
အိန္ဒိယအစိုးရက မီဇိုရမ်ပြည်နယ်က ချင်းစစ်ဘေးရှောင်များကို ဆန် စတင်ထောက်ပံ့
နိုဝင်ဘာလ ၁၃ ရက်။ အိန္ဒိယဗဟိုအစိုးရနှင့် မီဇိုရမ်ပြည်နယ်အစိုးရတို့က မီဇိုရမ်ပြည်နယ်က ချင်း(မြန်မာ)စစ်ဘေးရှောင်များ အတွက် ဆန်ထောက်ပံ့ရေးအစီအစဥ်ကို လောင်တလိုင်မြို့၊ ချန်မာရီရပ်ကွက်ရှိ ကာနန်စစ်ဘေးရှောင်စခန်းမှာ စတင်ပြီး ထောက်ပံ့ပေးနေပြီဖြစ်ကြောင်း မီဇိုရမ်ပြည်နယ်အစိုးရ သတင်းနှင့် ပြည်သူ့ဆက်ဆံရေးဌာနက နိုဝင်ဘာလ ၁၁ ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ အိန္ဒိယနိုင်ငံ ဗဟိုအစိုးရက ရူပီး သိန်း ၅၀၀ တန်ဖိုးရှိ ဆန်မက်ထရစ်တန်ချိန် ၁,၃၇၉ တန်ကျော်ကို မီဇိုရမ် ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်များကိုထောက်ပံ့ကူညီရန်ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ခရိုင် ၁၁ ခုရှိ ဂိုထောင်များတွင် သိုလှောင်ပြီးမီဇိုရမ်ပြည်နယ်အစိုးရအစီအမံဖြင့်ပေးဝေသွားမှာဖြစ်ကြောင်း အစိုးရထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ လက်ရှိ မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင်အတွင်းမှာ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် မဏိပူရပြည်နယ် တို့မှ စစ်ဘေး ရှောင် ၈,၀၂၀ ဦးရှိနေပြီး ရူပီး ၁,၅၀၀,၀၀၀ တန်ဖိုးရှိဆန်များကို စစ်ဘေးရှောင်စခန်းများသို့ ဝေငှသွားရန်…