Headlines

ဟွာငိုးရမ်းဒေသအတွင်း အဓိကလမ်းမကြီးမှာ ၆ ဘီး(ရှည်)၊ ၁၀ ဘီးကားနဲ့အထက် ယာဉ်ကြီးတွေ ဇွန်လ ၁၅ ရက်ကနေ အောက်တိုဘာလ ၃၁ ရက်နေ့အထိ ဖြတ်သန်းခြင်းမလုပ်ဖို့ ထုတ်ပြန်

ဇွန်လ ၁၁ ရက်။

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရိဒ်ခေါဒါရ်မြို့ ဟွာလ်ငိုးရမ်းဒေသအတွင်းက အဓိကလမ်းမကြီးတွေမှာ ၆ဘီး (ရှည်) ၊ ၁၀ ဘီးကားနဲ့ အထက် ယာဉ်ကြီးတွေ ဇွန်လ ၁၅ ရက်နေ့ကနေ အောက်တိုဘာလ ၃၁ ရက်နေ့အတွင်း ဖြတ်သန်းသွားလာခြင်း မလုပ်ဖို့ Hualngo People’s Organization(HPO/CDF-Hualngoram ) က ဇွန်လ ၁၁ ရက်နေ့မှာ အသိပေးထုတ်ပြန်ထားပါတယ်။

မိုးတွင်းကာလ လမ်းပိုမိုပျက်စီးခြင်းကနေ ကာကွယ်ဖို့နဲ့ လမ်းအသုံးပြုသူတွေ ပိုမိုချောမောစွာ သွားလာနိုင်ရန် နဲ့ ဖြတ်သန်းသွားလာမယ့် ကားတွေ အန္တရာယ်များတာတွေကြောင့် အခုလို ပိတ်ရတာဖြစ်တယ်လို့ ဟွာလ်ငိုးရမ်းဒေသ လမ်းတာဝန်ခံ အင်ဂျင်နီယာ Pu Lalvenpuia ကပြောပါတယ်။

“လောလောဆယ်တော့ တိုက်ပွဲကြောင့် ကားတွေ တက်မလာနိုင်ကြသေးဘူးဆိုပေမယ့် ကြိုတင် အသိပေးတဲ့ သဘောပါ ကျနော်တို့ ဟွာလ်ငိုးရမ်းဒေသ လမ်းမကြီးတွေကို ဇွန်လ ၁၅ ရက်နေ့ကနေ အောက်တိုဘာလ ၃၁ ရက်နေ့အထိ ကားအကြီး ၆ ဘီးအရှည်နဲ့ အထက် ပိတ်ထားမယ်။ မိုးတွင်းလမ်းသားအိကျပြီးတော့ လမ်းပျက်စီးမှုများလွန်းတာရယ် ကားအတွက်အန္တရာယ်များလို့ ပိတ်တာပါ။ နှစ်တိုင်းပိတ်နေကြပါ မိုးတွင်းမှာက forland နဲ့ ၆ ဘီး အတိုတွေ အထိတော့ သွားလာခွင့်ပြုထားမယ်” ဟွာလ်ငိုးရမ်း လမ်းတာဝန်ခံ အင်ဂျင်နီယာ Pu Lalvenpuia ကပြောပါတယ်။

အိန္ဒိယ – မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ ရိဒ်ခေါဒါရ်မြို့၊ဟွာလ်ငိုးရမ်းဒေသအတွင်းက အဓိကလမ်းမတွေကနေ ရိဒ် -တီးတိန် – ဖလမ်း – ကလေး စတဲ့ဒေသတွေကို ဆက်သွယ်သွားလာလို့ရတဲ့ ကုန်သွယ်ရေးလမ်းမကြီးတွေလည်းဖြစ်ပါတယ်။

ဖလမ်းမြို့နယ် ၊ ရိဒ်ခေါ်ဒါရ်မြို့ကို CDF – Hualngoram ပါဝင်တဲ့ Chinland Council ပူးပေါင်းတပ်ဖွဲ့က ၂၀၂၃ ခုနှစ် နိုဝင်ဘာလကုန်မှာ သိမ်းပိုက်ခဲ့ပြီး မြို့အုပ်ချုပ်ရေးတွေကို CDF – Hualngoram က ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *