Headlines

Chinland Council တာဝန်ရှိသူအချို့နဲ့ စစ်ကောင်စီအကြီးအကဲတစ်ဦးတို့ ဘန်ကောက်မြို့မှာတွေ့ဆုံတဲ့ သတင်းဟာ သတင်းမှားဖြစ်ကြောင်း CNF အတွင်းဝင်ရုံးပြန်လည်တုံ့ပြန်

ဖေဖော်ဝါရီလ ၂၄ ရက်။ Chinland Council (CC), CHRO တာဝန်ရှိသူအချို့နဲ့ စစ်ကောင်စီအကြီးအကဲတစ်ဦးတို့ ဘန်ကောက်မြို့၌ တွေ့ဆုံပြီး သဘောတူညီချက်အချို့ ရယူခဲ့တယ်လို့ “တို့ဌာနေ Zogam သတင်း” အွန်လိုင်းဖေ့ဘုတ်ပေ့ချ် စာမျက်နှာမှာ ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ရေးသားဖော်ပြမှုမှာ သတင်းအမှားသာဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး အတွင်းဝင်ရုံး ( CNF Secretariat Office) အဖွဲ့က ဖေဖော်ဝါရီလ (၂၃) ရက်နေ့မှာပဲ ပြန်လည်တုံ့ပြန်ပါတယ်။ “တို့ဌာနေ Zogam သတင်း” အွန်လိုင်းဖေ့ဘုတ်ပေ့ချ် စာမျက်နှာမှာ “SAC အကြီးအကဲတစ်ဦးနဲ့ Chinland Council (CC), CHRO တာဝန်ရှိသူအချို့ ဘန်ကောက်မြို့၌ တွေ့ဆုံပြီး ကတိကဝတ်များပေးကြ” ဆိုတဲ့ သတင်းခေါင်းစဉ်နဲ့ ဖေဖော်ဝါရီလ (၂၃) ရက်နေ့က ရေးသားထားတာဖြစ်ပါတယ်။…

Read More

ပလက်ဝမြို့နယ်က ကျေးရွာတချို့မှာ လူငယ်တွေကို AA က စစ်မှုထမ်းဖို့ ခေါ်ဆောင်တာတွေ ရှိနေလို့ ဒေသခံလူငယ်တွေ စိုးရိမ်နေရ

ဖေဖော်ဝါရီလ ၂၄ ရက်။ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ရှင်းလက်ဝဒေသက ချင်းလူမျိုးအပါအဝင် ရခိုင်လူငယ် ၅၂ ဦးကို စစ်မှုထမ်းဖို့ အာရက္ခတပ်တော်AA ခန့်အုပ်ချုပ်ရေးမှူးတွေက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ခေါ်ဆောင်သွားတာတွေ လုပ်ခဲ့ပြီးနောက် ဒေသခံလူငယ်တွေ စိုးရိမ်ပူပန်နေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ပလက်ဝဒေသခံတစ်ဦးက “ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ ရှင်းလက်ဝမှာရှိတဲ့ AA ခန့်ကျေးရွာအုပ်ချုပ်ရေးမှူးတွေက ပလက်ဝမြို့ကနေ အုပ်ချုပ်ရေးမှူးတွေလာမယ်ဆိုပြီး လမ်းတွေကိုလည်း ၃ ရက်ပိတ်တယ် ပလက်ဝမြို့က လာတဲ့ အုပ်ချုပ်ရေးမှူးတွေ ၂၁ ရက်နေ့မှာ ရောက်လာတယ် နောက်ပြီး အမျိုးသား ၁၈ ကနေ ၄၅ အရွယ်တွေ စစ်မှုထမ်းဖို့ အစည်းဝေးလုပ်ပြီး…

Read More

ချင်းလူငယ်ဖိုက်တာ ဆလိုင်းဂျွန်မွှတ် ဘန်ကောက်မှာ ထိုးတဲ့ MMA ပွဲမှာ အနိုင်ရရှိ

ဖေဖော်ဝါရီလ ၂၃ ရက်။ ချင်းလူငယ်ဖိုက်တာ ဆလိုင်းဂျွန်မွှတ် (Salai John Hmuak) ဟာ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ည ၇ နာရီမှာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ၊ Bangkok NFC အားကစားကျောင်းမှာ ကျင်းပခဲ့တဲ့ MMA(ဘက်စုံသုံးကိုယ်ခံပညာ) ပြိုင်ပွဲမှာ ပြိုင်ဘက် ထိုင်းလက်ဝှေ့သမားကို အကြိတ်အနယ်ထိုးသတ်ပြီး ဒုတိယအချီမှာ ဒိုင်ပွဲရပ်နဲ့အနိုင်ရရှိခဲ့ပါတယ်။ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ၊ Bangkok NFC အားကစားကျောင်းမှာ ကျင်းပခဲ့တဲ့ MMA (ဘက်စုံသုံးကိုယ်ခံပညာ) ပြိုင်ပွဲအတွက်လည်း ချင်းလူငယ်ဖိုက်တာ ဆလိုင်းဂျွန်မွှတ် (Salai John Hmuak)အနေနဲ့ အကောင်းဆုံးပြင်ဆင်ပြီး ယှဉ်ပြိုင်ခဲ့တာလို့သိရပြီး လက်ရှိ ဆလိုင်းဂျွန်မွှတ်ဟာ MMA ပွဲပေါင်း ၃ ပွဲကစားခဲ့ပြီး ၃ ပွဲစလုံးအနိုင်ရတဲ့ ရလဒ်ကောင်းပိုင်ဆိုင်သွားပြီလဲဖြစ်ပါတယ်။ အသက်…

Read More

မတူပီမြို့နယ်မှာ Chinland Council ကိုထောက်ခံတဲ့ ပြည်သူတွေရဲ့လွတ်လပ်စွာသွားလာခွင့်၊မတူပီမြို့ပေါ်ဝင်ခွင့်တွေကို CDF -Matupi (တပ်မဟာ ၁) က ပိတ်ပင်တယ်လို့ CDF – Matupi (တပ်မဟာ ၂ ) ပြော

ဖေဖော်ဝါရီလ ၂၀ ရက်။ မတူပီမြို့နယ်မှာ Chinland Council (CC) ကိုထောက်ခံတဲ့ ကျေးရွာ နေပြည်သူတွေရဲ့ လွတ်လပ်စွာသွားလာခွင့်နဲ့ အထူးသဖြင့် မတူပီမြို့ပေါ်ဝင်ခွင့်တွေကို CDF-Matupi (တပ်မဟာ ၁)က ပိတ်ပင်တာမျိုးတွေ လုပ်ဆောင်နေတယ်လို့ CDF-Matupi (တပ်မဟာ ၂)က ပြန်ကြားရေးတာဝန်ခံ Ko Nai John Kim ကပြောပါတယ်။ “သူတို့ဘက်ကပိတ်တာက မတူပီနဲ့ ပလက်ဝလမ်းကို သူတို့လူကသွားလို့ရတယ် ချင်းလဲန်းကောင်စီကိုထောက်ခံတဲ့ ပြည်သူတွေကို လွတ်လပ်စွာသွားလာခွင့်မပေးဘူးပေါ့ CB ထောက်ခံသူကိုတော့ လွတ်လပ်စွာသွားလာခွင့်ပေးထားတယ် ဒါပေမယ့် CC ထောက်ခံသူတွေကို လွတ်လပ်စွာသွားလာပိုင်ခွင့်တွေ ဈေးဝယ်ခွင့်တွေပိတ်တာပေါ့ ဘယ်လမ်းကိုပိတ်တယ်ဆိုတာမျိုးမဟုတ်ဘဲ CC ထောက်ခံသူတွေက ဘယ်လမ်းကိုမဆို လွတ်လပ်စွာသွားလာပိုင်ခွင့်မရှိဘူး ဈေးဝယ်ခွင့်တွေမရှိဘူး အဓိကတော့ မြို့ပေါ်တက်ခွင့်၊ ဝင်ခွင့်လုံးဝမပေးဘူး” Ko Nai John Kim…

Read More

မရာလူမျိုးတွေရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို နိုင်ငံရေးနည်းလမ်းနဲ့ အတတ်နိုင်ဆုံး ချဉ်းကပ်ဖြေရှင်းဖို့ ကြိုးစားသွားမယ်လို့ MTC ထုတ်ပြန်

ဖေဖော်ဝါရီလ ၂၁ ရက်။ မရာနယ်မြေလုံခြုံရေးနဲ့ နယ်မြေကျူးကျော်မှုတွေ ရန်လိုဗိုလ်ကျစိုမိုးဖို့ ကြိုစားမှုမှန်သမျှတွေကို အစဉ်အမြဲတားဆီးကာကွယ်မှာဖြစ်သလို မရာလူမျိုးတွေရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကိုလည်း နိုင်ငံရေးနည်းလမ်းနဲ့ အတတ်နိုင်ဆုံး ချဉ်းကပ်ဖြေရှင်းဖို့ ကြိုးစားသွားမယ်လို့ တတိယအကြိမ် မရာပြည်သူ့ ညီလာခံ ဘုံသဘောတူညီချက်ကို ဒီကနေ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ (MTC/MDF) ကထုတ်ပြန်ပါတယ်။ တတိယအကြိမ် မရာပြည်သူ့ညီလာခံကို မရာကျေးရွာ ၄၃ ရွာနဲ့ လိုင်လင်းပီမြို့ အပါအဝင် ပြည်တွင်းပြည်ပက လူထုကိုယ်စားလှယ်များ၊ အထူးဖိတ်ကြားထားသူများ၊မဟာမိတ်မှကိုယ်စားလှယ်များ၊ စောင့်ကြည့်လေ့လာသူတွေအပါအဝင် စုစုပေါင်း လူဦးရေ ၃၀၀ ကျော် တက်ရောက်ခဲ့ပြီး ညီလာခံကို ကျင်းပခဲ့တယ်လို့ MTC ကထုတ်ပြန်ပါတယ်။ အဲဒီညီလာခံမှာ ချင်းအမျိုးသားတပ်ဦး (CNF/CNA) ဦးဆောင်တဲ့ ချင်းပြည်ကောင်စီတပ်ပေါင်းစုက မရာနယ်မြေကို ကျူးကျော်ခြင်း၊ MDF တပ်စခန်းတွေကို အင်အားအလုံးအရင်းနဲ့…

Read More

ကလေးမြို့နယ်က ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့တစ်နေရာကို စစ်ကောင်စီကလေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ အရပ်သား ၃ ဦးသေဆုံးပြီး၊ ၃ ဦးထိခိုက်ဒဏ်ရာရ

ဖေဖော်ဝါရီလ ၂၁ ရက်။ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းက ပြည်သူတွေနဲ့ ပြည်သူ့ရဲဘော်တွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ ဆောင်ရွက်ပေးနေတဲ့ People’s Healthcare Network Kalay (PHN –Kalay) ရဲ့ Medical Centre (4) ကို စစ်ကောင်စီက ဖေဖော်ဝါရီလ ၁၄ ရက်နေ့က လေကြောင်းတိုက်ခိုက်ခဲ့လို့ အရပ်သားပြည်သူ ၃ ဦးသေဆုံးခဲ့ရပြီး ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ PHN – kalay ကဒီကနေ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ဖေဖော်ဝါရီလလ ၁၄ ရက်နေ့ ညနေ ခြောက်နာရီဝန်းကျင်မှာ ထိခိုက်ဒဏ်ရာရရှိတဲ့ ပြည်သူတွေကို အရေးပေါ်ခွဲစိတ်ကုသမှုတွေ ဆောင်ရွက်နေစဉ် စစ်ကောင်စီကလေကြောင်းကနေ ထပ်မံ တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီရဲ့ အရပ်သားပစ်မှတ်ကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ဖျက်ဆီးလျက်ရှိတဲ့…

Read More

ဖလမ်းချင်းစကားကနေ အင်္ဂလိပ် ၊ အင်္ဂလိပ်ကနေ ဖလမ်းချင်း ဘာသာပြန်တာတွေကို Website နဲ့ Facebook Messenger မှာလုပ်လို့ရပြီလို့သိရ

ဖေဖော်ဝါရီလ ၂၀ ရက်။ ချင်းဘာသာစကား၁ခုဖြစ်တဲ့ ဖလမ်းချင်းဘာသာစကား ကနေ အင်္ဂလိပ်ဘာသာစကား ဘာသာပြန်တာတွေကို Website နဲ့ Facebook Messenger တို့ကနေ အသုံးပြုလို့ရပြီလို့ ဖလမ်း/အင်္ဂလိပ်တို့ကို ဘာသာပြန်လုပ်လို့ရအောင် တီထွင်လုပ်ဆောင်ခဲ့တဲ့ Salai Nung Lian Sum ကပြောပါတယ်။ ဖလမ်း၊ အင်္ဂလိပ် ဘာသာပြန်နည်းပညာကို တီထွင်လုပ်ဆောင်သူ Nung Lian Sum က “ဖလမ်းဘာသာစကား ကနေ အင်္ဂလိပ်ဘာသာစကား ၊ အင်္ဂလိပ်ဘာသာစကား ကနေ ဖလမ်းဘာသာစကား ဘာသာပြန်လို့ ရပါတယ် လက်ရှိ Website နဲ့ facebook Page မက်ဆင်ဂျာကနေ အသုံးပြုလို့ရပါတယ်။ အစောပိုင်းထုတ်တဲ့ ဗားရှင်းဆိုတော့ တစ်ခါ ရိုက်ရင် စာလုံး ၅၀ ကန့်သက်လုပ်ထားပါတယ် နောက်အဆင့်မြှင့်မှသာ စာကြောင်းရှည်ရပါမယ်…

Read More

လူမျိုးစွဲ၊ဒေသစွဲ၊အစုအဖွဲ့စွဲ၊ပါတီစွဲ ကင်းကင်းနဲ့ တော်လှန်ရေးအင်အားစုတွေကြား ယုံကြည်မှုတည်ဆောက်ကာ အတူတကွ တိုက်ပွဲဝင်ကြဖို့ CNF ထုတ်ပြန်

ဖေဖော်ဝါရီလ ၂၀ ရက်။ လက်ရှိချင်းပြည်(Chinland)၏ စစ်ရေး၊ နိုင်ငံရေး ပကတိအနေအထားကို အလေးဂရုပြုပြီး လူမျိုးစွဲ၊ ဒေသစွဲ၊ အစုအဖွဲ့စွဲ၊ ပါတီစွဲ ကင်းကင်းဖြင့် အဓိကနဲ့ သာမည ခွဲခြမ်းစိတ်ဖြာပြီး တော်လှန်ရေးအင်အားစုတွေကြား ခိုင်မာတဲ့ ယုံကြည်မှုတည်ဆောက်ကာ အတူတကွ တိုက်ပွဲဝင်သွားကြရန် ဒီကနေ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ ကျရောက်တဲ့ (၇၇) နှစ်မြောက် ချင်းအမျိုးသားနေ့မှာ ချင်းအမျိုးသားတပ်ဦး (CNF/CNA) ကတိုက်တွန်းနှိုးဆော်ထားပါတယ်။ အတိတ်ကာလက ဖြတ်သန်းခံစားခဲ့ကြရတဲ့ နိုင်ငံရေးဆုံးရှုံးမှုတွေကို သင်ခန်းစာယူလျက် ပိုမိုခါးသီးတဲ့ အာဏာရှင်စနစ် ဆိုးမွေတွေကို အနာဂါတ်မျိုးဆက်တွေ ပြန်လည်မခံစားစေဖို့ အရေးသည် မိမိတို့ပခုံးပေါ်ကျရောက်လာနေပြီဖြစ်သည်နဲ့အညီ ချင်းပြည်နယ်အတွင်း လက်ရှိ နိုင်ငံရေး၊ စစ်ရေးကို အလေးဂရုပြုပြီး လူမျိုး၊ဒေသ၊ပါတီ အစွဲကင်းကင်းနဲ့ အတူတကွ တိုက်ပွဲဝင်သွားကြရန်နဲ့ ဒီကနေ့ ကျရောက်တဲ့ (၇၇)…

Read More

မီဇိုရမ်ပြည်မှာ ကျင်းပမယ့် ချင်းအမျိုးသားနေ့မှာ မီဇိုရမ်ဝန်ကြီးချုပ်၊Chinland Council နဲ့ ချင်းညီနောင်အဖွဲ့တို့ကို ဖိတ်ကြားထားကြောင်းသိရ

ဖေဖော်ဝါရီလ ၁၉ ရက်။ ချင်းအရပ်ဖက်အဖွဲ့အစည်း (Chin Pawlpi)က ဦးဆောင်ပြီးတော့ မနက်ဖြန်ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ညနေ ၆ နာရီခွဲမှာ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့က Dawrpui Multipurpose Centreမှာ (၇၇) နှစ်မြောက် ချင်းအမျိုးသားနေ့ကို ကျင်းပမှာဖြစ်ပြီး အဆိုပါအခမ်းအနားမှာ မီဇိုရမ်ဝန်ကြီးချုပ်၊Chinland Council နဲ့ ချင်းညီနောင်အဖွဲ့ကိုလည်း ဖိတ်ကြားထားတယ်လို့ အခမ်းအနားစီစဉ်သူတွေဆီကသိရပါတယ်။ မနက်ဖြန်ကျင်းပမယ့် ချင်းအမျိုးသားနေ့ အခမ်းအနားမှာ မီဇိုရမ်ပြည်နယ်အစိုးရအဖွဲ့၊ချင်းညီနောင်အဖွဲ့ရဲ့ အလှည့်ကျ သဘာပတိ ၁ ဦးနဲ့Chinland Council က ဦးဆောင်သူ၁ဦး တို့အမှာစကားပြောကြားမှာဖြစ်တယ်လို့လည်း သိရပါတယ်။ ချင်းညီနောင်အဖွဲ့ဝင် ချင်းအမျိုးသားအဖွဲ့ချုပ် CNO/CNDF ဒုဥက္ကဌ (၁) ဆလိုင်းပီတာထန်းက “Chin Pawlpi လို့ခေါ်တဲ့ ချင်းအရပ်ဖက်အဖွဲ့အစည်းက ဦးဆောင်တဲ့ အခမ်းအနားပါ…

Read More

ကလေး-ဂန့်ဂေါ လမ်းပေါ်က စစ်ကောင်စီတပ်စခန်း ၄ ခုကို တော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်ခဲ့ပြီး၊စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုတွေ ဆက်လုပ်နေ

ဖေဖော်ဝါရီလ ၁၈ ရက်။ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း၊ ကလေး-ဂန့်ဂေါကားလမ်းမပေါ်ကကမ်းပါးနီတံတားတပ်စခန်း၊မှန်တော၊ အောင်သာယာ နဲ့ နဂါးမောက်ခြံ ကျေးရွာက စစ်ကောင်စီတပ်စခန်း ၄ ခုကို CDF – KKG(Kalay-Kabaw-Gangaw) ပါဝင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက ဖေဖော်ဝါရီလ ၁၁ ရက်နေ့ကနေ ဖေဖော်ဝါရီလ ၁၇ ရက်အထိ ၁ ပတ်အတွင်း ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုတွေ ဆက်လုပ်နေတယ်လို့ CDF – KKG ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။ CDF – KKG ကပြောရေးဆိုခွင့်ရှိသူတစ်ဦးက “စစ်ကောင်စီတပ်ရဲ့ ကမ်းပါးနီ အထိုင်စခန်းကြီးတစ်ခု၊ အသေးလေးတွေက ၃ ခုကို သိမ်းပိုက်နိုင်ပြီ အဲဒီတိုက်ပွဲအတွင်း စစ်သုံ့ပန်း ၁ ဦးဖမ်းဆီးရမိတယ် သိမ်းဆည်းရမိတဲ့လက်နက်တွေကတော့ စိစစ်လို့မရသေးဘူး တိုက်ပွဲတွေက လက်ရှိငြိမ်နေပါတယ် ဒါပေမယ့် လေကြောင်းတိုက်ခိုက်မှုတွေတော့…

Read More