Headlines

မလေးရှားမှာ ခိုက်ရန်ဖြစ်ပြီး ဒဏ်ရာရကာ ခူမီးချင်းလူငယ် ၁ ဦး ကွယ်လွန်

စက်တင်ဘာလ ၁၆ ရက်။

မလေးရှားနိုင်ငံ၊ ပါဟန်းပြည်နယ် Raub မြို့ရှိ ဒူရင်းခြံတွင် အလုပ်လုပ်ကိုင်နေတဲ့ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရိက္ခာရပ်ကွက် က Ai Mya Nyine အသက် ၃၇ နှစ် ဟာ စက်တင်ဘာလ ၁၃ ရက်နေ့က ခိုက်ရန်ဖြစ်ပွားခဲ့စဉ် ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံတွင် ဆေးကုသခံစဉ် ကွယ်လွန်သွားခဲ့ရတယ်လို့ Paletwa Khumi Community Malaysia က စက်တင်ဘာလ ၁၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရိက္ခာရပ်ကွက်က ( ဘ)ဦးကျော်လှဖြူ ၊ ဒေါ်မစိန်တို့ရဲ့ သား Ai Mya Nyine အသက် ၃၇ နှစ် ဟာ စက်တင်ဘာလ ၁၃ ရက်နေ့က အပေါင်းအသင်း သူငယ်ချင်းတွေနဲ့ စားသောက်ပြီး ခိုက်ရန်ဖြစ်ပွားခဲ့ရာ ဒဏ်ရာရရှိကာ ဆေးရုံသို့ ဆေးကုသရင်းစက်တင်ဘာလ ၁၃ ရက်နေ့မှာဘဲ ကွယ်လွန်ခဲ့ရတယ်လို့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ကွယ်လွန်သွားတဲ့ Ai Mya Nyine အသက် ၃၇ နှစ် ရဲ့ ရုပ်ကလပ်ကို လက်ရှိမှာ ကွန်တန်ဆေးရုံမှာ ထားရှိခဲ့ပြီး သဂြိုလ်မယ့် နေ့ရက်ကိုလည်း ပြန်လည် အသိပေးအကြောင်းကြားမယ်လို့ Paletwa Khumi Community Malaysia က ဆိုပါတယ်။

ဒဏ်ရာရသည်အထိ ခိုက်ရန်ဖြစ်ပွါးထိုးကြိတ်ခဲ့သူတွေဟာ ထိုးကြိတ်ခံရသူ သေဆုံးသွားတယ်လို့ သတင်းကြားတာနဲ့ ဒူရင်းခြံကနေ ထွက်ပြေးလွတ်မြောက်နေကြဆဲဖြစ်တယ်လို့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေကပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *