Headlines

မင်းတပ် – မတူပီကြားမှာ အမျိုးသမီးတစ်ဦးကို လုယက်သတ်ဖြတ်သူကို ဖမ်းမိ

စက်တင်ဘာလ ၄ ရက်။

ချင်းပြည်နယ် ၊ မင်းတပ် – မတူပီ ကြား မိုင် ၇၀ ဝန်းကျင်က လေရှိရွာမှာ ဒီကနေ့ စက်တင်ဘာလ ၄ ရက်နေ့မှာ အသက် ၃၀ ဝန်းကျင်အရွယ်အမျိုးသမီးတစ်ဦးကို ငွေနဲ့ပစ္စည်းလုယက်ပြီး ဓားနဲ့ထိုးသတ်ခဲ့တဲ့တရားခံအမျိုးသားကိုတခါတည်းဖမ်းမိတယ်လို့ မင်းတပ်ဒေသခံတွေဆီကနေ သိရပါတယ်။

ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) ကတာဝန်ရှိသူ ဆလိုင်းယောမာန်က “ဒီကနေ့ ဖြစ်ပျက်ခဲ့ပါတယ် တရားခံကို ဖမ်းဆီးရမိပါတယ် မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့က ဖမ်းဆီးချုပ်နှောင်ထားပြီး တည်ဆဲဥပဒေနှင့် အရေးယူသွားမှာပါ” လို့ပြောပါတယ်။

လုယက်ပြီး လူသတ်မှုကျူးလွန်ခဲ့သူဟာ ယောနယ်မှ အမျိုးသားတစ်ဦးလို့လည်း သိထားရပြီး အုပ်စုဖွဲ့ကျူးလွန်ခြင်းလား၊ တစ်ဦးတစ်ယောက်ထဲ ကျူးလွန်တာမျိုုးလားဆိုတာ စုံစမ်းနေကြဆဲဖြစ်တယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *