Headlines

မြန်မာအပါအဝင် နိုင်ငံပေါင်း ၁၉ ခုမှ နိုင်ငံသားများ အမေရိကန်နိုင်ငံကို ဝင်ရောက်ခွင့် ပိတ်ပင်တဲ့ အမိန့်ကို အမေရိကန်သမ္မတ ထရမ့်က လက်မှတ်ရေးထိုး

ဇွန်လ ၅ ရက်။

အမေရိကန်နိုင်ငံရဲ့အမျိုးသားလုံခြုံရေးနှင့် ပြည်သူ့လုံခြုံရေးအန္တရာယ်များမှကာကွယ်ရန် မြန်မာအပါအဝင် နိုင်ငံပေါင်း ၁၉ နိုင်ငံမှ နိုင်ငံသားများအနေဖြင့် အမေရိကန်နိုင်ငံသို့ ခရီးသွားလာဝင်ရောက်ခွင့် တားမြစ်ပိတ်ပင်တဲ့ အမိန့်ကို အမေရိကန်သမ္မတ ထရမ့်က လက်မှတ်ရေးထိုးလိုက်ကြောင်း CBS သတင်းမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံသားများကို အမေရိကန်ကို ဝင်ရောက်ခွင့် လုံး၀ ပိတ်ပင်ခြင်းရမှာ အမေရိကန်နိုင်ငံမှာ မြန်မာနိုင်ငံသားများ ဗီဇာသက်တမ်းကျော်လွန်နေထိုင်မှုများပြားခြင်းကြောင့်ဖြစ်ပြီး B1/B2 ဗီဇာဖြင့် သက်တမ်းလွန်နေထိုင်မှု ၂၇ ဒသမ ၀၇ ရာခိုင်နှုန်း၊ F၊ M နှင့် J ဗီဇာ သက်တမ်းလွန်နေထိုင်မှု ၄၂ ဒသမ ၁၇ ရာခိုင်နှုန်းရှိကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံက အမေရိကန်က ဖယ်ရှားသော နိုင်ငံ သားများကို ပြန်လည် လက်ခံရန် ပူးပေါင်းဆောင်ရွက်ခြင်းမရှိကြောင်း အမေရိကန်သမ္မတအိမ်ဖြူတော်က သတင်းထုတ်ပြန်ထားပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ တရားဝင်အမြဲတမ်းနေထိုင်ခွင့်ရထားသူများ ၊ လက်ရှိရှိရင်းစွဲ ဗီဇာကိုင်ဆောင်သူများ၊ တချို့သောဗီဇာအမျိုးအစား များနှင့် အမေရိကန်အမျိုးသားအကျိုးစီးပွားကို ဆောင်ရွက်ပေးတဲ့ လူပုဂ္ဂိုလ်များအတွက် ခြွင်းချက်အနေဖြင့် အမေရိကန်သို့ နေထိုင် ဝင်ရောက်သွားလာခွင့် ဆက် လက် ခွင့်ပြုထားကြောင်း သိရပါတယ်။

အမေရိကန်နိုင်ငံကို ဝင်ရောက်ခွင့် ပိတ်ပင်တဲ့ ၁၉ နိုင်ငံစာရင်းမှာ မြန်မာနိုင်ငံဟာ အမေရိကန်နိုင်ငံကို ခရီးသွားလာရောက်ခွင့် လုံးဝပိတ်ပင်ခံရတဲ့ နိုင်ငံပေါင်း ၁၂ နိုင်ငံမှာပါဝင်ကြောင်း၊ အာဖဂန်နစ္စတန်၊ မြန်မာ (ဗမာ)၊ ချဒ်၊ ကွန်ဂိုသမ္မတနိုင်ငံ၊ အီကွေတာရီယယ်ဂီနီအီရီထရီးယား၊ ဟေတီ၊ အီရန်၊ လစ်ဗျား၊ ဆိုမာလီယာ၊ ဆူဒန်၊ ယီမင် စုစုပေါင်း နိုင်ငံပေါင်း ၁၂ ခုမှ နိုင်ငံသားများကို အမေရိကန်သို့ ဝင်ရောက်ခွင့် လုံး၀ အပြည့်အဝပိတ်ပင်လိုက်ကြောင်း၊အမေရိကန်နိုင်ငံသို့ ဝင်ရောက်ခွင့် တစ်စိတ်တစ်ပိုင်း ကန့်သတ်ခံရတဲ့ နိုင်ငံပေါင်း ၇ ခု မှာ ဘူရွန်ဒီ၊ ကျူးဘား၊ လာအို၊ ဆီယာရာလီယွန်၊ တိုဂို၊ တာ့ခ်မင်နစ္စတန်နှင့် ဗင်နီဇွဲလားတို့ပါဝင်ကြောင်း သိရှိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *