Headlines

ပလက်ဝမြို့နယ်က စက်လှေသမားတစ်ဦး ရခိုင်ပြည်နယ်အတွင်း ကုန်ပစ္စည်းပို့ရင်း နေရပ်ပြန်မရောက်နိုင်လို့ မိသားစုဝင်တွေ စိတ်ပူပန်နေကြ

ဇွန်လ ၁ ရက်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ကိုဖေရှေကျေးရွာနေ အသက် ၃၂ နှစ်ဝန်းကျင်အရွယ်ရှိ ချင်းအမျိုးသား တစ်ဦး ရခိုင်ပြည်နယ်အတွင်း ကုန်ပစ္စည်းပို့ဆောင်ခဲ့ရာကနေ ပြန်မရောက်တော့တာ ရက်သတ္တပတ် ကြာတဲ့အထိ ဘာသတင်းအစအနမှ မသိရတာကြောင့် မိသားစုဝင်တွေ စိတ်ပူနေတဲ့ကြောင်း Chin World Media ကို ပြောပါတယ်။

မိသားစုဝင်တစ်ဦးက “ စက်လှေနဲ့ ရခိုင်ပြည်နယ်အတွင်း ကုန်စည်ပို့ဆောင်ရင်း ပြန်မရောက်လာတာ (၇) ရက် တစ်ပတ်ပြည့်သွားပြီ သူ့အသက်က ၃၂ ဝန်းကျင်လောက်ရှိပြီ ။ စက်လှေကိုတော့ ရခိုင်ပြည်နယ်ရဲ့ ကျေးရွာတစ်ရွာမှာ ရှိနေတယ်လို့ ပြောကြပေမယ့် လူကိုတော့ ဘာသတင်းအစအနမှ မသိရဘူး အကယ်လို့ အေအေ လက်နက်ကိုင်တွေကအနေနဲ့ ဖမ်းဆီးထိန်းသိမ်းထားတယ်ဆိုရင်လည်း ပြန်လွှတ်ပေးစေချင်ပါတယ် ဘာလို့လဲဆိုရင် လှေသမားတွေက ပစ္စည်းပိုင်ရှင်တွေရဲ့ အလိုအတိုင်း လိုက်လုပ်ပေးရတ့ အတွက်ကြောင့်မို့ပါ” လို့ပြောပါတယ်။

ပလက်ဝမြို့နယ် ကိုဖေရှေကျေးရွာနေ အသက် ၃၂ နှစ်ဝန်းကျင်အရွယ်ရှိသူဒေသခံတစ်ဦးဟာ ကုန်ပစ္စည်းတွေ သယ်ယူပို့ဆောင်နေတဲ့ စက်လှေသမားတစ်ဦးဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်း ကုန်ပစ္စည်းပို့ဆောင်ခဲ့ရာ ဒီကနေ့ အချိန်အထိ နေရပ်ဒေသပြန်မရောက်လာသလို သတင်းအစအနလည်း မိသားစုဝင်တွေ မသိရတာကြောင့် မိသားစုဝင်တွေက စိတ်ပူနေကြတာဖြစ်ပါတယ်။

ချင်းပြည်နယ်နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ရခိုင်ပြည်နယ် နေရာအများစုကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်ထိန်းချုပ်ထားပြီး အုပ်ချုပ်ရေးလုပ်ငန်းတွေကိုလည်း ဆောင်ရွက်နေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *