
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ကနေ ကလေးမြို့ကို စစ်ဘေးရှောင်လာရောက်နေထိုင်ကြတဲ့သူတွေနဲ့ ကလေးမြို့နေထိုင်သူတွေ အတူတကွ မိတ်သဟာယဖွဲ့ပြီး ညစာအတူစားတာတွေကို ချင်းတောင်ခြေ စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၆ ရက်နေ့က ပြုလုပ်ခဲ့တယ်လို့ ပွဲမှာပါဝင်သူတစ်ဦးကပြောပါတယ်။
ပွဲမှာပါဝင်ခဲ့သူတစ်ဦးက “ မနှစ်ကစလို့ ဒီကို တောင်ပေါ်ဒေသ အဓိကတော့ ဖလမ်းဘက်ကနေ စစ်ဘေးရှောင်လာနေကြတဲ့ ညီအစ်အကိုမောင်နှမတွေနဲ့ မိတ်သဟာယ ဖွဲ့တဲ့သဘောဖြစ်တယ် ချင်းသီချင်းတွေ၊ ချင်းအကလေးတွေ ဖျော်ဖြေရေးအစီစဉ်နဲနဲလုပ်တယ် နောက်ပြီး ညစာအတူစားကြတယ် အဲလောက်ပါပဲ အဓိကတော့ အခြေအနေအမျိုးမျိုးကြောင့် စိတ်သောက ဖြစ်ကြပေမယ့် အတူတကွပျော်ပွဲလေး အကျဉ်းခြုံးနဲ့ ကျင်းပကြတဲ့ သဘောပေါ့” လို့ပြောပါတယ်။
ချင်းတောင်ဘက်ကနေ စစ်ဘေးရှောင်လာကြသူတွေနဲ့ ကလေးမြို့ခံတွေ အတူတကွ မိတ်သဟာယဖွဲ့ အခန်းအနားကို ဖလမ်းမြို့ပေါ်ကနေ စစ်ဘေးရှောင်လာကြသူတွေ ရွာတွေဘက်ကနေ စစ်ဘေးရှောင်လာကြသူတွေလည်း ပါဝင်ပြီး မြို့ခံလူဦးရေ အယောက် ၅၀ အပါအဝင် စုစုပေါင်း အယောက် ၁၀၀ ဝန်းကျင်လောက် ပါဝင်ခဲ့ကြတယ်လို့ သိရပါတယ်။
အဲဒီမိတ်သယာယဖွဲ့ခြင်းအခမ်းအနားမှာ ဖလမ်းချင်းလူမျိုးနွယ်စုထဲက သီချင်းဆိုသူ တချို့ပါဝင်ပြီး သီချင်းသီဆိုတာတွေ ချင်းအက တွေနဲ့ ပျော်ရွှင်စွာ ကျင်းပပြုလုပ်ခဲ့ကြတယ်လို့လည်း ပွဲမှာပါဝင်တက်ရောက်သူတွေဆီကနေ သိရပါတယ်။

