Headlines

တိုက်ပွဲပြင်းထန်နေတဲ့ ကန်ပက်လက်မြို့နယ်မှာ တောတောင်တွေထဲ စစ်ရှောင်နေရတဲ့ လူဦးရေ ၁ ထောင်ခန့်ဟာ စားနပ်ရိက္ခာ ၊ ဆေးဝါ အကူအညီတွေ လိုအပ်နေကြ

ဩဂုတ်လ ၁၂ ရက်။ တိုက်ပွဲပြင်းထန်နေတဲ့ ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့နယ်မှာ ကျေးရွာတွေမှာ စစ်ရှောင်နေရသူတွေလည်း စစ်ကောင်စီလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ဘေးလွတ်ရာတောတောင်တွေထဲ လူဦးရေ ၁ ထောင်ကျော်ခန့်ဟာ စစ်ဘေးတိမ်းရှောင်နေကြရတယ်လို့ စစ်ရှောင်အရေးနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေကပြောပါတယ်။ လက်ရှိ တောတောင်တွေထဲ စစ်ရှောင်နေရတဲ့ စစ်ဘေးရှောင်တွေဟာ စားနပ်ရိက္ခာ ၊ ဆေးဝါး အခက်အခဲ မျိုးဆုံ ကြုံနေကြရတယ်လို့လည်း စစ်ရှောင်တွေနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေကပြောပါတယ်။ စစ်ရှောင်တွေနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးက “အစက နီးစပ်ရာ ရွာတွေမှာ ရှောင်ပြီးနေကြတယ် စစ်ကောင်စီက ရွာတွေကိုလည်း လေယာဉ်တွေနဲ့ ထပ်ပစ်တာတွေရှိတော့ ရွာကနေတဆင့် နီးစပ်ရာတောတောင်တွေထဲ ရှောင်နေကြရတဲ့ အနေထားမျိုးပါ ဒုက္ခတော့ တော်တော်ရောက်ကြတယ် အဓိကတော့ စားနပ်ရိက္ခာနဲ့ ဆေးဝါး ကုသမှုအပိုင်းမှာ အခက်ခဲတော်တော်ကြုံနေကြရတယ် လက်ရှိ ကလေး…

Read More

ဖလမ်းမြို့နယ်၊သီးဘွာလ်ရွာကို စစ်ကောင်စီက ဒရုံန်းဗုံးကြဲတာတွေ လုပ်ခဲ့တယ်လို့ သိရ

သြဂုတ်လ ၁၂ ရက်။ ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ် ၊ လေးလက်ရွာ (Leilet Khua) အနီးရှိ သီးဘွာလ်ရွာ ( Tibual khua) ကို စစ်ကောင်စီတပ်က ဒီကနေ့ သြဂုတ်လ ၁၂ ရက်နေ့ ၊ ညနေ ၃ နာရီဝန်းကျင်လောက်မှာ ဒရုန်းအသုံးပြုပြီး ဗုံး ၃ ကြိမ်ဖြင့် ကြဲခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒေသခံတစ်ဦးက “ ဒီကနေ့ ညနေ ၃ နာရီ ၂၀ ဝန်းကျင်လောက်မှာ သီးဘွာလ်ရွာက စစ်ကောင်စီတပ်ဖွဲ့တွေ အရင်က တပ်စွဲခဲ့တဲ့ ရဲစခန်းဟောင်းအနီးတဝိုက်ကို ဒရုန်းနဲ့ ၃ ကြိမ် တိုက်ခိုက်တာတွေ လုပ်တယ်လို့ သတင်းကြားရတယ် အရပ်သား ထိခိုက်ဒဏ်ရာရသူတွေတော့ မရှိဘူးလို့လည်း သိရတယ်” လို့ပြောပါတယ်။…

Read More

စစ်ကောင်စီပြန်ထိန်းချုပ်တဲ့ ဖလမ်းမြို့ပေါ်ကို ၃ လ ကျော်ကြာသည်အထိ ဒေသခံအများစု ပြန်မလာနိုင်ကြသေး

သြဂုတ်လ ၁၂ ရက်။ စစ်ကောင်စီက ပြီးခဲ့တဲ့ ဧပြီလ ၂၅ ရက်နေ့မှာ ပြန်လည်ထိန်းချုပ်လိုက်တဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့ပေါ်ကို ၃ လ ကျော်ကြာသည်အထိ ဒေသခံအများစု နေရပ်ပြန်မလာနိုင်ကြသေးဘူးလို့ ဖလမ်းမြို့ စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူတစ်ဦးကပြောပါတယ်။ လူဦးရေအားဖြင့် ၁၂,၀၀၀ ဝန်းကျင်ခန့် ရှိခဲ့တဲ့ ဖလမ်းမြို့ပေါ်မှာ လက်ရှိ ဖလမ်းမြို့ပေါ်ကို ပြန်လာနေထိုင်တဲ့ ဒေသခံက ရာခိုင်နှုန်းအားဖြင့် ၂၅ % ကနေ ၃၀ % လောက်သာရှိပြီး ကျန်တဲ့ ၆၀ % ကနေ ၇၀ % လာက်ကတော့ အကြောင်းအမျိုးမျိုးကြောင့် နေရပ်ပြန်မလာနိုင်ကြသေးတာဖြစ်တယ်လို့ ဖလမ်းမြို့ စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။ ဖလမ်းစစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက “အခုချိန် ဖလမ်းမြို့ကို ပြန်လာနေထိုင်တဲ့ ဒေသခံက ၂၅…

Read More

ဟားခါးမြို့မှာ CNA,CDF-Hakha အဖွဲ့အမည်ခံပြီး သေနတ်/ဗုံးအတုများဖြင့် ခိုးဆိုးလုယက်တဲ့လူငယ်အုပ်စုကိုဖမ်းဆီးနိုင်ရေးလုပ်ဆောင်နေကြောင်း CDF-Hakha ထုတ်ပြန်

ဩဂုတ်လ ၁၀ ရက်။ ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်မှာ CNA,CDF-Hakha အဖွဲ့အမည်ခံပြီး သေနတ်/ဗုံးအတုအတုများဖြင့် ခိုးဆိုးလု ယက်မှုများ ကျူးလွန်နေတဲ့လူငယ်အုပ်စုများကိုဖမ်းဆီးနိုင်ရေးလုပ်ဆောင်နေကြောင်း ပြင်းထန်စွာ အရေးယူ ဆောင်ရွက်သွားမယ်လို့ ဟားခါးမြို့နယ်အခြေစိုက် ချင်းလက်နက်ကိုင်အဖွဲ့ CDF-Hakha က ဩဂုတ်လ ၁၀ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ ထုတ်ပြန်ချက်အရ လက်ရှိ ဟားခါးမြို့ပေါ်တွင် ချင်းအမျိုးသားတပ်မတော်(CNA ) သို့မဟုတ် ချင်းလန်းကာကွယ်ရေးတပ်ဖွဲ့ CDF-Hakha တို့ရဲ့အမည်ကို အလွဲသုံးစားပြု၍ သေနတ်နှင့် ဗုံးအတုများကို ကိုင်ဆောင်လှုပ်ရှားနေသည့် လူငယ်အများ အပြား ရှိနေကြောင်း၊၎င်းတို့သည် အုပ်စုဖွဲ့ လှည့်လည်ကာ နေအိမ်များကို ဖောက်ထွင်းခြင်း၊ ခိုးယူခြင်းနှင့် လမ်းသွားလမ်းလာ ပြည်သူများကို ရိုက်နှက်နှောင့်ယှက်ခြင်းများ ပြုလုပ်နေကြောင်း CDF-Hakha အဖွဲ့ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။ အဆိုပါ ချင်းတော်လှန်ရေးအဖွဲ့အမည်ခံ၍ ဒုစရိုက်ကျူးလွန်နေသူများကို ဥပဒေအတိုင်း ပြင်းထန်စွာ…

Read More

ဖလမ်းမြို့မှာ ကျောင်းပညာရေးနဲ့ ကင်းကွာနေတာ ကြာပြီဖြစ်တဲ့ ကလေးတွေအတွက် ပြုလုပ်တဲ့ အရည်ချင်းစစ် စာမေးပွဲ နောက်ထပ်တစ်ကြိမ်ကျင်းပရာ ဖြေဆိုသူ ၂၀၅ ဦးရှိ

ဩဂုတ်လ ၁၀ ရက်။ ချင်းပြည်နယ်၊ ဖလမ်းမြို့ အ.ထ.က (၂) အခြေခံပညာအထက်တန်းကျောင်းမှာ သြဂုတ်လ ၉ ရက်နေ့က ကျောင်းပညာရေးနဲ့ ကင်းကွာနေတဲ့ ကလေးငယ်တွေ နဲ့ အရင်က ကျင်းပတဲ့ အရည်ချင်းစစ် စာမေးပွဲ (Placement Test) ဖြေဆိုခွင့် မရသူတွေအတွက် Placement Test နောက်တစ်ကြိမ် ပြုလုပ်ခဲ့ကာ ဖြေဆိုတဲ့ ကျောင်းသူ/ ကျောင်းသား စုစုပေါင်း ၂၀၅ ဦးရှိခဲ့တယ်လို့ သိရပါတယ်။ မူလတန်းအဆင့် အဆင့် (၂) ဖြေဆိုသူ (၂၁) ဦး၊ အလယ်တန်းအဆင့် အဆင့် (၁) ဖြေဆိုသူ (၇)ဦး၊ အလယ်တန်းအဆင့် အဆင့် (၂) ဖြေဆိုသူ (၁၀) ဦး၊ အလယ်တန်းအဆင့် အဆင့် (၃) ဖြေဆိုသူ…

Read More

NUG မကွေးအဖွဲ့က ၁၀ ရက်ခန့်အကြာ ဖမ်းဆီးထားတဲ့ CPU / CPA တပ်ဖွဲ့ဝင် မိုင်သူဇာကို ပြန်လွှတ်ပေးလိုက်ပြီလို့ သိရ

သြဂုတ်လ ၈ ရက်။ အမျိုးသားညီညွှတ်ရေးအစိုးရ ( NUG) ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ မကွေးတိုင်းအဆင့် ပအဖ၊ ပကဖ ၊ ပလဖ အဖွဲ့ဝင်တွေက ဇူလိုင်လ ၂၉ ရက်နေ့က ဖမ်းဆီးခဲ့တဲ့ ယခင် CDF – Kanpetlet (ယခု CPU / CPA )တပ်ဖွဲ့ဝင်ဖြစ်တဲ့ ရဲမေ မိုင်သူဇာကို သြဂုတ်လ ၇ ရက်နေ့မှာ ပြန်လွှတ်ပေးလိုက်ပြီလို့ တာဝန်ရှိသူတွေဆီကနေ သိရပါတယ်။ CPU / CPA တပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးက “CPU / CPA တပ်ဖွဲ့ဝင်ဖြစ်တဲ့ ရဲမေ မိုင်သူဇာဟာ မနေ့က ပြန်လွတ်လာပြီ ဒီကနေ့မှာ မိခင်တပ်ရင်းကို ပြန်ရောက်လာမှာဖြစ်တယ်၊ ဘာကြောင့် ဖမ်းဆီးတာလဲဆိုတာတော့ စစ်ရေးမှာ နှောက်ယှက်လို့ဆိုပြီးပြောကြတယ်…

Read More

ပလက်ဝမြို့နယ်မှာ လှေအဌားလိုက်တဲ့ ဒေသခံချင်းအမျိုးသား ၄ ဦးကို ULA/AA က ဖမ်းဆီးထားတယ်လို့သိရ

သြဂုတ်လ ၄ ရက်။ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ကုလက်ချောင်းနဲ့ ရှင်းလက်ချောင်းထဲရှိ လှေအဌားလိုက်တဲ့ ဒေသခံချင်းလူမျိုးအမျိုးသား ၄ ဦးကို အာရက္ခတပ်တော် (ULA/AA )က ဇူလိုင်လ ၂၉ ရက်နေ့တွင် မသင်္ကာမှုဖြင့် ဖမ်းဆီးထိန်းသိမ်းထားပြီး ဒီကနေ့ အချိန်ထိ မိသားစုနှင့်လည်း အဆက်အသွယ်မရရှိကြသေးဘူး လို့ ဒေသခံတွေကပြောပါတယ်။ ပလက်ဝဒေသခံတစ်ဦးက “အခုဖမ်းဆီးခံရသူတွေရဲ့ နောက်ဆက်တွဲ ဘာသတင်းမှ မရကြသေးဘူး မိသားစုဝင်တွေဘက်ကရောပေါ့ သူတို့က လှေအဌားလိုက်တဲ့ စီးပွားရေး လုပ်တဲ့သူတွေဖြစ်တယ် KNCP / KPF အဖွဲ့နဲ့ ပက်သက်ပြီး မသင်္ကာလို့ ဖမ်းဆီးတာလည်း ပါမယ် အခုထိတော့ အတိအကျပြောလို့မရပြန်ဘူး သူတို့က အသက် ၄၀ ကျော် အရွယ်ဝန်းကျင်ရှိတဲ့ လူကြီးတွေပါ” လို့ပြောပါတယ်။ ULA/AA က ဖမ်းဆီးထိန်းသိမ်းထားတဲ့…

Read More

စစ်ကော်မရှင်နဲ့ ဆွေးနွေးခဲ့တဲ့ ဖြစ်စဉ်ဟာ ခေါင်းဆောင်ပိုင်းတချို့ရဲ့သဘောဆန္ဒ အလျောက် လုပ်ခဲ့တာဖြစ်ပြီး အဖွဲ့အစည်းရဲ့ ဆုံးဖြတ်ချက် နဲ့ မူဝါဒ လုံးဝ မပါဝင်ဘူးလို့ CNO ထုတ်ပြန်

ဩဂုတ်လ ၃ ရက်။ စစ်ကော်မရှင်ဖွဲ့စည်းထားတဲ့ NSPNC ကိုယ်စားလှယ်တွေနဲ့ ချင်းအမျိုးသားအဖွဲ့ချုပ်(CNO)အကြား တွေ့ဆုံမှုဟာ CNO ေခါင်းဆောင်တချို့က ၄င်းတို့သဘောဆန္ဒအလျောက်ပြုလုပ်ခဲ့ခြင်းသာဖြစ်ပြီး CNOရဲ့တရားဝင်ရပ်တည်ချက် ဆုံးဖြတ်ချက်နဲ့ မှုဝါဒတို့ကို လုံးဝ ကိုယ်စားမပြုတဲ့အကြောင်း CNO က ဒီကနေ့ သြဂုတ်လ ၃ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။ ဇူလိုင်လ ၃၁ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ အာဏာသိမ်းစစ်ခေါင်းဆောင်၊သမ္မတ ဦးမင်းအောင်လှိုင်က ဖလမ်းမြို့နယ် အခြေစိုက် ချင်းအမျိုးသားအဖွဲ့ချုပ် ( CNO ) အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် ၁၃ ဖွဲ့နဲ့ အပစ်ရပ်ဖို့ တွေ့ဆုံဆွေးနွေးနိုင်ခဲ့တယ်လို့ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။ အဆိုပါတွေ့ဆုံခဲ့မှုဟာ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO)ရဲ့ဗဟိုကောင်စီ (Central Council–CC)၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီ (Central Executive Committee–CEC)၊ နိုင်ငံရေး ဦးဆောင်ကော်မတီ (Political…

Read More

ဖလမ်းမြို့မှာ ကျောင်းပညာရေးနဲ့ ကင်းကွာနေတာ ကြာပြီဖြစ်တဲ့ ကလေးတွေအတွက် ပြုလုပ်တဲ့ အရည်ချင်းစစ် စာမေးပွဲ ( Placement Test )နောက်ထပ်တစ်ကြိမ်ပြန်လည်ကျင်းပမယ်

ဩဂုတ်လ ၃ ရက်။ ချင်းပြည်နယ်၊ ဖလမ်းမြို့ အမှတ် (၂) အခြေခံပညာအထက်တန်းကြောင်းမှာ လာမယ့် သြဂုတ် ၉ ရက်နေ့ကစပြီး ကျောင်းပညာရေးနဲ့ ကင်းကွာနေတဲ့ ကလေးငယ်တွေ နဲ့ အရင်က ကျင်းပတဲ့ Placement Test ဖြေဆိုခွင့် မရသူတွေအတွက် Placement Test နောက်တစ်ကြိမ် ပြုလုပ်မှာဖြစ်ပြီး သြဂုတ်လ ၆ ရက်နေ့ နောက်ဆုံးထားပြီး နာမည်စာရင်း ပေးရမှာဖြစ်တယ်လို့ သိရပါတယ်။ ကျောင်းဆရာတစ်ဦးက “ဒီတခေါက်က အရင်က Placement Test လိုမျိုးမဟုတ်ဘဲ မူလတန်းအဆင့် ကျောင်းပြင်ပညာရေး(NFPE) နဲ့ အလယ်တန်းအဆင့် ကျောင်ပြင်ပ ပညာရေး ( NFME) အတွက် ဆိုပြီး ၂ မျိုးခွဲထားတယ် NFPE Level 1 မှာ…

Read More

ချင်းပြည်နယ်တောင်ပိုင်းတိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဘက်က ဗိုလ်မှူး၊ တပ်မှူးအချို့ ကျဆုံးခဲ့ပြီး အကောင်းဆုံး တုံ့ပြန်တိုက်ခိုက်နိုင်ခဲ့ကြတယ်လို့ CPA ထုတ်ပြန်

သြဂုတ်လ ၁ ရက်။ ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်နှင့် ကန်ပက်လက်မြို့နယ်များ အတွင်းသို့ ထိုးစစ်ဆင်နေသော အာဏာသိမ်း စစ်ကော်မရှင်တပ်ဖွဲ့ဘက်က ဗိုလ်မှူးကျော်ဆက် အပါအဝင် တပ်မှူးအချို့ကျဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရသည်အထိ မိမိတို့တပ်ဖွဲ့ဝင်များ အကောင်းဆုံး တုံ့ပြန်တိုက်ခိုက် နိုင်ခဲ့ကြတယ်လို့ ချင်းပြည်သူ့တပ်မတော်(CPA) က ဒီကနေ့ သြဂုတ်လ ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ စစ်ကော်မရှင်တပ်များနှင့် ချင်းပြည်သူ့တပ်မတော်(CPA)နှင့် မဟာမိတ်ပူးပေါင်းတပ်များသည် ဇူလိုင်လကုန်အထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိပြီး ထိုးစစ်များကို မိမိတို့ဖက်မှ ယနေ့တိုင် အကောင်းဆုံး ခုခံတိုက်ခိုက်လျက် ရှိတယ်လို့ ဆိုပါတယ်။ ချင်းပြည်သူ့တပ်မတော် (CPA) နှင့် ချင်းညီ နောင် (CB)အဖွဲ့ဝင်များ၊ ယောဒေသ တပ်များဖြစ်သော (YA)၊ (YDF) အပါအဝင် အခြားသော တော်လှန်ရေးမဟာမိတ်တပ်များနှင့်အတူ လက်တွဲကာ ရွပ်ရွပ်ချွံချွံ ခုခံတိုက်တိုက်ခိုက်လျက်ရှိရာ…

Read More