Headlines

ဖလမ်းမြို့ပြန်ရောက်တာ မကြာသေးတဲ့ ကျောင်းဆရာတစ်ဦး နေအိမ်အတွင်း သေဆုံး

ဇွန်လ ၈ ရက်။

ချင်းပြည်နယ်၊ ဖလမ်းမြို့ကို နေရပ်ပြန်ရောက်တာ မကြာသေးတဲ့ ကျောင်းဆရာတစ်ဦးကို မနေ့ဇွန်လ (၇) ရက်နေ့ နေ့လည်လောက်မှာ သူ့ရဲ့နေအိမ်အတွင်း သေဆုံးလျက် ခန္ဓာကိုယ်အလောင်းကို ဒေသခံတွေက တွေ့ရှိခဲ့ကြတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒေသခံတစ်ဦးက “အရက်သောက်တာများသွားလို့ ဆုံးသွားတာဖြစ်ဖို့များတယ်လို့ ထင်နေကြတယ် အခုဆုံးသွားတဲ့သူက ကျောင်းဆရာလို့ပြောတယ် ဖလမ်းကို ပြန်ရောက်လာတာလည်း မကြာသေးဘူးနဲ့တူတယ် သူ့အလောင်းကို မနေ့ နေ့လည်လောက်မှာတွေ့တာဖြစ်တယ် သူသေဆုံးတဲ့ရက်အတိအကျတော့ မသိရဘူး ဆုံးသွားတာ ၁ , ၂ , ၃ ရက်ကြာသွားတာလည်း ဖြစ်နိုင်တယ် သေဆုံးတဲ့အချိန်မှာတော့ နေအိမ်မှာ သူတစ်ယောက်ထဲ ရှိတယ်နဲ့တူတယ်” လို့ပြောပါတယ်။

ကွယ်လွန်သွားတဲ့ ကျောင်းဆရာ U Kim Za Piang ဟာ အိန္ဒိယ – မြန်မာနယ်စပ် ဇိုခေါဒါရ် ဘက်ကနေ ဖမ်းလမ်းမြို့ကို ပြီးခဲ့တဲ့ ဇွန်လ ၅ ရက်နေ့ကမှ ရောက်ရှိလာတာဖြစ်ပြီး ရောက်ပြီး ရက်ပိုင်းအတွင်းမှာဘဲ ဖလမ်းမြို့ ၊ ဖာရ်ထောက်ရပ်ကွက်က နေအိမ်တစ်လုံးမှာ သေဆုံးလျက် ရှိတာကို ဒေသခံတွေက တွေ့ကြတာလည်းဖြစ်ပါတယ်။

ကွန်လွန်သွားတဲ့ U Kim Za Piang ရဲ့ ရုပ်အလောင်းကို ၎င်းရဲ့ ဇာတိကျေးရွာဖြစ်တဲ့ Bualkhua ကျေးရွာကို ပို့ဆောင်ထားတယ်လို့လည်း သိရပါတယ်။

ဖလမ်းမြို့ကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်လိုက်ပြီးနောက် ဌာနဆိုင်ရာအသီးသီးက ဝန်ထမ်းတွေ ၊ ဝန်ထမ်းမိသားစုတွေ ရာချီဟာ ဖလမ်းမြို့ကို ပြန်လည်အခြေချလာကြတာဖြစ်ပြီး ရုံးတွေ ကျောင်းတွေကိုလည်း ဇွန်လ ၁ ရက်နေ့ကစလို့ ပြန်လည် ဖွင့်လှစ်နေပြီလို့လည်း ဒေသခံတွေကပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *