ဖလမ်းမြို့နယ်အတွင်းဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်နေရသူ လူဦးရေ ၆၀၀ ကျော်ကို အခြေခံစားနပ်ရိက္ခာနဲ့ မိုးကာတွေ သွားရောက်လှူဒါန်းနေတယ်လို့ CNO ထုတ်ပြန်
ဖေ ဖော်ဝါရီလ ၅ ရက်။ ဖလမ်းမြို့နယ်အတွင်း နဲ့ မြေပြန့်ဒေသ အပါအဝင် မီဇိုရမ်ပြည်ကို ရောက်ရှိနေတဲ့ ဖလမ်းမြို့နယ်က စစ်ဘေးရှောင်ပြည်သူ လူဦးရေအားဖြင့် ၆၀၀ ကျော်ကို CNO က အခြေခံစားနပ်ရိက္ခာတွေနဲ့ မိုးကာတွေ သွားရောက်လှူဒါန်းနေတယ်လို့ ချင်းအမျိုးသားအဖွဲ့ချုပ် ( CNO ) ရဲ့ Humanitarian Department မှ အတွင်းရေးမှူး Cung Ngai က ပြောပါတယ်။ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO) , Humanitarian Department မှ အတွင်းရေးမှူး Cung Ngai က “အခုကတော့ ဖလမ်းမြို့နယ်ထဲမှာပေးနေတယ် မြေပြန့်ဘက်လည်း ပါဝင်တယ် အခုပေးတဲ့ဟာတွေက လောလောဆယ်တော့ မပြီးသေးဘူး ကျန်နေသေးတယ် လူဦးရေအားဖြင့် ပေးရဖို့က ၆၀၀ ကျော်လောက်ဖြစ်တယ်…

