Headlines

ချင်းလက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာလည်း ရွေးကောက်ပွဲလုပ်မယ်လို့ ထုတ်ပြန်

ဩဂုတ်လ ၁၆ ရက်။ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလမှာ အာဏာသိမ်းစစ်ကောင်စီက ကျင်းပမယ့် ပါတီစုံ ရွေးကောက်ပွဲမှာ ချင်းလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မြို့နယ်အများစုပါဝင်တဲ့ ချင်းပြည်နယ်ရဲ့ မြို့နယ် ၉ မြို့နယ်စလုံးကို လွှတ်တော် ၃ ရပ်အတွက် မဲဆန္ဒနယ်များအဖြစ် သတ်မှတ်တဲ့အကြောင်း အာဏာသိမ်းစစ်ကော်မရှင်ခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သြဂုတ်လ ၁၅ ရက်နေ့က ထုတ်ပြန်ပါတယ်။ မြို့နယ် ၉ မြို့နယ်ရှိတဲ့ ချင်းပြည်နယ်မှာ ပြည်သူ့၊အမျိုးသား၊ပြည်နယ်လွှတ်တော် လွှတ်တော် ၃ ရပ်အတွက် မဲဆန္ဒနယ်များအဖြစ် တီးတိန်မြို့နယ်၊ တွန်းဇံမြို့နယ်၊ ပလက်ဝမြို့နယ်၊ ဖလမ်းမြို့နယ်၊ မတူပီမြို့နယ်၊ ကန်ပက်လက်မြို့နယ်၊ မင်းတပ်မြို့နယ်၊ ထန်တလန်မြို့နယ်၊ ဟားခါးမြို့နယ် တို့ကိုသတ်မှတ်ထားပါတယ်။ ချင်းပြည်နယ်က မြို့နယ် ၉ မြို့နယ်ထဲမှာ ဟားခါးမြို့ နဲ့ တီးတိန်မြို့ ကိုသာ…

Read Full News

ချင်းအမျိုးသမီးတွေအပေါ် မုဒိန်းကျင့်ခြင်းအပါဝင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး အချက်အလက် စုဆောင်းနေတယ်လို့ IIMM က ဆို

သြဂုတ်လ ၁၄ ရက်။ ချင်းအမျိုးသမီးတွေအပေါ် မုဒိန်းကျင့်ခြင်းအပါဝင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေနဲ့ ပက်သက်ပြီး အချက်အလက်တွေ ဆက်လက် စုဆောင်းနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှု ယန္တရား Independent Investigative Mechanism for Myanmar ( IIMM) ရဲ့ သြဂုတ်လ ၁၃ ရက်နေ့က ထုတ်ပြန်တဲ့ အာရက္ခတပ်တော် ( AA) နဲ့ မြန်မာစစ်တပ်တို့က ကျူးလွန်တယ်လို့ စွပ်စွဲထားတဲ့ ရာဇဝတ်မှုတွေကို စုံစမ်းထားတဲ့ သတ္တမမြောက် နှစ်ပတ်လည် အစီရင်ခံစာမှာ ပါရှိပါတယ်။ IIMM ရဲ့အစီရင်ခံစာထဲမှာ အာရက္ခတပ်တော်( AA)က ကျူးလွန်တယ်လို့ စွပ်စွဲထားတဲ့ ရာဇဝတ်မှုတွေကို စတင်စုံစမ်းခဲ့ သည့်အပြင် ချင်းအမျိုးသမီးတွေကို မုဒိမ်းကျင့်ခြင်းအပါအဝင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေနဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေကိုလည်း…

Read Full News

ထန်တလန်မြို့နယ်မှာ အတော်ကြီးတဲ့ ရှားပါးဝက်ဝံတစ်ကောင်ကို ရွာသားများက ထောင်ချောက်ဆင် ဖမ်းမိ

သြဂုတ်လ ၁၃ ရက်။ ချင်းပြည်နယ်၊ထန်တလန်မြို့နယ်က ကျေးရွာတစ်ရွာမှာ အတော်ကြီးတဲ့ ရှားပါး ဝက်ဝံတစ်ကောင်ကို ရွာသားများက ထောင်ချောက်ဆင်ဖမ်းမိပြီး ရိုးရာတူမီးသေနတ်နဲ့ ပစ်သတ်ခဲ့တဲ့ အကြောင်းကို ဆိုရှယ်မီဒီယာအကောင့်ပိုင်ရှင် Ctling ကနေ “မှတ်တမ်းတစ်ခုအဖြစ်” ဆိုကာ ဩဂုတ်လ (၁၁) ရက်နေ့က Facebook ပေါ်တင်ခဲ့တာကို လူအများက စိတ်ဝင်တစ်စား မှတ်ချက်မျိုးစုံ ပေးခဲ့ကြပါတယ်။ Facebook မှာ တင်ထားတဲ့ သေဆုံးပြီဖြစ်တဲ့ ရှားပါး ဝက်ဝံ ခန္ဓာ ကို ရွာသားတွေက ဝိုင်းရံကြည့်ရှုကြတဲ့ ဗီဒီယိုမှာ အကောင့်ပိုင်ရှင်ကလည်း “မှတ်တမ်းဝင်ပဲ၊ ငယ်ငယ်ကတည်းက ဒီလောက်ကြီးတဲ့ ဝတ်ဝံမမြင်ဖူးဘူး။ လုံးပတ်လည် ၃၅ လက်မဝန်းကျင် (sum 6) ရှိမယ်လို့ ရေးတင်ခဲ့တာဖြစ်ပါတယ်။ Facebook ပေါ်တက်လာတဲ့ Video Post မှာ…

Read Full News

ပလက်ဝမြို့နယ်အား ရခိုင်ပြည်နယ်၏ ခရိုင်တစ်ခုအဖြစ် တရားဝင်ပြောဆိုခြင်း၊ ပလက်ဝမြို့နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများမရှိ ငြင်းဆိုမှုတို့ကို ပလက်ဝအဖွဲ့အစည်းများမှ ပြင်းထန်စွာကန့်ကွက်

ဩဂုတ်လ ၁၃ ရက်။ သြဂုတ်လ (၁၁) ရက်နေ့တွင်ကျင်းပခဲ့သော ULA/AA ၏ (၁၀) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှာ ပလက်ဝမြို့နယ်အား ရခိုင်ပြည်နယ်၏ ခရိုင်တစ်ခုအဖြစ် တရားဝင်ပြောဆိုခြင်း၊ ပလက်ဝမြို့နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများ မရှိဟု ငြင်းဆိုမှုတို့ကို ပလက်ဝမြို့နယ်အဖွဲ့အစည်းများဖြစ်တဲ့ Global Khumi Organization (GKO) နှင့် နိုင်ငံတကာခူမီးလူငယ်များအသင်း(GKYA) မှ ပြင်းထန်စွာကန့်ကွက်ကြောင်း ဩဂုတ်လ ၁၂ ရက်မှာ ပူးတွဲထုတ်ပြန်ပါတယ်။ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နှင့်ပတ်သက်ပြီး အာရက္ခပြည်သူ့အစိုးရ၏ နိုင်ရေးရပ်တည်ချက်နှင့် အုပ်ချုပ်ရေးယန္တရား အကောင်အထည်ဖော်ဆောင်ရွက်မှုတွေကို ပလက်ဝပြည်သူလူထုက မည်သည့်အခါကမျှ လက်ခံခြင်းမရှိခဲ့ဘူးလို့ Global Khumi Organization (GKO) နှင့် နိုင်ငံတကာခူမီးလူငယ်များ အသင်း(GKYA) တို့ရဲ့ ပူးတွဲထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သော နွေဦးတော်လှန်ရေး၏ အရှိန်အဝါကိုအကြောင်းပြု၍ ဒေသခံဌာနေချင်းတိုင်းရင်းသားပြည်သူလူထု၏…

Read Full News

ပလက်၀မြို့ကို ULA/AA မှ ခရိုင်အဖြစ်တိုးချဲ့ပြီး အုပ်ချုပ်ရေးဖော်ဆော်မှုသည် ကိုလိုနီပြုခြင်းဖြစ်ကြောင်း Chin Civic Movement ထုတ်ပြန်

ဩဂုတ်လ ၁၂ ရက်။ ပြည်သူတရပ်လုံးဆင်နွဲနေသည့် အာဏာရှင် တော်လှန်ရေးလမ်းခုလတ်တွင် ဒေသခံချင်းပြည်သူများ၏ ဆန္ဒမပါသည့် ULA/AA မှ ၄င်းသိမ်းပိုက်ရရှိသော ပလက်၀မြို့အား ခရိုင်တစ်ခုအဖြစ်တိုးချဲ့ကာ အုပ်ချုပ်ရေးဖော်ဆောင်လျက်ရှိကြောင်း ULA/AA ပြော‌ရေးဆိုခွင့်ရှိသူ ခိုင်သုခမှ ဩဂုတ်လ ၁၁ ရက်နေ့ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာပြောဆိုမှုသည် ချင်းပြည်သူများအပေါ် ကိုလိုနီပြုတဲ့ လုပ်ရပ်အဖြစ်ရှုမြင်သဖြင့် များစွာစိတ်ပျက်ရကြောင်း ချင်းအရပ်ဖက်လူမှုအဖွဲ့အစည်း ခေါင်းဆောင်များ ပူးပေါင်းပါ၀င်တဲ့ Chin Civic Movement (CCM) ကဩဂုတ်လ (၁၂) ရက်နေ့မှာ သဘောထားထုတ်ပြန်ပါတယ်။ CCM ရဲ့ထုတ်ပြန်ချက်မှာ “ချင်းအမျိုးသားရေးနှင့် ချင်းပြည်တည်ဆောက်ရေးအား ကိုယ်စားပြုမဟုတ်သော မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းဖြစ်စေ၊ လူမျိုးကိုယ်စားပြု အဖွဲ့အစည်းဖြစ်စေ ဖက်ဒရယ်ဒီမိုကရေစီ စံချိန်စံညွှန်းများနှင့် သွေဖီနေသော အုပ်ချုပ်ရေးဖော်ဆောင်မှုများကို မိမိတို့ CCM အနေဖြင့် လက်ခံ အသိအမှတ်ပြုမည် မဟုတ်ကြောင်း…

Read Full News

Voices in Peace မှ ချင်းငြိမ်းချမ်းရေး ကာတွန်း၊ ပိုစတာဒီဇိုင်း၊ ပန်းချီ ပြိုင်ပွဲမှာပါ၀င်ရန်ဖိတ်ခေါ်

သြဂုတ်လ ၁၂ ရက်။ ပြည်သူများ၏ ငြိမ်းချမ်းရေးလိုလားမှုအား အနုပညာ လက်ရာများမှ တဆင့် သက်ဆိုင်ရာ ပုဂ္ဂိုလ်များထံ ကြားသိစေရန်ရည်ရွယ်၍ ငြိမ်းချမ်းရေး ကာတွန်း၊ ပိုစတာဒီဇိုင်း၊ ပန်းချီ ဖိတ်ခေါ်ပြိုင်ပွဲကို Voices in Peace (VIP) မှ ဩဂုတ်လ (၁၂) ရက်နေ့မှာစတင်ကြောင်း ၄င်း၏ လူမှုကွန်ယက်စာမျက်နှာမှာ ပြိုင်ပွဲ၀င်ရန်ဖိတ်ခေါ်ကြေငြာပါတယ်။ ပြိုင်ပွဲ၏ ရည်ရွယ်ချက်များတွင် ချင်းလူမျိုးအချင်းချင်းအကြား ပဋိပက္ခ ဖြစ်ပွားမှုကိုမလိုလားတဲ့ ချင်းငြိမ်းချမ်းရေးအား စကားလုံးများဖြင့် မပြောပြတတ်သူများ/ အခွင့်မရကြသူများအတွက် ပုံများ၊ အရုပ်များဖြင့် ဖော်ပြနိုင်ကြစေရန်၊ ပြည်သူများ၏ ငြိမ်းချမ်းရေးလိုလားမှုအား အနုပညာ လက်ရာများမှ တဆင့် သက်ဆိုင်ရာ ပုဂ္ဂိုလ်များထံ ကြားသိစေရန်နဲ့ ပိုထိရောက်သော ငြိမ်းချမ်းရေး သတင်းစကားပြန့်ပွားစေရန် ရည်ရွယ်ထားတာဖြစ်တယ်လို့ ပြိုင်ပွဲကျင်းပရေးကော်မတီ ကထုတ်ပြန်ထားပါတယ်။ ငြိမ်းချမ်းရေး ကာတွန်း/ပိုစတာဒီဇိုင်း/ပန်းချီပြိုင်ပွဲ…

Read Full News

ပလက်ဝမြို့နယ်ကို AA ထိန်းချုပ်ပြီးနောက် တရားဥပဒေစိုးမိုးရေးအားကောင်းလာတယ်လို့ ပြောဆိုမှုဟာ မြေပြင် အခြေအနေနဲ့ ကွာဟ နေတယ်လို့ GKO က တုန့်ပြန်

သြဂုတ်လ ၁၁ ရက်။ ချင်းပြည်နယ်၊ပလက်ဝမြို့နယ်ကို အာရက္ခတပ်တော် ( ULA / AA) ထိန်းချုပ်လိုက်ပြီးနောက် တရားဥပဒေစိုးမိုးရေး ပိုပြီးတော့ အားကောင်းလာသလို မှုခင်းတွေလည်း ကျဆင်းလာတယ်လို့ ဒီကနေ့ သြဂုတ်လ ၁၁ ရက်နေ့မှာ ပြုလုပ်တဲ့ အာရက္ခပြည်သူ့တော်လှန်ရေး အစိုးရ၏ ၁၀ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှာ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခရဲ့ပြောကြားမှုဟာ မြေပြင် အခြေအနေနဲ့ ကွာဟ နေတယ်လို့ ဒေသခံခူမီးချင်းမျိုးနွယ်စုအဖွဲ့ဖြစ်တဲ့ Global Khumi Organization (GKO) ဘက်က Chin World Media မှာ တုန့်ပြန်ထားပါတယ်။ ULA / AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက “မြေပြင်မှာ အမှန်တကယ်ဖြစ်နေတာက ဒေသခံတွေပြည်သူတွေဟာ ကျနော်တို့ အစိုးရ အုပ်ချုပ်ပြီးနောက်ပိုင်း…

Read Full News

CDF-Mara နဲ့ MDF တို့အကြားဖြစ်တဲ့ တိုက်ပွဲမှာ အာရက္ခတပ်တော်(AA) လုံးဝပါဝင်ပတ်သက်တာမရှိကြောင်း ULA/AA ပြော

ဩဂုတ်လ ၁၁ ရက်။ ချင်းလက်နက်ကိုင် ၂ ဖွဲ့ဖြစ်တဲ့ IMC / CDF – Mara တပ်ဖွဲ့နဲ့ MTC / Mara Defense Force ( MDF) တို့အကြား ဖြစ်တဲ့ တိုက်ပွဲပဋိပက္ခတွေမှာ CDF-Mara ထုတ်ပြန်ထားသကဲ့သို့ အာရက္ခတပ်တော်(AA)အနေနဲ့ လုံးဝ ပါဝင်ပတ်သက်ခြင်းမရှိဘူးလို့ ဒီကနေ့ သြဂုတ်လ ၁၁ ရက်နေ့မှာ ကျင်းပပြုလုပ်တဲ့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA) ရဲ့ (၁၀) ကြိမ်မြောက်သတင်းစာရှင်းလင်းပွဲမှာ ULA / AA ရဲ့ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောပါတယ်။ ULA / AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက “မရာနယ်မြေမှာ MDF ဘက်ကနေပြီး AA က စစ်ကူတိုက်တယ်ဆိုပြီး ဒီစွပ်စွဲချက်က အခြေအမြစ်မဲ့တဲ့…

Read Full News

ပလက်၀‌ဒေသခံများနဲ့ပတ်သက်ပြီး ULA/AA ကို တောင်းဆိုချက် (၄) ချက် တောင်းဆိုကြောင်း CHRO ထုတ်ပြန်

ဩဂုတ်လ ၉ ရက်။ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က ချင်းပြည်နယ်၊ပလက်ဝမြို့နယ်ဒေသခံပြည်သူများနဲ့ပတ်သက်ပြီး ပလက်ဝ‌ဒေသအား ထိန်းချုပ်ထားတဲ့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA) ကို တောင်းဆိုချက် ၄ ချက် တောင်းဆိုကြောင်း ဒီကနေ့ ဩဂုတ်လ (၉) ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ဌာနတိုင်းရင်းသားများနေ့ (International Day of the World’s Indigenous Peoples) မှာထုတ်ပြန်ပါတယ်။ CHRO ရဲ့ အဆိုပါတောင်းဆိုချက် ၄ ချက်ကတော့ “ပလက်ဝရှိ ဌာနေတိုင်းရင်းသားများအား အတင်းအဓမ္မပေါင်းစည်းမှု၊ ယဉ်ကျေးမှုဖိနှိပ်မှုနှင့် ပိုင်ဆိုင်မှုဖယ်ရှားမှုဆိုင်ရာလုပ်ရပ်များ ချက်ချင်းရပ်တန့်ရေး၊ ဒေသခံအသိုက်အဝန်းများ၏ ယဉ်ကျေးမှု၊ နိုင်ငံရေးနှင့် စီးပွားရေးအခွင့်အရေးများကို အပြည့်အဝလေးစားရေး၊ အမျိုးသမီးများ၊ ကလေးသူငယ်များနှင့် လူထုခေါင်းဆောင်များကို အကြမ်းဖက်မှု၊ အမြတ်ထုတ်မှုနှင့် ခြိမ်းခြောက်မှုများမှ ကာကွယ်ပေးရေး၊ မိမိတို့၏ ကိစ္စရပ်များကို…

Read Full News

CSARN မှ ချင်းအမျိုးသမီး ၈ ယောက်အတွက် အမေရိကန်ဒေါ်လာ ၂,၀၀၀ တန် Research Fellowship များ ပေးအပ်မည်

( ချင်းအမျိုးသမီးများအတွက် ထူးခြားသောအခွင့်အလမ်း ) Chin State Academic Research Network (CSARN) မှ ယခုအပတ် အတွင်း ထုတ်ပြန်ချက်အရ ချင်းပြည်နယ်မှ အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းရှိ ချင်းအမျိုးသမီး ၈ ယောက်အတွက် ၁ ဦးလျှင် အမေရိကန်ဒေါ်လာ (USD) ၂,၀၀၀ စီ တန်ဖိုးရှိသော Research Fellowship များ ပေးအပ်မည်ဖြစ်ကြောင်း သိရှိရပါတယ်။ CSARN) မှ ခေါ်ယူနေတဲ့ Research Fellowship များအတွက် ရွေးချယ်ခံရမယ့် ချင်းပြည်နယ်မှ အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းရှိ ချင်းအမျိုးသမီး ၈ ယောက်အတွက် ၁ ဦးလျှင် အမေရိကန်ဒေါ်လာ (USD)…

Read Full News