဖွဲ့ ပြည်ထောင်စု ဝန်ကြီး Dr. ဇော်ဝေစိုး အပါအဝင် တာဝန်ရှိပုဂ္ဂိုလ်အသီးသီးက…

Read More

ရေရှားတဲ့ တီးတိန်မြို့မှာ ရေလောင်းင်္သကြန်ပွဲပြုလုပ်နေတာကြောင့် ဒေသခံတွေရေပြတ်လပ်မှုကြုံရ

ဧပြီလ ၁၅ ရက်။ စစ်ကော်မရှင်ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ တီးတိန်မြို့ပေါ်မှာ ရေရှားပါးနေတဲ့အချိန် ရေလောင်းသင်္ကြန်ပွဲတွေ ပြုလုပ်ကျင်းပနေကြတာကြောင့် တီးတိန်ဒေသခံတွေ ရေပြတ်လပ်မှုတွေကြုံနေရတယ်လို့သိရပါတယ်။ ရပ်ကွက်အတိုင်း သွယ်တန်းထားတဲ့ ရေပိုက်လိုင်း အားလုံးနီးပါးကို သင်္ကြန်ကျင်းပရာ ကျောင်းဘက်ကို အားလုံး ပို့လိုက်တာကြောင့် တီးတိန်မြို့ပေါ်နေ ဒေသခံတွေမှာ သောက်သုံးရေ ၊ ချိုးရေ စတာတွေမှာ အသုံးပြုဖို့ ရေ ပြတ်လပ်တာတွေ ကြုံနေရတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။ တီးတိန်မြို့ဒေသခံတစ်ဦးက “အခုကသောက်သုံးဖို့ ချိုးရေစတာတွေအတွက် ရေကရှားသွားတယ် ဘာကြောင့်လည်းဆိုရင် အခုသူတို့ သင်္ကြန်လုပ်တဲ့ အစိုးရကျောင်းဘက် ရေဝင်ဖို့ လုပ်တော့ တခြားနေရာတွေအတွက် အခက်ခဲဖြစ်သွားစေတာပေါ့ ရေသွယ်တာက ရပ်ကွက်အလိုက် တိုင်ကီ ရှိတယ် အခုတော့ သောက်သုံးရေအတွက် ရေရောင်းတဲ့ ကားတွေဆီကနေ အဓိကဝယ်ရတယ် အရင်ကတည်းက ရေကတော့ ရှားပါတယ် အထူးဖြင့်…

Read More

မလေးရှားသွားရင်း ကားပေါ်မှာ အသက်ရူမဝလို့ ကွယ်လွန်ခဲ့သူ ချင်းလူငယ်အလောင်းထုတ်ယူနိုင်ဖို့ ထိုင်းမှာ မိသားစုဝင်တွေ ကြိုးစားနေ

ဧပြီလ ၁၅ ရက်။ မလေးရှားနိုင်ငံသို့ သွားရာ ထိုင်းနယ်စပ်က လမ်းခရီးကားပေါ်မှာ လူများလို့ အသက်ရှုမဝလို့ကွယ်လွန်သွားတဲ့ အသက် ၁၉ နှစ်အရွယ် ချင်းလူငယ် Tg. Pau Lam Kim ရဲ့ ရုပ်အလောင်းကို ထိုင်းနိုင်ငံ ၊ Hat Yai မြို့က မအော်ဆေးရုံမှာ ရှိနေပြီး မိသားစုဝင်တွေက ထုတ်ယူနိုင်ဖို့ ကြိုးစားနေကြတယ်လို့ မိသားစုဝင်တစ်ဦးက Chin World မီဒီယာကို ပြောပါတယ်။ ဧပြီလ ၁၁ ရက်နေ့က မလေးရှားနိုင်ငံကို ကားနဲ့တဆင့် သွားရောက်ခဲ့ကြတဲ့ ချင်းပြည်နယ် ၊ တီးတိန်မြို့နယ်က Tuivial ကျေးရွာနေ ချင်းလူငယ် ၄ ဦးတို့ဟာ ထိုင်း – မလေး နယ်စပ် ထိုင်းနိုင်ငံ ဆွမ်ခလာမြို့နယ်အရာက်မှာ ကားပေါ်မှာလူများလို့ပါလာသူ…

Read More

ဖလမ်းမြို့သိမ်းတိုက်ပွဲ အပါအဝင် အောင်မြင်မှုများအတွက် AA နှင့် မဟာမိတ်များကို ကျေးဇူးတင်ရှိကြောင်း CNO/CNDF တည်ထောင်ခြင်း (၅) နှစ်ပြည့်တွင် ထုတ်ပြန်

ဧပြီလ ၁၄ ရက်။ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF) တည်ထောင်ခြင်း (၅) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၃ ရက်နေ့မှာ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖလမ်းမြို့သိမ်းတိုက်ပွဲ အပါအဝင် စစ်ရေး၊ နိုင်ငံရေး အောင်မြင်မှုတွေ ရရှိအောင် ဝိုင်းဝန်းကူညီပေးခဲ့ကြတဲ့ အာရက္ခတပ်တော်(AA) ၊ ညီနောင်မဟာမိတ်တွေနဲ့ ပြည်တွင်းပြည်ပ ထောက်ခံသူအားလုံးကို အထူးပင် ကျေးဇူးတင်ရှိကြောင်း ထည့်သွင်းမှတ်တမ်းတင် ပြောကြားလိုက်ပါတယ်။ အဆိုပါ ထုတ်ပြန်ချက်အရ စစ်ကော်မရှင်ရဲ့ မတရားအာဏာသိမ်းမှုကို တွန်းလှန်ဖို့နဲ့ ချင်းတစ်မျိုးသားလုံး စုစည်းနိုင်ဖို့အတွက် နွေဦးတော်လှန်ရေးနဲ့အတူ သန္နိဋ္ဌာန်ချ တည်ထောင်ခဲ့တဲ့ CNO/CNDF ဟာ (၅) နှစ်တိတိ ပြည့်မြောက်ခဲ့ပြီ ဖြစ်ကြောင်း၊ ဖြတ်သန်းခဲ့တဲ့ (၅) နှစ်တာ ခရီးကြမ်းအတွင်း စစ်ရေးနဲ့ နိုင်ငံရေးဆိုင်ရာ အခက်အခဲတွေကို…

Read More

မလေးရှားသွားမယ့် ချင်းလူငယ် ၁ ဦး ကားပေါ်မှာ လူများပြီး အသက်ရှုမဝလို့ကွယ်လွန်

ဧပြီလ ၁၂ ရက်။ မနေ့ ဧပြီလ ၁၁ ရက်နေ့က ထိုင်းနယ်စပ်လမ်းတစ်နေရာမှာ ကားပေါ်မှာ လူများပြီး အသက်ရှုမဝလို့ မလေးရှားနိုင်ငံကို သွားမယ့် ချင်းပြည်နယ်၊ တီးတိန်မြို့နယ် Tuivial ကျေးရွာနေ အသက် ၁၉ နှစ်အရွယ် Pau Lam Kim ဟာ ကွယ်လွန်သွားတယ်လို့ သူနဲ့နီးစပ်သူတွေဆီကနေ သိရပါတယ်။ နီးစပ်တဲ့ သတင်းရင်းမြစ်က “ထိုင်းနယ်စပ်ကို ဝင်တဲ့အချိန် ကားပေါ်မှာကလည်း လူအရမ်းများတယ် လူထပ်နေအောင်စီးရတော့ လူပိပြီး လို့ပြောရမလား အဲလိုနဲ့ အသက်ရှုမဝဘဲ ဆုံးသွားတယ်လို့ သိရတယ် သူတို့ကို တင်ဆောင်လာတဲ့ ကားသမားကလည်း ဆုံးသွားတော့ ဒီတိုင်းထားခဲ့တယ် ပါလာတဲ့ သူ့ဆွေမျိုးတစ်ယောက်ကနေ နေခဲ့လိုက်တယ်လို့ သိရပါတယ်” လို့ပြောပါတယ်။ လက်ရှိသေဆုံးသွားတဲ့ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်နေ Pau Lam…

Read More

မင်းတပ်မြို့ကို ၁ နာရီအတွင်း ၈ ကြိမ်အထိ ဗုံးကြဲတိုက်ခိုက်တာကြောင့် လူသေဆုံးမှုရှိကာ အိမ် ၂၀ ကျော်နဲ့ကား၄စီးပျက်စီး

ဧပြီလ ၁၂ ရက်။ ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF-Mindat) ထိန်းချုပ်ထားတဲ့ မင်းတပ်မြို့ပေါ်ကို အာဏာသိမ်းစစ်ကော်မရှင်တပ်က ဧပြီလ ၁၁ ရက် စနေနေ့ည ၁၀ နာရီဝန်းကျင်မှာ လေကြောင်းကနေ တစ်နာရီအတွင်း ၈ ကြိမ်အထိ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လူသေဆုံးမှုရှိကာ အိမ် ၂၀ ကျော်နဲ့ကား၄စီးပျက်စီးခဲ့တယ်လို့ မင်းတပ််မြို့ဒေသခံတွေဆီက ကနဦးသိရပါတယ်။ ည ၁၀ နာရီဝန်းကျင်လောက်မှာ လေယာဉ်တွေ တစ်စင်းပြီးတစ်စင်း လာရောက်ဗုံးကြဲခဲ့တာဖြစ်ပြီး၊ “တစ်နာရီအတွင်းမှာတင် ၈ ကြိမ်အထိ ကြဲချသွားတာပါ” လို့ မင်းတပ်မြို့ပေါ်မှာ နေထိုင်သူတစ်ဦးက ပြောပြပါတယ်။ အဲဒီလို ဗုံးကြဲတိုက်ခိုက်မှုကြောင့် မင်းတပ်မြို့ပေါ်က စာတိုက်ရုံးအပါအဝင် အိမ် ၂၀ ကျော်နဲ့ကား၄စီးကို ထိမှန်ခဲ့ပြီးမီးလောင်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေ ဆီက ကနဦး သိရပါတယ်။ လေကြောင်းစောင့်ကြည့်ရေး တယ်လီဂရမ်ချန်နယ်ဖြစ်တဲ့ “ဝေဟင်” ရဲ့…

Read More