Headlines

ဟားခါးမြို့သိမ်းတိုက်ပွဲဆင်နွှဲဖို့အတွက် လူငယ်တွေ လာရောက်ပူးပေါင်းကြဖို့ CDF – Hakha ထုတ်ပြန်

ဧပြီလ ၂၃ ရက်။ ချင်းပြည်နယ်မြို့တော် ဟားခါးမြို့သိမ်းတိုက်ပွဲဆင်နွှဲဖို့အတွက် လူငယ်တွေ CDF – Hakha တပ်ဖွဲ့မှာ လာရောက်ပူးပေါင်းကြဖို့ ဟားခါးမြို့နယ်အခြေစိုက် ချင်းလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ CDF – Hakha က ဒီကနေ့ ဧပြီလ ၂၃ ရက်နေ့မှာ အသိပေးထုတ်ပြန်ထားပါတယ်။ မိဘတွေအနေနဲ့လည်း ဟားခါးမြို့တော်သိမ်းတိုက်ပွဲမှာ သင့်ကလေးတွေ ပါဝင်ဖို့တိုက်တွန်းကြဖို့နဲ့ တိုင်းပြည်နဲ့ လူမျိုး လွတ်မြောက်ရေးဟာ အားလုံးရဲ့တာဝန်ဖြစ်တဲ့အကြောင်းကိုလည်း CDF – Hakha ကအသိပေးထားပါတယ်။ လူငယ်တွေအနေနဲ့ CDF – Hakha တပ်ဖွဲ့မှာ အချိန်ပြည့်တပ်ဖွဲ့ဝင်အဖြစ်ပါဝင်နိုင်သလို၊ အချိန်ပြည့်မပါဝင်နိုင်ပါကလည်း အရံတပ်ဖွဲ့ဝင်အဖြစ်ပါဝင်နိုင်တယ်လို့လည်း CDF – Hakha က ဆိုပါတယ်။ ချင်းပြည်နယ်မှာ မြို့တော်ဟားခါး၊ ထန်တလန်မြို့ နဲ့ တီးတိန်မြို့ကိုသာ စစ်ကောင်စီက ထိန်းချုပ်ထားနိုင်ပြီး ကျန်တဲ့…

Read More

ZRA တပ်ဖွဲ့ထောင်တဲ့ မိုင်းနင်းမိလို့ CDF – Hualngoram တပ်သားတစ်ဦး ကျဆုံးခဲ့တယ်လို့ သိရ

ဧပြီလ ၂၃ ရက်။ ပြီးခဲ့တဲ့ ဧပြီလ ၂၀ ရက်နေ့က Zomi Revolutionary Army (ZRA) အဖွဲ့ဟာ အင်အားအလုံးအရင်းနဲ့ ချင်းပြည်နယ်၊ တွန်းဇံမြို့ထဲက CNF/A ဦးဆောင်တဲ့ Chinland Council ပူးပေါင်းအဖွဲ့ရဲ့ ကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ပြန်ဆုတ်ခွာသွားတဲ့ ZRA တပ်ဖွဲ့ရဲ့ ထောင်ထားတဲ့ မိုင်းနင်းမိလို့ Chinland Council အဖွဲ့ဝင် CDF – Hualngoram တပ်သားတစ်ဦး ဧပြီလ ၂၁ ရက်နေ့မှာ ကျဆုံးခဲ့တယ်လို့ သိရပါတယ်။ CDF – Hualngoram တာဝန်ရှိသူတစ်ဦးက “ကျနော်တို့ ကင်းစခန်းငယ်ကို အင်အားအလုံးအရင်း ၆၀ ကျော်နဲ့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ် အဲဒီမှာ စခန်းမကျဖို့ ကျနော်တို့ရဲဘော်တွေက အပြင်းအထန်ခုခံခဲ့လို့ အကျအဆုံးနဲ့ အထိနာပြီး…

Read More

ပလက်ဝမြို့နယ်က ကလေးမိခင် အမျိုးသမီးတစ်ဦးကို မုဒိန်းကျင့်ပြီးရေနစ်သတ်ဖို့ကြိုးစားခဲ့တဲ့ AA တပ်ဖွဲ့ဝင်၂ ဦးကို အ ရေးယူ ပေး စေချင်တယ်လို့ ပလက်၀ ဒေသခံ တွေကဆို

ဧပြီလ ၂၂ ရက်။ ဧပြီလ ၅ ရက်နေ့က ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ စိမ်းစင်းကျေးရွာနေ ဒေသခံ ကလေးမိခင် ခူမီးချင်းအမျိုးသမီးတစ်ဦးကို မုဒိန်းကျင့်ပြီးရေနစ်သတ်ဖို့ကြိုးစားခဲ့တဲ့ အာရက္ခတပ်တော်(AA )တပ်ဖွဲ့ဝင် ၂ ဦးကို အာရက္ခတပ်တော် (AA) အနေနဲ့ ပွင့်လင်းမြင်သာတဲ့ တရားစီရေးနဲ့ အရေးယူပေးစေချင်တယ်လို့ Global Khumi Organization (GKO )တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ အခုဖြစ်သွားတဲ့နေရာဟာ AA ထိန်းချုပ်ထားတဲ့ နယ်မြေမှာဖြစ်သလို AA တပ်သားတွေကိုယ်တိုင် ကျူးလွန်တဲ့ မုဒိန်းမှုဖြစ်တာကြောင့် ကြီးလေးတဲ့ ရာဇဝတ်မှုတစ်ခုလည်းဖြစ်ပြီး လူ့အခွင့်အရေးချိုးဖောက်တာလည်းဖြစ်တယ်လို့ GKO တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ “မတရားအကျင့်ခံရတဲ့ အမျိုးသမီးအတွက် တရားခံအား အရေးယူပေးစေချင်တယ်။ တရားခံအားအရေးယူတဲ့နေယူရမှာလည်း ပွင့်လင်းမြင်သာမူရှိတဲ့ တရားစီရင်ရေးဖြစ်စေချင်တယ်။ အမျိုးသမီးနဲ့သူ့ဆွေမျိုးမိသားစုကိုလည်း ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်ဆိုင်ရာ လုံခြံမှုရှိအောင် အေအေ…

Read More

ဟားခါးမြို့မှာ လက်နက်အားကိုးပြီး ပြည်သူကို ခြိမ်းခြောက်ငွေညှစ်တာတွေလုပ်နေတဲ့ ရဲတပ်သား ၂ ဦးကို ဖမ်းဆီးရမိတယ်လို့ CDF – Hakha ထုတ်ပြန်

ဧပြီလ ၂၂ ရက်။ ချင်းပြည်နယ်၊ ဟားခါးမြို့မှာ လက်နက်အားကိုးပြီး ပြည်သူကိုခြိမ်းခြောက်ငွေညှစ်လုယှက်နေတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်သား ၂ ဦးကို ဧပြီလ ၂၁ ရက်နေ့က ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့တယ်လို့ CDF – Hakha က ဒီကနေ့ ဧပြီလ ၂၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ဖမ်းဆီးရမိတဲ့ ရဲတပ်သား ၂ ဦးမှာ အရပ်သားပြည်သူတွေဆီကနေ လုယူထားတဲ့ ပစ္စည်းအမြောက်အများနဲ့တကွ ဖမ်းဆီးထားမိတာကိုလည်း CDF – Hakha ဖော်ပြချက်အရ တွေ့ရပါတယ်။ အပြစ်မဲ့ပြည်သူတွေကို ဒုက္ခမျိုးစုံပေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို CDF – Hakha အနေနဲ့ လိုက်လံအရေးယူသွားမှာဖြစ်တယ်လို့လည်း CDF – Hakha က ဆိုပါတယ်။

Read More

တော်လှန်ရေး ၄ နှစ်တာအတွင်း ရဲဘော် ၁၆ ဦးကျဆုံးပြီး ရဲဘော်များစွာ ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့ရတယ်လို့ CDF – Zophei ထုတ်ပြန်

ဧပြီလ ၂၂ ရက်။ တော်လှန်ရေး ၄ နှစ်တာကာလအတွင်း CDF – Zophei က ရဲဘော် စုစုပေါင်း ၁၆ ဦး ကျဆုံးခဲ့ပြီး ရဲဘော်များစွာ ထိခိုက်ဒဏ်ရာရခဲ့ကာ ကိုယ်လက်အင်္ဂါ စွန့်လွှတ်ခဲ့ရတယ်လို့ ထန်တလန်မြို့နယ်အခြေစိုက် ချင်းလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ဖြစ်တဲ့ CDF – Zophei တည်ထောင်တဲ့ ၄ နှစ်ပြည့် အထိန်းအမှတ်အနေနဲ့ CDF-Zophei က ဧပြီလ ၂၁ ရက်နေ့က ထုတ်ပြန်ပါတယ်။ စစ်အာဏာရှင် အမြစ်ပြတ် ချေမှုန်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးအတွက် တော်လှန်တိုက်ပွဲဝင်ဖို့ CDF – Zophei ကို တည်ထောင်ခဲ့တာ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၆ ရက်နေ့မှာ ၄ နှစ်ပြည့်ခဲ့ပြီဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ တော်လှန်ရေးခရီးရှည်မှာ အဘက်ဘက်ကပံ့ပိုးကူညီခဲ့ကြတဲ့…

Read More

ZRA တပ်ဖွဲ့ဟာ စစ်ကောင်စီရဲ့ လက်နက်ပံ့ပိုးမှုရနေတာကြောင့် တွန်းဇံမြို့ကိုအချိန်မရွေး လာတိုက်နိုင်တယ်လို့ CNF ပြော

ဧပြီလ ၂၁ ရက်။ စစ်ကောင်စီရဲ့ လက်နက်ထောက်ပံ့ပေးမှုတွေ ရရှိနေတာကြောင့် တွန်းဇံမြို့ကို Zomi Revolutionary Army (ZRA) အဖွဲ့က အချိန်မရွေးလာတိုက်ခိုက်နိုင် ကြောင်း ၊မနေ့ဧပြီလ ၂၀ ရက်နေ့ကလည်း ZRA အဖွဲ့ဟာ အင်အားအလုံးအရင်းနဲ့ တွန်းဇံမြို့ထဲဝင်ရောက်ပြီး CNF/A ပူးပေါင်းအဖွဲ့တွေကို လာရောက်တိုက်ခိုက်ခဲ့ပြီး ၊တိုက်ပွဲအတွင်း ZRA ဖက်ကလူထိခိုက်သေဆုံးမှုရှိခဲ့ကာ ZRA အဖွဲ့ဟာ ပြန်ဆုတ်သွားတယ်လို့ CNF/CNA နဲ့ CDF – KKG တို့ရဲ့ဒီကနေ့ ဧပြီလ ၂၁ ရက်နေ့မှာ ပြုလုပ်တဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ချင်းအမျိုးသားတပ်ဦး(CNF/CNA )ရဲ့ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။ “ တိုက်ပွဲက တကျော့ပြန်တိုက်ပွဲလို့ ပြောလို့ရပါတယ် မနေ့က ၂၀ ရက်နေ့မှာ ZRA တွေက အင်အားအလုံးအရင်းနဲ့…

Read More

ကလေး – ဂန့်ဂေါကြားဟာ စစ်ရေးနဲ့ နိုင်ငံရေးအရ အရေးပါတဲ့ ဗျူဟာလမ်းကြောင်းဖြစ်လို့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာလို့ CNF ပြော

ဧပြီလ ၂၁ ရက်။ ချင်းတောင်ခြေမှာရှိတဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ပိုင်းနဲ့ မကွေးတိုင်း ဂန့်ဂေါမြို့အကြားဟာ စစ်ရေးအရသော်လည်းကောင်း နိုင်ငံရေးအရသော်လည်းကောင်း အရေးကြီးတဲ့နေရာဖြစ်လို့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ CNF/CNA နဲ့ CDF – KKG တို့ရဲ့ဒီကနေ့ ဧပြီလ ၂၁ ရက်နေ့မှာ ပြုလုပ်တဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ချင်းအမျိုးသားတပ်ဦး(CNF/A) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။ ကလေးတောင်ပိုင်း ကလေး – ဂန့်ဂေါလမ်းကြောင်းတလျှောက်ဟာ စစ်ကောင်စီတပ်နဲ့ စစ်ကောင်စီတပ်ဖွဲ့ မွေးထုတ်ပေးတဲ့ ပျူစောထီးကြီးစိုးတဲ့ ဒေသဖြစ်သလို လွတ်လပ်စွာ ကုန်စည်သယ်ယူခွင့်တို့အတွက် အရေးပါတဲ့ ဗျူဟာလမ်းကြောင်းဖြစ်တယ်လို့ CNF/CNA ရဲ့ ေပြာရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။ “အင်မတန်မှ အရေးကြီးတဲ့ ဗျူဟာလမ်းကြောင်းပေါ်မှာရှိတဲ့ မကွေးတိုင်း၊ ဂန့်ဂေါနဲ့ စစ်ကိုင်းတိုင်း ကလေးမြို့အကြား ကလေးတောင်ဖက်ပိုင်း ပထမစစ်ဆင်ရေးဖြစ်ပါတယ် ကုန်စည်ကူးသန်းသွားလာမှုအရသော်လည်းကောင်း…

Read More

ပလက်ဝမြို့နယ်က ဒေသခံ ကလေးအမေတစ်ဦးကို AA တပ်ဖွဲ့၀င် ၂ ဦးက မုဒိန်းကျင့်ပြီး သတ်ဖို့ကြိုးစားခဲ့တယ်လို့ သိရ

ဧပြီလ ၁၉ ရက်။ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ စိမ်းစင်းကျေးရွာနေ ခူမီးချင်းလူမျိုး အသက် ၂၅ နှစ်အရွယ် ကလေးမိခင်တစ်ဦးကို ဧပြီလ ၅ ရက်နေ့က အာရက္ခတပ်တော် (AA) အရာရှိအဆင့်ရှိသူ ၁ ဦးနဲ့ တပ်သား ၁ ဦးက မုဒိန်းကျင့်ပြီး သတ်ဖို့ကြိုးစားခဲ့ပေမယ့် အဆိုပါကလေးမိခင် အသက်ဘေးက သီသီလေးလွတ်ခဲ့တယ်လို့ ပလက်ဝဒေသခံတွေဆီကနေ သိရပါတယ်။ ဖြစ်စဉ်မှာ ဧပြီလ ၅ ရက်နေ့ မနက်ပိုင်း ၉ နာရီဝန်းကျင်လောက်မှာ စိမ်းစင်းရွာကနေ ၁၀ မိနစ်လောက်ဝေးတဲ့ ခရမ်းခင်းသွားတဲ့ အသက် ၂၅ နှစ်အရွယ် အိမ်ထောင်သည် ကလေးမိခင်တစ်ဦးကို အသက် ၃၀ ဝန်းကျင်ရှိတဲ့ AA အရာရှိတစ်ဦး နဲ့ တပ်သားအဆင့်ရှိသူ ၁ ဦးက မုဒိန်းကျင့်ပြီး…

Read More

ကန်ပက်လက်မြို့ကို စစ်ကောင်စီတပ်က ဒီလအတွင်း လေကြောင်းတိုက်ခိုက်မှု ၇ ကြိမ်လုပ်ခဲ့လို့ အဆောက်အဦးများစွာပျက်ဆီးပြီး ဒေသခံ ၁ ဦးသေဆုံး၊ ၁ ဦးဒဏ်ရာရ

ဧပြီလ ၁၈ ရက်။ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ကို စစ်ကောင်စီတပ်က ဒီလ ဧပြီလအတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း (၇) ကြိမ် လုပ်ခဲ့တာကြောင့် အဆောက်အဦးများစွာပျက်ဆီးပြီး အရပ်သားပြည်သူ ၁ ဦးသေဆုံးခဲ့ပြီး ၁ ဦးဒဏ်ရာရခဲ့တယ်လို့ ကန်ပက်လက်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီကနေ့ ဧပြီလ ၁၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ စစ်ကောင်စီက ပေါင် ၃၀၀၊ ပေါင် ၅၀၀ ဗုံးတွေ အသုံးပြုပြီး ကန်ပက်လက်မြို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူနေအိမ် ၁၈ လုံးက လုံးဝပျက်စီးပြီး ၃၀ လုံးက တစ်စိပ်တစ်ပိုင်းပျက်စီးခဲ့သလို ဌာနပိုင် အဆောက်အဦးပေါင်း ၁၄ လုံးနဲ့ ရိပ်သာ ၁ လုံးလည်း ပျက်စီးခဲ့ပြီး စုစုပေါင်း ၆၃ လုံးပျက်စီးခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။…

Read More

တီးတိန်မြို့ကို ကိုယ်တိုင်တိုက်ယူဖို့ ကြိုးစားပြင်ဆင်နေတယ်လို့ ZFU / PDF Zoland ထုတ်ပြန်

ဧပြီလ ၁၈ ရက်။ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးဖို့ ငါတို့မြို့ တီးတိန်မြို့ကို ငါတို့ကိုယ်တိုင် တိုက်ယူဖို့ ကြိုးစားပြင်ဆင်နေတယ်လို့ PDF – Zoland အပတ်စဉ် (၃) စစ်သင်တန်းဆင်းပွဲမှာ တီးတိန်မြို့နယ်အခြေစိုက် ချင်းလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့Zomi Federal Union / PDF Zoland က ဒီကနေ့ ဧပြီလ ၁၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ Zomi Federal Union / PDF Zoland တန်းမြှင့်သင်တန်း အပတ်စဉ် (၃) သင်တန်းဆင်းပွဲကို ဧပြီလ ၁၁ ရက်နေ့က အောင်မြင်စွာ ပြုလုပ်ပြီးဆုံးတဲ့ကြောင်းကိုလည်းကို ဒီကနေ့ မှာ ထုတ်ပြန်ထားပါတယ်။ တော်လှန်ရေးအောင်ပွဲတွေကို ယူဆောင်လာပေးနေတဲ့ ချင်းညီနောင်စစ်ဆင်ရေးတစ်ခုဖြစ်တဲ့ တီးတိန် စစ်ဆင်ရေးကို အောင်လံအတူတူ စိုက်ထူဖို့ ပြည်တွင်း၊…

Read More