Headlines

အမေရိကန်က ပြည်ဝင်ခွင့်ပိတ်ဖို့သုံးသပ်နေတဲ့ နိုင်ငံ ၄၀ ကျော်စာရင်းမှာ မြန်မာ ပါဝင်နေ

မတ်လ ၁၅ ရက်။

Trump အစိုးရအဖွဲ့ဟာနိုင်ငံပေါင်းဒါဇင်နှင့်ချီသော နိုင်ငံသားများအတွက် ခရီးသွားလာခွင့် ကန့်သတ်ချက်အသစ်တစ်ရပ်ကို ထုတ်ပြန်ရန် စဉ်းစားနေကြောင်း ပြည်ဝင်ခွင့်ပိတ်ဖို့သုံးသပ် နေတဲ့ နိုင်ငံ ၄၀ ကျော်စာရင်းမှာ မြန်မာ ပါဝင်နေကြောင်း Reuters သတင်းအရ သိရပါတယ်။

အမည်မဖော်လိုသူ အမေရိကန်အရာရှိတစ်ဦးက စာရင်းတွင် အပြောင်းအလဲများ ဖြစ်နိုင်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Marco Rubio အပါအဝင် အုပ်ချုပ်ရေးအဖွဲ့မှ အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း သတိပေးထားပါတယ်။

ပြည်ဝင်ခွင့်ပိတ်ဖို့သုံးသပ် နေတဲ့ နိုင်ငံ ၄၀ ကျော်စာရင်းမှာ နိုင်ငံပေါင်း ၄၃ နိုင်ငံကို သီးခြားအုပ်စုသုံးစုခွဲပြီး စာရင်းပြုစုထားပါတယ်။

အမေရိကန်ကို ဝင်ရောက်ခွင့် လုံးဝကန့်သတ်ထားတဲ့ အနီရောင်စာရင်းမှာ နိုင်ငံပေါင်း ၁၁ နိုင်ငံထိ ပါဝင်နေပြီး အာဖဂန်နစ္စတန်၊ ဘူတန်၊ ကျူးဘား၊ အီရန်၊ လစ်ဗျား၊ မြောက်ကိုရီးယား၊ ဆိုမာလီယာ၊ ဆူဒန်၊ ဆီးရီးယား၊ ဗင်နီဇွဲလားနဲ့ ယီမင် နိုင်ငံတို့ ဖြစ်ပါတယ်။

ခရီးသွားလာမှုကို အလုံးစုံပိတ်ပင်ခြင်းမဟုတ်ပေမယ့် ကန့်သတ်မှုအချို့ထားမယ့် ၁၀ နိုင်ငံကတော့ လိမ္မော်ရောင်စာရင်းမှာ ပါဝင်နေပါတယ်။ ဒီကန့်သတ်ချက်မှာတော့ ချမ်းသာကြွယ်ဝတဲ့ လုပ်ငန်းရှင်တွေကိုသာ ဝင်ခွင့်ပြုမှာဖြစ်ပြီး လူဝင်မှုကြီးကြပ်ရေးဗီဇာ နဲ့ ခရီးသွားဗီဇာသမားတွေကတော့ ကန့်သတ်ချက်တွေနဲ့ ရင်ဆိုင်ရမှာပါ။
ဒီနိုင်ငံသားတွေဟာ ပြည်ဝင်ခွင့်ရရှိဖို့အတွက် မဖြစ်မနေ လူကိုယ်တိုင် အင်တာဗျူးခံရမှာဖြစ်ပြီး ဘီလာရုစ်၊ အီရီထရီးယား၊ ဟေတီ၊ လာအို၊ မြန်မာ၊ ပါကစ္စတန်၊ ရုရှား၊ ဆီရာလီယွန်၊ တောင်ဆူဒန်၊ တာ့ခ်မင်နစ္စတန် နိုင်ငံတို့ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *