Headlines

CDF – Lautu နဲ့ MDF နှစ်ဖက်အဖွဲ့အကြားဖြစ်တဲ့တိုက်ပွဲမှာ Chinland Council မပါဘူးလို့ထုတ်ပြန်

ဖေဖော်ဝါရီလ ၁၇ ရက်။ မရာချင်းလူမျိုးစုလက်နက်ကိုင် MDF တပ်ဖွဲ့နဲ့ လောက်တူချင်းလူမျိုးစုလက်နက်ကိုင် CDF – Lautu တပ်ဖွဲ့အကြား ပစ်ခတ်တိုက်ခိုက်နေမှုဟာ နှစ်ဖက်အဖွဲ့အစည်းဖြစ်ပွားနေတဲ့ ပြဿနာဖြစ်ပြီး (Chinland )ကောင်စီအနေနဲ့ တိုက်ခိုက်မှုတွေမှာလည်း ပူးပေါင်းပါဝင်ခြင်း မရှိဘူးလို့ ဒီကနေ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ လက်ရှိချင်းပြည်နယ်အတွင်း (Chinland) ကောင်စီ အဖွဲ့ဝင် CDF -–Lautu နဲ့ ချင်းညီနောင်အဖွဲ့ဝင် MDF အကြား ပစ်ခတ်တိုက်ခိုက်မှုတွေနဲ့ ပက်သက်ပြီး CDF -–Lautu နဲ့ MDF နှစ်ဖက်အဖွဲ့ကြားဖြစ်တဲ့ ပြဿနာဖြစ်ပြီး ချင်းလူမျိုးအချင်းချင်းကြား တိုက်ခိုက်သတ်ဖြတ်မှုတွေကို လက်မခံတဲ့အပြင် စစ်ရေးဖော်ဆောင်မှုတွေနဲ့ တိုက်ခိုက်မှုတွေမှာ ပူးပေါင်းပါဝင်ခြင်းမရှိဘူးလို့ Chinland ကောင်စီက ထုတ်ပြန်ပါတယ်။ CDF – Lautu နဲ့…

Read More

တီးတိန်မြို့နယ် နှင့် တွန်းဇံမြို့နယ် ရှိ ကျေးရွာတချို့မှာ ဝင်ထွက် သွားလာမှု မပြုလုပ်ရန် ZRA-EC မှ ပြည်သူများကိုအသိပေး

ဖေဖော်ဝါရီလ ၁၆ ရက်။ ဖေဖော်ဝါရီလ ၁၅ ရက်နေ့လည်ပိုင်းက တွန်းဇံမြို့နယ် တွီးခိန်းရွာမှာ Zomi Revolutionary Army -Eastern Command(ZRA-EC)တပ်ဖွဲ့က ဖေဖော်ဝါရီလ ၁၆ ရက်နေ့က စတင်ပြီး တီးတိန်မြို့နယ် နှင့် တွန်းဇံမြို့နယ်အတွင်းရှိ ကျေးရွာ တချို့မှာဝင်ထွက်သွားလာမှုများ မပြုလုပ်ရန် သက်ဆိုင်ရာ ဒေသခံပြည်သူများကို အသိပေးခဲ့တယ် လို့ ဒေသခံများထံမှ သိရှိရပါတယ်။ ZRA-EC က အများပြည်သူ ဝင်ထွက်သွားလာဖို့ပိတ်ပင်တဲ့ကျေးရွာတွေ ထဲမှာတော့ Thalmual, Phaiza, Buanli, Dampi, Tuisanzang, Bukphil, Ngente, Darkhai, Tauleng, Ngalbual ရွာတွေ ပါဝင်ပြီး ယင်း ကျေးရွာတွေရဲ့ နယ်မြေကို မည်သည့် အရေးကြီး အကြောင်း ကိစ္စ ကြောင့်မှ ဖြတ်သန်း…

Read More

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးမြို့နယ် သံဖိုရွာနဲ့ ကျော်ရွာက ဒေသခံ စုစုပေါင်း ၁၀ ဦး သေဆုံးကြောင်းသိရ

ဖေဖော်ဝါရီလ ၁၅ ရက်။ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း ကလေး – ဂန့်ဂေါကားလမ်းဘေးမှာ ရှိတဲ့ ချင်းလူမျိုးတွေနေထိုင်တဲ့ သံဖိုရွာနဲ့ ကျော်ရွာကို ယမန်ဖေဖော်ဝါရီလ ၁၄ ရက်နေ့က စစ်ကောင်စီကလေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သားပြည်သူ ၁၀ ဦးသေဆုံးခဲ့ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဒေသခံတစ်ဦးက “သံဖိုနဲ့ကျော်ရွာ ဗုံးကြဲတယ် တစ်ရွာကို ပြည်သူ ၅ ယောက်စီ ဗုံးထိပြီးတော့ သေဆုံးတယ်လို့ပြောတယ် ဝက်တစ်ကောင်ရောသေတယ် ကျားမ၊ အသက်အရွယ်တွေတော့ မသိရသေးဘူး” လို့ပြောပါတယ်။ ချင်းလူမျိုးတွေ နေထိုင်တဲ့ သံဖိုကျေးရွာကို စစ်ကောင်စီဗုံးကြဲလို့ တစ်အိမ်ထဲနေ မြေးအဖိုးနှစ်ယောက်စလုံး ပွဲခြင်းပြီးသေဆုံးခဲ့ရပြီး အဖိုးဖြစ်သူက ဦးခေါင်းပြတ်ထွက်သွားကာ သေဆုံးခဲ့ရပြီး နေအိမ်အတွင်း ဗုံးစထိမှန်သူတချို့လည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အဲဒီအခြေအနေ သိရှိသူ ဒေသခံတွေဆီကနေ သိရပါတယ်။ “ ကလေး ၂…

Read More

ဟားခါးမြို့မှာ စစ်ကောင်စီခန့်ချင်းပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာဝုန်ဆွန်းထန် (၇၇) နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားပြင်ဆင်မှုကြည့်ရူ့စစ်ဆေး

ဖေဖော်ဝါရီလ ၁၄ ရက်။ ချင်းပြည်နယ်၊ဟားခါးမြို့မှာ ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ ကျင်းပမယ့် (၇၇)နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေကို ယမန်နေ့ ဖေ ဖော်ဝါရီလ ၁၃ ရက် နေ့ နံနက် (၉) နာရီခွဲက စစ်ကောင်စီခန့် ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းစစ်ကောင်စီကသတင်းထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဟားခါးမြို့မှာ ကျင်းပခဲ့တဲ့ ချင်းအမျိုးသားနေ့အခမ်းအနားတွေမှာ စစ်ကောင်စီခေါင်း ဆောင် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က တကြိမ်မှာ လာရောက်တက် ရောက်ခဲ့ခြင်းမရှိသေးကြောင်း သိရပါတယ်။ ယခုနှစ် ၂၀၂၅ ဖေ ဖော်ဝါရီ ၂၀ ရက် ဟားခါးမြို့မှာ ကျင်းပမယ့် ချင်းအမျိုးသားနေ့ အခမ်းအနားမှာ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ကိုယ်စား တခြားစစ်ကောင်စီထိပ်ပိုင်းခေါင်းဆောင်တချို့သာ လာ ရောက်ဖွယ်ရှိ ကြောင်း ဟားခါးမြို့ ဒေသခံ၁ဦးဆီကသိရပါတယ်။…

Read More

ကလေးမြို့နယ်မှာ စစ်ကောင်စီက ဗုံးတောက်လျှောက်ကြဲတာကြောင့် နတ်ချောင်းရွာကဒေသခံ ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရ၊တိုက်နယ်ဆေးရုံ အဆောက်အဦးတစ်ခုလုံးပျက်စီးခဲ့ရတယ်လို့ သိရ

ဖေဖော်ဝါရီလ ၁၄ ရက်။ ကလေးမြို့နယ်မှာ အခုရက်ပိုင်းအတွင်း စစ်ကောင်စီက ဗုံး တောက် လျှောက်ကြဲ နေကာ တိုက်ပွဲဖြစ်ပွားတာမရှိတဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း ကလေး – ဂန့်ဂေါကားလမ်းဘေးမှာ ရှိတဲ့ နတ်ချောင်းကျေးရွာက တိုက်နယ်ဆေးရုံကို ဒီကနေ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ မနက်ပိုင်းက လေကြောင်းကနေတိုက်ခိုက်ခဲ့လို့ ဆေးရုံအဆောက်အဦး အားလုံးပျက်စီးခဲ့ရကာ ၊နတ်ချောင်းကျေးရွာကို ယမန်နေ့ကနေ ဒီကနေ့အထိ နှစ်ရက်ဆက်တိုက် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် ဒေသခံ ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း သိရပါတယ်။ ကလေးမြို့နယ်က ဒေသခံတစ်ဦး “ တိုက်ပွဲတွေက ဆက်ဖြစ်နေလို့ ဗုံးကြဲတာတွေလည်း တောက်လျောက်လုပ်နေတာလို့ သိရတာဘဲ နတ်ချောင်းရွာကိုလည်း မနေ့ကစလို့ ဗုံးကြဲတာ ဒီနေ့ မနက်ပိုင်းမှာလည်း ကြဲတယ်လို့ သိရတယ်” လို့ပြောပါတယ်။ ကလေးမြို့နယ်အတွင်းမှာရှိတဲ့…

Read More

ကလေး – ဂန့်ဂေါလမ်းပေါ်က ကမ်းပါးနီတံတားစစ်ကောင်စီတပ်စခန်းကို ဒေသတော်လှန်ရေးတပ်ဖွဲ့က သိမ်းပိုက်၊ စစ်ကောင်စီတပ်ကအများအပြားသေဆုံးခဲ့ကာ လက်နက်အမြောက်များလည်း ရခဲ့တယ်လို့သိရ

ဖေဖော်ဝါရီလ ၁၄ ရက်။ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း ကလေး – ဂန့်ဂေါကားလမ်းပေါ်က ကမ်းပါးနီ တံတားအနီးက စစ်ကောင်စီ တပ်စခန်းကို ဒေသတော်လှန်ရေးအဖွဲ့က ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့ပြီးစစ်ကောင်စီတပ်ကအများအပြားသေဆုံးခဲ့ကာ၊လက်နက် အမြောက်များလည်း သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒေသခံတစ်ဦးက “တော်လှန်ရေးလူတွေကလည်း တင်နေကြတယ်ဆိုတော့ သိမ်းပြီလို့ပြောတယ် ရတဲ့လက်နက်တွေလည်းပြထားတာဆိုတော့ အခုဟာက တခြားဘက်တွေကိုပါ ဆက်လုပ်နေလို့ အဲလောက်လေယာဉ်နဲ့ ဗုံးကြဲနေတယ်လို့ သိရတယ် နတ်ချောင်းရွာကိုလည်း ဒီမနက်ကြဲတယ်လို့ သိရတယ်” လို့ပြောတယ်။ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအစပ်နားမှာတည်ရှိတဲ့ ကမ်းပါးနီတံတားအနီးက စစ်ကောင်စီတပ်စခန်းကို ဒေသခံတော်လှန်ရေးတပ်တွေက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ကစလို့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အများအပြားသေဆုံးခဲ့သလို သုံ့ပန်း၂၀ ကျော်ကိုလည်း ဖမ်းဆီးရမိကာ…

Read More

မတူပီမြို့နယ်မှာ လေကြောင်းအန္တရယ်ကြောင့် လမ်းတွေခဏပိတ်တာလို့ CDF – Matupi (တပ်မဟာ – ၁) ပြော

ဖေဖော်ဝါရီလ ၁၄ ရက်။ မတူပီမြို့နယ်မှာ လမ်းတွေခဏပိတ်ခြင်းဟာ လေကြောင်းအန္တရယ်ကြောင့်ဖြစ်ကြောင်း CDF – Matupi (တပ်မဟာ – ၁) ပြောခွင့်ရှိသူ ကိုဘွေအုပ်ကပြောပါတယ်။ ဖေဖော်ဝါရီ ၁၃ ရက်မှာ CDF – Matupi တပ်ရင်း (၃) ထိိန်းချုပ်တဲ့နေရာမှာ ၅ ကြိမ်မြောက် ကျင်းပပြုလုပ်မယ့် ဧရိယာ (၃) ပြည်သူ့အုပ်ချုပ်ရေး (လူထု)ညီလာခံကို တက်ရောက်လာကြတဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ လူငယ်တွေကို ကျေးရွာခြင်းကြား ဆက်သွယ်သွားလာရာလမ်းမှာ ဂိတ်ချထားတဲ့ CDF – Matupi (တပ်မဟာ – ၁) က သွားလာဖြတ်သန်းခွင့် အကြောင်းမဲ့ ပိတ်ပင်တားဆီးခဲ့တာလို့ CDF – Matupi တပ်ရင်း (၃) နဲ့ ဧရိယာ (၃) ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က…

Read More

ကလေး-ဂန့်ဂေါ လမ်းကကျေးရွာတွေကို စစ်ကောင်စီက လေကြောင်းကနေ အဆက်မပြတ် ဗုံးပတ်ကြဲနေတာကြောင့် ဒေသခံ ၅ ထောင်ကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရ

ဖေဖော်ဝါရီလ ၁၃ ရက်။ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း ကလေး – ဂန့်ဂေါကားလမ်းဘေးမှာ ရှိတဲ့ ကျေးရွာတွေကို ယမန်နေ့ကနေ ဒီကနေ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့အထိ စစ်ကောင်စီတပ်ကလေကြောင်းကအဆက်မပြတ်ဗုံးပတ်ကြဲနေတာကြောင့် ဒေသခံ ၅ ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကလေးဒေသခံတွေဆီကနေ သိရပါတယ်။ ဒေသခံတစ်ဦးပြောတာက “ဂျက်ဖိုက်တာတွေက ခဏလေးပြန်သွားတာမျိုးဘဲရှိတယ် Y -12 က အဓိကကြတယ် လေယာဉ်သေးသေးနဲ့ ဗုံးတွေအများကြီးတင်ပြီးမှ လူနဲ့ပစ်ချတာဆိုတော့ ပတ်ပြီးမှကို ချတယ် တစ်ခါချရအလုံး ၃၀ ၊ ၅၀ ချတယ် သူက အကြာကြီးလည်းပျံနိုင်တာဆိုတော့ မနေ့ညကနေ ဒီကနေ့ထိပေါ့ ကလေးမြို့လေယာဉ်ကွင်းမှာဆင်းပြီးရင် လေယာဉ်ဆီတွေ ဖြည့်ပြီးပြန်တက်ပြီး ပတ်ကြဲနေတာပေါ့ ကလေးတောင်ပိုင်းဘက်က တစ်ရွာထဲလို့ ပြောလို့မရဘဲ အကုန်အနှံကြဲနေတာပေါ့ ထိခိုက်၊ ဒဏ်ရာရတာတော့ သေချာမသိရသေးဘူး” လို့ပြောပါတယ်။…

Read More

မီဇိုရမ်ပြည်နယ်မှာ ပလက်ဝစစ်ဘေးရှောင်တွေကို နေရာသတ်မှတ်ပြီး နေအိမ်ဆောက်လုပ်ခွင့်တွေပေးထားတယ်လို့ သိရ

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်၊ တွီဒန်းကျေးရွာမှာရှိတဲ့ ချင်းပြည်နယ် ပလက်ဝကမြို့နယ်က စစ်ဘေးရှောင်ပြည်သူတွေကို တွီဒန်းကျေးရွာအာဏာပိုင်တွေက နယ်မြေတွေသတ်မှတ်ပေးပြီး နေအိမ်တွေ ဆောက်လုပ်ခွင့်ပေးတယ်လို့ ပလက်ဝကောင်စီရဲ့ လူမှုကယ်ဆယ်ရေးဌာန တာဝန်ခံကပြောပါတယ်။ ပလက်ဝကောင်စီရဲ့ လူမှုကယ်ဆယ်ရေးဌာန တာဝန်ခံက “တီဒန်းကျေးရွာရဲ့ အာဏာပိုင်တွေအနေနဲ့ စစ်ရှောင်တွေရဲ့ဒုက္ခရောက်နေတဲ့ပေါ်မှာ ခြေခံပြီးမှ သူတို့ရဲ့ကျေးရွာရဲ့ အာဏာပိုင်တွေကနေမှ နေရာထိုင်ခင်းပေးတဲ့သဘောပါ အစိုးရက အစီအမံနဲ့ ချပေးတဲ့ သဘောမဟုတ်ဘူး။ ဒီလိုကျေးရွာအာဏာပိုင်တွေ လက်ခံပေးတဲ့ပေါ်မှာ သူတို့သတ်မှတ်ပေးတဲ့နေရာမှာသာ အိမ်ဆောက်ရတဲ့သဘောထားပေါ့ နောက်ပြီး ကိုယ့်အစီအစဉ် ကိုယ်ထူကိုယ်ထနဲ့ဘဲ ကိုယ့်အိမ်ကိုယ့်ယာကို တည်ဆောက်ရတဲ့ အနေထားဖြစ်ပါတယ်” လို့ပြောပါတယ်။ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်၊ တွီဒန်းကျေးရွာမှာ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ကနေ စစ်ဘေးရှောင်လာတဲ့ အိမ်ထောင်စုက ၂၇၃ စုရှိပြီး အမျိုးသား ၅၈၆ ဦး၊ အမျိုးသမီး ၆၇၄ ဦး စုစုပေါင်း…

Read More

စစ်မှုထမ်းဥပဒေကြောင့် ဖမ်းဆီးစုဆောင်းခံရတဲ့ စစ်ကောင်စီတပ်သား ၄ ဦး လက်နက်တွေနဲ့ CNF/A ထံအလင်းဝင်

ဖေဖော်ဝါရီလ ၁၀ ရက်။ ဟားခါး – ထန်တလန်ကြား ခြေကုပ်ယူထားတဲ့ ပွိုင့် – ၃ စခန်းက စစ်မှုထမ်းဥပဒေကြောင့် ဖမ်းဆီးစုဆောင်းခံထားရတဲ့ စစ်ကောင်စီတပ်သားတွေထဲက တပ်သား (၄) ဦးဟာ လက်နက် ခဲယမ်းအပြည့်အစုံနဲ့ ချင်းအမျိုးသားတပ်မတော် (CNA) ထံ အလင်းဝင်ရောက်ခဲ့ပြီး CNA ကလည်း လက်နက် ၁ လက်ကို ကျပ်သိန်း ၅၀ ကျပ်တိတိ ဆုငွေချီးမြင့်ခဲ့တယ်လို့ ချင်းအမျိုးသားတပ်ဦး(CNF/A) ရဲ့သတင်းတွေ ဖော်ပြတဲ့ Chinland Information Center က ဒီကနေ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာထုတ်ပြန်ပါတယ်။ စစ်မှုထမ်းမထမ်းမနေရ ဥပဒေကြောင့် ဖမ်းဆီးစုဆောင်းခံရတဲ့ တပ်သားတွေထဲက (၄) ဦးဟာ ချင်းအမျိုးသားတပ်မတော် (CNA) ထံ လက်နက် (၃) လက်နှင့်…

Read More