Headlines

ချင်းညီနောင်ကို အစဉ်တစိုက် ထောက်ပံ့ကူညီတဲ့ AA နဲ့ မဟာမိတ်တွေအပေါ် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်တယ်လို့ ချင်းညီနောင် ၂ နှစ်ပြည့်မှာ ထုတ်ပြန်

ဒီဇင်ဘာလ ၃၀ ရက်။

ချင်းညီနောင်အဖွဲ့ကို အစဉ်တစိုက် ထောက်ပံ့ကူညီပေးတဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော်(ULA/AA)နှင့် တော်လှန်ရေးမဟာမိတ် တွေနဲ့ နိုင်ငံတကာက ​ေတာ်လှန်ပြည်သူတွေအားလုံးအပေါ် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်တယ်လို့ ချင်းညီနောင်ဖွဲ့စည်းတည်ထောင်ခြင်း ၂ နှစ် ပြည့်တဲ့ ဒီကနေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ ချင်းညီနောင်အဖွဲ့က ထုတ်ပြန်ပါတယ်။

ချင်းညီနောင် စစ်ဆင်ရေးတွေမှာ အသက်၊ သွေး၊ ချွေး နှင့် အနာဂတ်ကို စွန့်လွှတ်ပေးဆပ် တိုက်ပွဲဝင်ရင်း ထိခိုက်ဒဏ်ရာရ ရဲဘော်တွေ ကျဆုံးသွားတဲ့ ချင်းညီနောင်ရဲဘော်တွေနဲ့ မဟာမိတ်ရဲဘော်တွေ အားလုံးကိုလည်း လေးနက်စွာ တန်ဖိုးထား ဂုဏ်ယူအောက်မေ့ ကြောင်း ချင်းညီနောင် ၂ နှစ်ပြည့်မှာ ထုတ်ပြန်ထားပါတယ်။

ပြည်သူလူထု ထောက်ခံမှု မဟာမိတ်တွေရဲ့ ထောက်ပံ့ကူညီမှုတွေကြောင့် ချင်းညီနောင် အဖွဲ့ဝင်တွေ အခြေစိုက်ရာ မတူပီမြို့နယ်၊ မင်းတပ်မြို့နယ်၊ ကန်ပက်လက်မြို့နယ်၊ ဖလမ်းမြို့နယ် ၊ မရာဒေသနှင့် ဒိုင်ရ်ဒေသတွေမှာ စစ်ကော်မရှင်ကို မောင်းထုတ်နိုင်ခဲ့သလို တီးတိန်မြို့နယ်နဲ့ ချင်းပြည်နယ် တခုလုံး စစ်ကော်မရှင် ကင်းစင်စေရေး ကြိုးပမ်းသွားမယ်လို့လည်း ချင်းညီနောင်က ထုတ်ပြန်ထားပါတယ်။

ချင်းညီနောင်အဖွဲ့အနေဖြင့် ချင်းပြည်နယ်နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု နိုင်ငံတော်သစ်ပေါ်ပေါက်လာသည်ထိ အားသွန်ခွန်စိုက်ပါဝင်မှာဖြစ်သလို အကြမ်းဖက်စစ်အာဏာရှင်စနစ် အမြစ်ဖြတ် တော်လှန်တိုက်ပွဲဝင် တော်လှန်ရေးအင်အားစုတွေနဲ့လည်း ယခုထက် ပိုမိုခိုင်မာတဲ့ ဆက်ဆံရေတည်ဆောက်ကာ အတူလက်တွဲတိုက်ပွဲဝင်သွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ချင်းလက်နက်ကိုင်တော်လှန်ရေးအင်အားစု (၆) ဖွဲ့ဖြစ်တဲ့ CNO ./ CNDF ၊ CDF – Mindat ၊ MRO / CDF – Matupi ၊ MTC / MDF ၊ CDF – Kanpetlet နဲ့ ZFU / PDF – Zoland တို့ ဖြင့်ဖွဲ့စည်းထားတဲ့ ချင်းညီနောင်အဖွဲ့ဟာ အဖွဲ့ ဖွဲ့စည်းတာ ဒီကနေ့မှာ ၂ နှစ်ပြည့်တာလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *