Headlines

အမျိုးသားလွှတ်တော်၊ပြည်သူ့လွှတ်တော်နေရာမှာ ချင်းပြည်နယ်မှ အနိုင်ရရှိသော လွှတ်တော်ကိုယ်စားလှယ်များ စာရင်း ထုတ်ပြန်

Myanmar delegates attend a parliament session in Naypyidaw on August 16, 2013. Myanmar’s quasi-civilian government has announced a series of political and economic reforms since coming to power in 2011 after the end of nearly half a century of military rule. AFP PHOTO / YE AUNG THU

ဇန်နဝါရီလ ၅ ရက်။

ဒီဇင်ဘာလ ၂၈ ရက်က ချင်းပြည်နယ် ဟားခါးနဲ့တီးတိန်မြို့နယ်မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲအပိုင်း (၁) မှာ အမျိုးသားလွှတ်တော်၊ပြည်သူ့လွှတ်တော်နေရာမှာ ချင်းပြည်နယ်မှ အနိုင်ရရှိသော အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၈ ယောက် နဲ့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၂ ယောက်စာရင်းကို ဇန်နဝါရီလ ၅ ရက်နေ့မှာ စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေငြာပါတယ်။

အမျိုးသားလွှတ်တော်နေရာမှာ ချင်းပြည်နယ်ကိုယ်စားပြုပြီး အနိုင်ရရှိသော လွှတ်တော်ကိုယ်စားလှယ် ၈ ယောက်ဟာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီက ၆ ယောက်နဲ့ ဇိုမီးအမျိုးသားပါတီက ၂ ယောက်ဖြစ်ကာ ပြည်သူ့လွှတ်တော်နေရာမှာ ဟားခါးနဲ့တီးတိန်မြို့နယ်က အနိုင်ရရှိတဲ့လွှတ်တော်ကိုယ်စားလှယ် ၂ ယောက်ဟာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီကဖြစ်ပါတယ်။

စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲအပိုင်း ၂ ကို ၂၀၂၆ ဇန်နဝါရီလ ၁၁ ရက်နေ့နှင့် ရွေးကောက်ပွဲ အပိုင်း ၃ ကိုတော့ ဇန်နဝါရီလ ၂၅ ရက်နေ့မှာ ဆက်လက် ကျင်းပပြုလုပ်သွားမယ်လို့ ထုတ်ပြန်ကြေငြာထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *