
ဟားခါးမြို့မှာ ညနေ ၆ နာရီကနေ မနက် ၆ နာရီအတွင်း အပြင်ထွက်သွားလာခြင်း မလုပ်ကြဖို့ CDF – Hakha သတိပေးထုတ်ပြန်
အောက်တိုဘာလ ၁၆ ရက်။ ချင်းပြည်နယ် ဟားခါးမြို့မှာ ဒီကနေ့ အောက်တိုဘာလ ၁၆ ရက်နေ့ကစလို့ ညနေ ၆ နာရီကနေ မနက် ၆ နာရီအတွင်း အိမ်အပြင်မှာသွားလာတာမျိုး မလုပ်ဖို့ Chinland Defense Force – Hakha တပ်ဖွဲ့က ဒီကနေ့ အောက်တိုဘာလ ၁၆ ရက်မှာ သတိပေးထုတ်ပြန်လိုက်ပါတယ်။ ဒါ့အပြင် ဇူလိုင်လ ၃၀ ရက်နေ့က CDF – Hakha အသိပေးထုတ်ပြန်ထားတဲ့ မိမိမွေးထားတဲ့ အိမ်မွေးခွေးကို ရောင်းခြင်း/သတ်ခြင်း ကို မလုပ်ဆောင်ပါက ပြင်းပြင်းထန်ထန် အပြစ်ပေးခံရမယ်လို့ ထပ်မံပြီး CDF – Hakha အသိပေးထုတ်ပြန်ထားပါတယ်။ တော်လှန်ရေးကို အနှောက်အယှက်ဖြစ်စေတာကြောင့်ဟားခါးမြို့မှာ ခွေးမွေးခွင့်မရှိ ကြောင်းနှင့် မည်သူမဆို အိမ်ပြင်ထွက်နေတဲ့ လမ်းပေါ်က…