Headlines

ဖလမ်းမြို့ကို ထာ၀ရဘုရားသခင်ထံ အပ်နှံခြင်းအစီအစဉ်ပြုလုပ်

ဩဂုတ်လ ၂၉ ရက်။

ချင်းပြည်နယ်၊ ဖလမ်းမြို့က ဖလမ်းနှစ်ခြင်းအသင်းတော်မှာ ဒီနေ့ သြဂုတ်လ ၂၉ ရက်နေ့မနက် ၁၀ နာရီမှာ ဖလမ်းမြို့ကို ထာ၀ရဘုရားသခင်ထံ အပ်နှံတဲ့ဆုတောင်းဝတ်ပြုခြင်းအစီအစဉ်ပြုလုပ်ခဲ့ပြီး လူဦးရေ ၃ ထောင်ခန့် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ဖလမ်းမြို့ကို ပြီးခဲ့တဲ့ ဧပြီလ ၂၅ ရက်နေ့မှာ စစ်ကောင်စီက ပြန်လည်ထိန်းချုပ်လိုက်ပြီးနောက် ဌာနဆိုင်ရာအသီးသီးက ဝန်ထမ်းတွေနဲ့ ဝန်ထမ်းမိသားစုတွေအပြင် မြို့ခံပြည်သူတချို့လည်း ပြန်လည်ဝင်ရောက်လာကြပြီး ဌာနဆိုင်ရာရုံးတွေ ကျောင်းတွေကိုလည်း ဇွန်လ ၁ ရက်နေ့ကစလို့ ပြန်လည်ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။

ဖလမ်းမြို့ကို စစ်ကောင်စီမှ အလုံးစုံထိန်းချုပ်ပြီးနောက် စစ်ရှောင်ဖလမ်းမြို့ခံပြည်သူများမှ နေရပ်သို့ အသီးသီးပြန်လာကြရာ ဖလမ်းမြို့ရှိ မြို့ပေါ်ရပ်ကွက် (၈)ရပ်ကွက်သို့ မေလ(၆) ရက်နေ့မှ ဩဂုတ်လ(၂၇)ရက်နေ့အထိ ပြန်လည်ဝင်ရောက်လာသူ စုစုပေါင်း (၃၆၅၉)ဦးရှိပြီဖြစ်ကြောင်းသိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *