
ဖေဖော်ဝါရီလ ၁၄ ရက်။
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကနေ မလေးရှားနိုင်ငံမှာ နေထိုင်နေတဲ့ ချင်းလူမျိုး အမျိုးသမီး ၃၆ နှစ်ဝန်းကျင်အရွယ်ရှိသူ တစ်ဦးဟာ ဒီကနေ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ အိမ်မှာအကြမ်းဖက်သတ်ဖြတ်ခံရတာကိုတွေ့ရှိရကြောင်း Dai Community in Malaysia ရုံးက မှုခင်းတာဝန်ခံ Ko Hung Naing ကပြောပါတယ်။
သေဆုံးသူရဲ့ အမျိုးသားဟာ ယမန်နေ့က Seremban ကိုအလည်သွားခဲ့ပြီး မနေ့ညက သူ့အမျိုးသမီးတစ်ယောက်ထဲသာ အိမ်မှာကျန်ခဲ့တဲ့ချိန် တခြားလူဝင်ရောက်ကာ အကြမ်းဖက် သတ်သွားတဲ့ ပုံစံဖြစ်ပြီး ဒီကနေ့မနက် သေဆုံးသွားသူအမျိုးသမီးရဲ့ အမျိုးသား အိမ်ပြန်ရောက်လာချိန်တံခါးဖွင့်ချိန်မှ သေဆုံးနေတာကို တွေ့ရတာလို့ Dai Community in Malaysia ရုံးက မှုခင်းတာဝန်ခံ Hung Naing ကပြောပါတယ်။
“အလောင်းတွေ့တာနဲ့ ကျနော်တို့ကို ဖုန်းခေါ်ပြီးမှ ရဲခေါ်ဖို့ အကြောင်းကြားလာတယ် သေဆုံးမှုဖြစ်စဉ်ကြည့်ရတာ ရိုးရိုးဆုံးသွားတာမဟုတ်ဘဲနဲ့ အိမ်တွင်းမှာ အကြမ်းဖက်ပြီးမှ ဆုံးသွားတဲ့ပုံစံပေါ့ အလောင်းမှာ သွေးတွေတော့ တွေ့တယ်နောက်ပြီး အခန်းထဲမှာ မှန်တွေကွဲထားတယ် တံမြတ်စီးတွေလည်းကျိုးပဲ့နေတာတွေ့တယ် မှန်နဲ့ ဆောင့်မိတယ်လို့ ရဲတွေက ဆွဲချက်ချတယ်ပေါ့” လို့ပြောပါတယ်။
သေဆုံးသွားတဲ့ အမျိုးသမီးနဲ့ သူအမျိုးသားတို့ဟာ မနေ့ည ၈ နာရီခွဲအထိ နောက်ဆုံးဖုန်းပြောခဲ့ကြတာဖြစ်ပြီး နောက်ပိုင်း ၁၀ နာရီခွဲလောက်မှာတော့ ဖုန်းမကိုင်တော့ဘူးလို့ ဒီအခြေအနေကို သိတဲ့ Dai Community in Malaysia ရုံးက မှုခင်းတာဝန်ခံ Hung Naing ကပြောပါတယ်။
မလေးရှားရဲတပ်ဖွဲ့က သေဆုံးသွားတဲ့သူရဲ့ အမျိုးသားအပါအဝင် အိမ်ဌားနေတဲ့သူတွေအပါ စုစုပေါင်း ၄ ဦးကို စစ်ဆေးဖို့ ခေါ်သွားခဲ့ပြီး လက်ရှိအချိန်ထိတော့ တရားခံကို ဖမ်းဆီးနိုင်ခြင်းမရှိသေးဘူးလို့လည်း သိရပါတယ်။