
ဇူလိုင်လ ၁၇ ရက်။
ချင်းပြည်နယ်၊ ဟားခါးမြို့ ၊ ပြည်တော်သာရပ်ကွက် ဂန့်ဂေါလမ်းပေါ် ဆိုင်ကယ်နဲ့ သွားနေတဲ့ ဟားခါးမြို့မ ရဲစခန်းက ရဲတပ်သား ၂ဦး ဒီကနေ့ ဇူလိုင်လ ၁၇ ရက်နေ့ မနက်ပိုင်း ၉ ဝန်းကျင်လောက်မှာ ပစ်သတ်ခံရလို့ စစ်ကောင်စီတပ်ဖွဲ့က ဟားခါးမြို့မှာ ရဲတပ်သား ၂ ဦး ပစ်သတ်ခံရလို့ စစ်ကောင်စီတပ်ဖွဲ့က မြို့အဝင်အထွက်ပိတ်ဆို့ပြီး စစ်ဆေးရေးတွေ တင်းကြပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
ပြည်တော်သာရပ်ကွက် ဂန့်ဂေါလမ်းပေါ် ဆိုင်ကယ်နဲ့ ထွက်လာတဲ့ ဟားခါးမြို့မရဲစခန်းက ရဲတပ်သား ၂ ဦးကို ပစ်သတ်ခံရပြီး နေရာမှာတင် သေဆုံးခဲ့ပြီး အလောင်းကို ဟားခါးဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒေသခံတစ်ဦးက “ CDF – Hakha က ပစ်သတ်တာလို့ ပြောတယ် စစ်ကောင်စီဘက်ကတော့ အဲဒီဖြစ်စဉ်ဖြစ်ပြီးနောက် မြို့အဝင်အထွက်တွေကို ပိတ်လိုက်ပြီး ပြည်တော်သာရပ်ကွက်ဘက်မှာ စစ်ဆေးရေးတွေ တင်းတင်းကျပ်ကျပ်နဲ့ ဆောင်ရွက်နေတယ်လို့ သိရတယ်” လို့ပြောပါတယ်။
ဟားခါးမြို့ပေါ် ရဲတပ်သား ၂ ဦး ပစ်သတ်ခံရတာနဲ့ပက်သက်ပြီး ဟားခါးမြို့နယ်အခြေစိုက် CDF – Hakha တပ်ဖွဲ့ဘက်ကတော့ တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ အခုချိန်ထိ မရှိသေးပါဘူး။

