Headlines

ရွေးကောက်ပွဲ အပိုင်း (၂) မှာ ချင်းပြည်နယ်ရှိ မြို့နယ်များ ပါဝင်ခြင်း မရှိ

အောက်တိုဘာလ ၂၈ ရက်။

စစ်ကော်မရှင်မှ ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း (၂) ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် မြို့နယ်ပေါင်း ၁၀၀ မြို့နယ်တွင် ပြုလုပ်မှာဖြစ်ကြောင်း၊အဆိုပါ မြို့နယ် ၁၀၀ စာရင်းမှာ ချင်းပြည်နယ်ရှိ မြို့နယ်များ ပါဝင်ခြင်း မရှိကြောင်း ဒီကနေ့ အောက်တိုဘာလ ၂၈ ရက်မှာ စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်တဲ့ စာရင်းများ အရ သိရှိခဲ့ ရပါတယ်။

အထွေထွေရွေးကောက်ပွဲ အပိုင်း (၁)ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင် ပြုလုပ်မည် ဖြစ်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ရွေးကောက်ပွဲ ပြုလုပ်ရန် လျာထားသည့် စာရင်းတွင် ပါရှိသည့် ချင်းပြည်နယ်ရှိ မြို့နယ် ၅ ခု ထဲမှ ဟားခါးမြို့နယ် နှင့် တီးတိန်မြို့နယ်တို့ ပါဝင် မှာဖြစ်ပါတယ်။

ရွေးကောက်ပွဲ အပိုင်း (၂) ကို ပြည်နယ် နှင့် တိုင်းဒေသကြီး စုစုပေါင်း ၁၂ ခုရှိ မြို့နယ် ပေါင်း ၁၀၀ မြို့နယ်တွင် ပြုလုပ်မှာ ဖြစ်ပြီး ချင်းပြည်နယ် နှင့် ရခိုင်ပြည်နယ် ရှိ မြို့နယ်များ ပါဝင်ခြင်း မရှိသည်ကို ကြေငြာချက် ပူးတွဲပါ ဇယား အရ တွေ့ရှိရပါတယ်။

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စတင် ပြုလုပ်ခဲ့မည့် အထွေထွေ ရွေးကောက်ပွဲကို အပိုင်း ၃ ခုခွဲပြီး ၂၀၂၆ ဇန်နဝါရီလ မကုန်ခင်အပြီးသတ် ပြုလုပ်သွားမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က နိုင်ငံရေးပါတီများ နှင့် တွေ့ဆုံပွဲတွင် ပြောကြားသွားတယ် လို့လည်း ချင်းပြည်နယ် အတွင်း ယှဉ်ပြိုင်ကြမည့် ချင်းပြည်သစ် ကွန်ဂရက်ပါတီ နှင့် ဇိုမီးအမျိုးသားပါတီများ ထံမှ သိရှိခဲ့ရ ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *