
ဖေဖော်ဝါရီလ ၁၇ ရက်။
မလေးရှားနိုင်ငံမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့က အိမ်မှာ အကြမ်း ဖက်အသတ်ခံလိုက်ရတဲ့ အသက် (၃၆) နှစ်ဝန်းကျင်အရွယ်ရှိ ကလေးမိခင် ချင်းအမျိုးသမီးကို သတ်ခဲ့တဲ့ တရားခံမြန်မာနိုင်ငံသားကို ဖေဖော်ဝါရီ ၁၆ ရက် နေ့လည် ၂ နာရီလောက်မှာ ဖမ်းဆီးထိန်းသိမ်းလိုက်ပြီလို့ Dai Community in Malaysia ရုံးက မူခင်းတာဝန်ခံ Ko Hung Naing ကပြောပါတယ်။
လူသတ်တရားခံက သူသတ်တယ်ဆိုတာ ဝန်ခံလို့ မနေ့ နေ့လည် ၂ နာရီလောက်မှာ Dai Community in Malaysia နဲ့ အစိုးရအာဏာပိုင်တွေ ပူးပေါင်းကာ တရားခံကို ဖမ်းဆီးအပ်နှံနိုင်ခဲ့တာလို့ Dai Community in Malaysia ရုံးက မူခင်းတာဝန်ခံ Ko Hung Naing ကပြောပါတယ်။
“လူသတ်သွားတဲ့ တရားခံက မြန်မာနိုင်ငံသားပါဘဲ သူသတ်တယ်ဆိုတာ ဝန်ခံတယ် ကျနော်တို့ရုံးက နဲ့ အာဏာပိုင်တွေ ပူးပေါင်းပြီး သူ့နေရာကိုသွားပြီး နေ့လည် ၂ နာရီလောက်မှာ သွားဖမ်းတယ် တရားခံရဲ့ လက်တွေမှာလည်း အခင်းဖြစ်တုန်းက ဒဏ်ရာတွေလည်း ရှိတယ် အမျိုးသမီးက ပြန်ခုခံတဲ့ချိန်က ရခဲ့တဲ့ ဒဏ်ရာတွေလည်းရှိတယ် အဓိက သောက်စားရင်းနဲ့ မူးပြီးဖြစ်သွားတဲ့ ပုံစံဖြစ်တယ်” လို့ Dai Community in Malaysia ရုံးက မူခင်းတာဝန်ခံ Ko Hung Naing ကပြောပါတယ်။
သေဆုံးသွားခဲ့ရတဲ့ အမျိုးသမီးဟာ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကနေ မလေးရှားနိုင်ငံမှာ နေထိုင်တဲ့ အသက် ၃၆ နှစ်အရွယ် အသက် (၉) နှစ်အရွယ် ကလေးတစ်ဦးရဲ့မိခင်ဖြစ်ပြီး သူ့အမျိုးသား Seremban ကို အလည်သွားတဲ့ချိန် သူမနေအိမ်အခန်းထဲမှာ အကြမ်းဖက် အသတ်ခံရတာဖြစ်ပြီး သေဆုံးသူသူမအလောင်းကို သူ့အမျိုးသား ပြန်လာချိန်မှသာ တွေ့ရှိခဲ့တာလည်းဖြစ်ပါတယ်။
မလေးရှားရဲတပ်ဖွဲ့က သေဆုံးတဲ့သူရဲ့ အမျိုးသားနဲ့ အိမ်ဌားနေတဲ့သူတွေအပါအဝင် ပတ်သက်ဆက်နွယ်သူ ၆ ဦးကို စစ်ဆေးဖို့ ခေါ်ဆောင်ထားကာ တရားခံအမှုဆောင်ရွက်တာအားလုံးပြီးစီးမှသာ ပြန်လွတ်မှာဖြစ်တယ်လို့လည်း သိရပါတယ်။