Headlines

ချင်းဖိုက်တာဆလိုင်းဂျွန်မွှတ် မွေထိုင်းပွဲမှာအနိုင်ရ

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဒီကနေ့စက်တင်ဘာလ ၁၈ ရက်နေ့ ထိုင်းစံတော်ချိန် ည ၉ နာရီ မှာ Loikroh Boxing Stadium မှာ ကျင်းပခဲ့တဲ့ မွေထိုင်းပွဲစဉ်တွေမှာ ချင်းဖိုက်တာ ဆလိုင်းဂျွန်မွှတ် (Salai John Hmuak)ဟာ သူ့ပြိုင်ဘက်ကိုအလဲထိုးပြီးအနိုင်ရခဲ့ပါတယ်။

Salai John Hmuak ဟာ ထိုင်းနိုင်ငံမှာ MMA ပွဲနှစ်ပွဲ နဲ့ ဒီညပွဲအပါအ၀င် မွေထိုင်းပွဲ ၂ ပွဲ ထိုးသတ်ခဲ့ပြီးဖြစ်ကာ ပွဲစဉ် ၄ ပွဲလုံးကိုအနိုင်ရရှိ ထားပါတယ်။

အသက် ၂၂ နှစ်အရွယ် ချင်းဖိုက်တာ ဆလိုင်းဂျွန်မွှတ် (Salai John Hmuak)ဟာ ချင်းပြည်နယ် ဖလမ်းမြို့နယ် ထန်လွှားကျေးရွာဇာတိဖြစ်ပြီး ကမ္ဘာ့ထိပ်တန်း MMA ဖိုက်တာ တစ်ယောက်ဖြစ်ဖို့ ထိုင်းနိုင်ငံမှာ ကြိုးစားနေတဲ့ ချင်းလူငယ်ဖိုက်တာ တစ်ဦးလည်း ဖြစ်ပါတယ်။

ချင်းဖိုက်တာ ဆလိုင်းဂျွန်မွှတ်ဟာ MMA ပွဲထိုးခွင့်ရဖို့ ထိုင်းနိုင်ငံမှာ နည်းနည်းအခက်အခဲရှိတာကြောင့် မွေထိုင်းပွဲကို အတွေ့အကြုံလိုချင်လို့ ထိုးတာဖြစ်တယ်လို့ Chin World Media နဲ့အင်တာဗျူးမှာ သူကပြောခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *