Headlines

ကန်ပက်လက်ကိုဖြတ်ပြီး ပလက်ဝမြို့နယ်ဘက်ကို ကုန်ပစ္စည်းသယ်ယူတာကိုသာ ပိတ်ပင်ထားတာလို့ ဆိုင်ကယ် ကယ်ရီသမားတွေက ပြော

စက်တင်ဘာလ ၃ ရက်။ မကွေးတိုင်းကနေ ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ်ကိုဖြတ်ပြီး ပလက်ဝမြို့နယ်၊ ဒိုင်ရ်နယ်ဘက် ကုန်ပစ္စည်းသယ်ကြတဲ့ ကယ်ရီသမားတွေကို ကန်ပက်လက်မြို့နယ်အတွင်း ဖြတ်သန်းသွားလာခွင့်ကို ကန်ပက်လက်မြို့နယ်ကိုထိန်းချုပ်ထားတဲ့ Chin Defense Force – Kanpetlet ( CDF – Kanpetlet) ကခွင့်မပြုဘူးလို့ ဆိုင်ကယ် ကယ်ရီဆွဲနေသူတွေကပြောပါတယ်။ ဒိုင်ရ်နယ်ထဲက ဆိုင်ကယ် ကယ်ရီသမားတစ်ဦးက “ကျနော်တို့ ဒိုင်ရ်ဘက်က သူတွေကိုပဲပိတ်တယ်၊ ကန်ပက်လက်မြို့နယ်ထဲက လူတွေကိုတော့ ပုံမှန်လွတ်လွတ်လပ်လပ်သွား လာနေကြတယ် ကျနော်တို့ဘက်ကလူတွေသွားလာရင်ကြတော့ လမ်းပိတ်ထားတယ်ဆိုပြီးမှ သွားခွင့်မပေးဘူး ဒီကလူတွေအများစုက ရခိုင်ကုန်သည်ပစ္စည်းတွေကို ကယ်ရီလိုက်ကြတာဆိုတော့ ရခိုင်ပစ္စည်းတွေ ပိတ်မိတာလည်းများတယ် ရခိုင်ကုန်သည်တွေဆိုတာ သူတို့ဟာသူတို့ ဆိုင်ကယ်နဲ့မောင်းပြီး သွားကြတာမဟုတ်ဘူး ကျနော်တို့ ဒိုင်ရ်ဘက်က ဆိုင်ကယ် ကယ်ရီဌားပြီးမှသွားကြတာဆိုတော့ ကျနော်တို့ကိုပိတ်မိရင်းသူတို့လည်း ပိတ်မိတာပေါ့ ဒိုင်တွေကိုပိတ်တယ်ဆိုတာထက် ဒိုင်ရ်ဘက်ကို…

Read Full News

ပလက်ဝမှာ ယာယီနိုင်ငံကူးလက်မှတ် AA က ထုတ်ပေးပြီး အိန္ဒိယ – မြန်မာနယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုတွေကိုထိန်းချုပ်လာ

စက်တင်ဘာလ ၃ ရက်။ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ကို ထိန်းချုပ်ထားတဲ့ အာရက္ခတပ်တော် (AA) က ဩဂုတ်လကစပြီး အိန္ဒိယ – မြန်မာနယ်စပ် ပလက်ဝမြို့နယ် ရှင်းလက်ဝကျေးရွာကနေ ယာယီနိုင်ငံကူးလက်မှတ်တွေ ထုတ်ပေးပြီး နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုတွေကို ထိန်းချုပ်လာတယ်လို့ ပလက်ဝဒေသခံတွေကပြောပါတယ်။ ပလက်ဝဒေသခံတစ်ဦးက “သြဂုတ်လကစလို့ထင်တယ် အခုလို နိုင်ငံကူးလက်မှတ်တွေလုပ်တာ အဓိက သူတို့ထိန်းချုပ်ထားတဲ့ ပလက်ဝ၊ ရခိုင်ပြည်နယ်ဘက်က လူတွေအားလုံး အိန္ဒိယနိုင်ငံ ဒီမီဇိုရမ်ပြည်နယ်ဘက်ကို သွားမယ်ဆိုရင် လုပ်ရမယ်ပေါ့ ဆေးကုသဖို့သွားရင်လည်း ပြန်လာရင် ဆေးလက်မှတ်ပြရမယ် စသဖြင့်ပေါ့ အရင်တုန်းကတော့ မရှိပေမယ့်အခုမှစတင်လုပ်တာဖြစ်တယ် သူတို့က ဒီအဝင်အထွက်တွေကို ထိန်းချုပ်ချင်လာလို့ဖြစ်မယ်” လို့ပြောပါတယ်။ အာရက္ခတပ်တော် (AA) ထုတ်ပေးတဲ့ ယာယီနိုင်ငံကူးလက်မှတ်ဟာ အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ်ဘက်မှာတော့ အသုံးမဝင်ပေမယ့် မီဇိုရမ်ပြည်နယ်ဘက်ကို ဖြတ်သန်းသွားလာချင်သူတွေကို ရက်အကန့်အသတ်ဖြင့် ဖြတ်သန်းသွားလာခွင့်ကို…

Read Full News

ကလေးမြို့မှာ သြဂုတ်လအလယ်ကစပြီး စစ်မှုထမ်းခိုင်းဖို့ အမျိုးသား အယောက် ၅၀ ကျော် ဖမ်းဆီးသွားပြီလို့ ဒေသခံ တွေကဆို

စက်တင်ဘာလ ၁ ရက်။ သြဂုတ်လအလယ်ကစပြီး ကလေးမြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ မင်္ဂလာဥယျာဉ်၊ ညောင်ပင်သာ၊ အောင်မင်္ဂလာ၊ ချမ်းမြေ့အောင်စည်၊ ပင်လုံ၊ အောင်သစ္စာနဲ့ သဇင်ရပ်ကွက်တွေမှာ ပျူစောထီးနဲ့ ရဲတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းပြီး စစ်မှုထမ်းခိုင်းဖို့ အမျိုးသားတွေကိုဖမ်းဆီးတာတွေလုပ် နေကာ သြဂုတ်လ ၁၇ ရက်နေ့ကနေ စက်တင်ဘာလ ၁ ရက်အတွင်း အနည်းဆုံး အမျိုးသား အယောက် ၅၀ ကျော် ဖမ်းဆီးသွားပြီ ဖြစ်တယ်လို့လည်း ဒေသခံတွေကပြောပါတယ်။ ကလေးမြို့ဒေသခံ တစ်ဦးက “မြို့ပေါ်နေတဲ့ ပျူစောထီးနဲ့ရဲတွေက အဓိက လူလိုက်ဆွဲတာ စစ်တပ်က မပါဘူးဆိုပေမယ့် တစ်ခါလေ လုံခြုံရေးယူပေးတာတို့ပါတယ် စခန်းကြီးနားက လေ့ကျင့်ရေး (၁၀) အဲဒီကိုပို့တယ် ဒကစ၊ စုပေါင်းရုံးတွေမှာအရင်ထားပြီးဆေးတွေစစ် အဲဒါပြီးရင် လေ့ကျင့်ရေး ၁၀ ကိုပို့ နေ့တိုင်းလိုလို လူရရင်ရသလို ဖမ်းနေတာဘဲ…

Read Full News

CDF – Mara နဲ့ MDF အကြားထိတွေ့တိုက်ပွဲတွေပြန်ငြိမ်နေ

စက်တင်ဘာလ ၁ ရက်။ ချင်းပြည်နယ်၊ မရာနယ်မြေမှာ ၁ လကျော်အကြာ ထိတွေ့တိုက်ပွဲဖြစ်နေတဲ့ CDF – Mara နဲ့ MDF အကြား ထိတွေ့တိုက်ပွဲတွေ သြဂုတ်လ ၂၉ ရက်နေ့ကစလို့ လက်ရှိအချိန် ပြန်ငြိမ်နေတယ်လို့ CDF – Mara က Chin World Media ကိုပြောပါတယ်။ CDF – Mara ပြောရေးဆိုခွင့်ရှိသူ ဆလိုင်း ဂျွန်လောက “လောလောဆယ် တိုက်ပွဲတွေက ငြိမ်နေတယ် ၂၉ ရက်နေ့ကစလို့ပေါ့ သူတို့ဖက်က အထိအခိုက်လေးရှိတော့ ငြိမ်သွားတယ်လို့ ထင်ပါတယ် ခုလက်ရှိက MDF / AA ဘက်က CDF ဘက် ထိုးစစ်ဖို့ပြင်ဆင်နေတာပေါ့ AA ပါတယ်လို့ ကျနော်တို့ပြောတာက အသံဖိုင်အထောက်အထားရှိလို့ပါ”…

Read Full News

မြန်မာပြည်မှ မီဇိုရမ်ပြည်နယ်အတွင်း မူးယစ်ဆေးဝါး မှောင်ခိုကူးမှု ၃ နှစ်အတွင်း ဒေါ်လာ ၁၇၁ သန်းတန်ဖိုးရှိကြောင်း CCPRရဲ့ အစီရင်ခံစာမှာဖော်ပြ

ဩဂုတ်လ ၂၉ ရက်။ မြန်မာနိုင်ငံဖက်ကနေ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးမှောင်ခိုကူးမှု ၂၀၂၂ ခုနှစ်မှ ၂၀၂၅ ခုနှစ် ဇူလိုင်လအထိ ၂.၇ တန်ကျော်၊ ဒေါ်လာ ၁၇၁ သန်း တန်ဖိုးရှိတယ်လို့ ဩဂုတ်လ (၂၈) ရက်နေ့က ချင်းပြည်နယ်ရဲ့အချက်အလက်တွေကို လေ့လာသုတေသနလုပ်တဲ့ Chin Center for Peace and Reconciliation(CCPR) အဖွဲ့ရဲ့ သြဂုတ်လ အစီရင်ခံစာမှာဖော်ပြထားပါတယ်။ အဓိကအားဖြင့် မြန်မာနိုင်ငံဖက်ခြမ်းကနေ မီဇိုရမ်ပြည်နယ် ချမ်ဖိုင်းခရိုင်အတွင်းမှ ဝင်ရောက်ပြီး (၃) နှစ်အတွင်း ဘိန်းဖြူ (၁၄၃၇.၂၅ ကီလိုဂရမ်)၊ မက်သာအဖီတမင်း (၁,၂၈၅.၄၂၆ ကီလိုဂရမ်)တို့ကို သက်ဆိုင်ရာက သိမ်းဆည်းရမိပြီး စုစုပေါင်းတန်ဖိုးသည် ၂၀၂၃ ခုနှစ်တွင် ဒေါ်လာ ၃၅ သန်း၊ ၂၀၂၄ ခုနှစ်တွင်…

Read Full News

ချင်းပြည်သစ်ကွန်ဂရက်ပါတီ(NCC)ဥက္ကဋ္ဌအဖြစ် ချင်းပြည်နယ်ဝန်ကြီးဟောင်းဦးစိုးထက်မှတာဝန်ယူ၊ချင်းပါတီကို NLD နဲ့ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်ဟောင်းများက ဦးဆောင်

သြဂုတ်လ ၂၇ ရက်။ သြဂုတ် ၂၆ ရက်က မှတ်ပုံတင်ခွင့်ပြုပြီးသောနိုင်ငံရေးပါတီ(၆၁)ပါတီနှင့်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ဥက္ကဋ္ဌ ဦးသန်းစိုးတို့တွေ့ဆုံပွဲမှာ ချင်းပြည်သစ်ကွန်ဂရက်ပါတီ(NCC)ဥက္ကဋ္ဌအဖြစ် NLD ပါတီအစိုးရ ခေတ် ၂၀၁၈ ခုနှစ်က နေ ၂၀၂၀ ခုနှစ်အထိ ချင်းပြည်နယ်စည်ပင်၊စက်မှု၊လျှပ်စစ်ဝန်ကြီးအဖြစ်တာဝန်ထမ်း ဆောင်ခဲ့ကာ ၂၀၂၀ ရွေးကောက်ပွဲမှာ ချင်းပြည်နယ်၊ပလက်ဝမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် NLD ပါတီကိုယ်စားပြုပြီးအနိုင်ရခဲ့သူ ဦးစိုးထက်မှ အစည်းအဝေးတက်ရောက်ခဲ့ကြောင်း MRTV သတင်းထုတ်ပြန်ချက်အရသိရပါတယ်။ Chin World Media စုံစမ်းချက်အရ ချင်းပြည်သစ်ကွန်ဂရက်ပါတီ(NCC)ဥက္ကဋ္ဌအဖြစ်ဦးစိုးထက် ၊ အထွေထွေအတွင်းရေးမှုးအဖြစ် ၂၀၂၀ ရွေးကောက်ပွဲမှာ ချင်းပြည်နယ်၊ဖလမ်းမြို့နယ်မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီကိုယ်စားပြုပြီး ယှဉ်ပြိုင်ခဲ့သူ ဦးဘွာလ်ဆိုင်လိုမှ တာဝန်ယူထမ်းဆောင်နေကြောင်းသိရပါတယ်။ ချင်းပြည်သစ်ကွန်ဂရက်ပါတီ(NCC)ဥက္ကဋ္ဌ အသက် ၆၅ နှစ်ဝန်းကျင်ရှိသူ ဦးစိုးထက်ဟာ ပလက်ဝဇာတိဖြစ်ပြီး ဘွဲ့ရပြီး နောက် တပ်မ တော်မှာဝင် ရောက်ခဲ့ကာ ဒုဗိုလ်မှုးကြီးအဆင့်(တပ်ရင်းမှုး၊တပ်နယ်မှုး)တာဝန်အထိထမ်း…

Read Full News

တီးတိန်မြို့နယ်မှာ စစ်ကော်မရှင် လေတပ်မှ ဗုံး ၂ ကြိမ် ကြဲချခဲ့ပြီး ကလေးငယ် တစ်ဦး ဒဏ်ရာ ရရှိ

သြဂုတ်လ ၂၆ ရက်။ အာဏာသိမ်းစစ်ကောင်မရှင် လေတပ်မှ ဂျက်ဖိုက်တာဖြင့် ဩဂုတ် ၂၅ ရက်နေ့ နေ့လည် ၁နာရီခွဲ ခန့်မှာ တီးတိန်မြို့နယ် မွာလ်ဘင်းရွာ နှင့် ဇန်ဇောလ်ရွာ တို့ကို လည်းကောင်း၊ ညနေ ၄ နာရီခွဲခန့်မှာ ဟေလေးရွာကို လည်းကောင်း အသီးသီး ဗုံးကြဲချ ခဲ့ရာ ဇန်ဇောလ်ရွာနေ ကလေးငယ် တစ်ဦး ခြေထောက်မှာ ဒဏ်ရာ ရရှိခဲ့တယ် လို့ တီးတိန်ဒေသခံများရဲ့ ပြောပြချက် အရ သိရပါတယ်။ “မွာလ်ဘင်းရွာ နှင့် ဇန်ဇောလ်ရွာက ရွာနီးချင်းပါ။ အဲဘက်မှာ ဗုံး ၇ လုံး ချတယ်လို့ သိခဲ့ရ ပါတယ်။ ၅ လုံး ကွဲသွားတယ် လို့ သိရ တယ်။ အပျက်အစီး…

Read Full News

၃ လအတွင်း စစ်ကောင်စီမှ မင်းတပ်မြိုနယ်အတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ(၁၇၆) ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ကာ၊ကလေးသူငယ်နှင့် အမျိုးသမီးများအပါအဝင် အယောက်(၄၀) သေဆုံးခဲ့ရပြီး ၁၂၀ ထိခိုက်ဒဏ်ရာ ရ

ဩဂုတ်လ ၂၅ရက်။ ၂၀၂၅ ခုနှစ်၊ မေလ (၂၇)ရက်နေ့မှစ၍ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၃) ရက်နေ့အထိစစ်ကောင်စီမှ မင်းတပ်မြိုနယ်အတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ(၁၇၆) ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ကာ၊အဆိုပါ လေကြောင်းတိုက်ခိုက်မှုများတွင် ဗုံးအရေအတွက် (၃၂၉)လုံး ဝန်းကျင် အသုံးပြုခဲ့ပြီး ကလေးသူငယ်နှင့် အမျိုးသမီးများအပါအဝင် အပြစ်မဲ့ပြည်သူ အယောက်(၄၀) သေဆုံးခဲ့ရပြီး အယောက်ပေါင်း (၁၂၀) ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းမင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီကနေ့ ဩဂုတ်လ ၂၅ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ ဤ (၅)နှစ်တာကာလ လေကြောင်းတိုက်ခိုက်မှုများအတွင်း အရပ်သား ပြည်သူနေအိမ် (၁၇၂) လုံး၊ စာသင်ကျောင်း၊ ဆေးရုံ ဆေးခန်းစသည့် အစိုးရအ ဆောက်အဦး(၄၀) ခု နှင့် ဘုရားကျောင်း၊ ဘုန်းကြီးကျောင်း စသည့် ဘာသာရေးအဆောက်အဦး (၁၈)ခု ထိခိုက်ပျက်စီးခဲ့သည်…

Read Full News

စစ်မှုထမ်းဖို့ အတင်းအဓမ္မ ဖမ်းဆီးတာတွေဟာ စစ်ရေးပဋိပက္ခတွေ ပိုတိုးစေနိုင်တယ်လို့ CDF – Matupi သတိပေး

ဩဂုတ်လ ၂၅ ရက်။ မတူပီမြို့နယ်မှာ ချင်းညီနောင်အဖွဲ့ဝင် Chin Defense Force Matupi / MRO အနေနဲ့ ၎င်းတို့ ထိန်းချုပ်နယ်မြေအတွင်းမှာသာမက Chinland Defense Force Matupi (CDF – Matupi) ထိန်းချုပ်နယ်မြေအတွင်းမှာလည်း အသက်မပြည့်သေးတဲ့ ကျောင်းသားလူငယ်၊ ကျောင်းဆရာ/ မ တွေ CDM ဝန်ထမ်းတွေကို စစ်မှုမထမ်းမနေရ စနစ်ပြဌာန်းပြီး အတင်းအဓမ္မ ဖမ်းဆီးလုပ်ဆောင်တာတွေဟာ ၂ ဖက်ပြန်လည်ပေါင်းစည်းရေး လက်ခံတဲ့ လုပ်ရပ်မဟုတ်ပဲ စစ်ရေးပဋိပက္ခတွေ တိုးစေနိုင်တယ်လို့ Chinland Council အဖွဲ့ဝင် CDF – Matupi က ဒီကနေ့ သြဂုတ်လ ၂၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ထားပါတယ်။ Chin Defense Force Matupi…

Read Full News

ဖမ်းဆီးထိန်းသိမ်းထားတဲ့ CNO/CNDF-UCR ရဲ့ ဒု – အတွင်းရေးမှူးကို ပြန်လွှတ်ပေးလိုက်တယ်လို့ CDF – Hualngoram ကပြော

ဩဂုတ်လ ၂၅ ရက်။ CDF – Hualngoram ကဖမ်းဆီးထိန်းသိမ်းထားတဲ့ ချင်းအမျိုးသားအဖွဲ့ချုပ်(CNO/CNDF – UCR (Upper Chindwin Relegion) AGS )ဒု – အတွင်းရေးမှူးကို သြဂုတ်လ ၂၄ ရက်နေ့ နေ့လည် ၂ နာရီလောက်မှာ ပြန်လွှတ်ပေးလိုက်တယ်လို့ CDF – Hualngoram က တာဝန်ရှိသူတစ်ဦးက Chin World မီဒီယာကို ပြောပါတယ်။ CDF – Hualngoram တာဝန်ရှိသူတစ်ဦးက “CNO / CNDF ရဲ့ ဒု – အတွင်းရေးမှူးကို မနေ့က နေ့လည် ၂ နာရီမှာ ကျနော်တို့ CDF – Hualngoram ကခေါင်းဆောင်တွေနဲ့ ပါစတာခေါ်ပြီးတော့ သူ့ဘက်က…

Read Full News