
ဇန်နဝါရီလ ၁၄ ရက်။
တော်လှန်ရေးကာလအတွင်း ကျဆုံးသွားတဲ့ CDF – မတူပီ ၊တပ်မဟာ -၂ ၊တပ်ရင်း(၃)က ကျဆုံးသွားတဲ့ ရဲဘော်တွေကို အောက်မေ့တဲ့ အခမ်းအနားကို ဒီကနေ့ ဇန်နဝါရီလ ၁၄ ရက်နေ့မှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။
CDF – မတူပီ တပ်မဟာ ၂ ပြန်ကြားရေးတာဝန်ခံ ကို Nai John Kim ကလည်း “ စစ်ကောင်စီ အာဏာသိမ်းကတည်းကနေ ဒီကနေ့အချိန်ထိပေါ့ ရရာလက်နက်ဆွဲကိုင်ပြီး ကျနော်တို့ စစ်ကောင်စီကို တိုက်ထုတ်ရင်း တပ်ရင်း (၃) က ရဲဘော် ၅ ဦး ကျသွားတယ် အဲဒီထဲမှာ မိသားစုရှိတဲ့သူတွေပါတယ် တာဝန်ကျေတယ် နိုင်ငံနဲ့တိုင်းပြည်လူမျိုးအတွက် ကျန်ခဲ့တဲ့မိသားစုတွေအပေါ်မှာလည်း အရမ်းဂုဏ်ယူတယ် ကျန်ရှိနေတဲ့ ရဲဘော်တွေ အယောက်ဆီတိုင်းကိုလည်း ဆက်လက်ကျနော်တို့ အဆုံးထိ လျောက်လှမ်းသွားမှာဖြစ်တဲ့အတွက် ကျနော်တို့နဲ့ ကျဆုံးသွားတဲ့ ရဲဘော်တွေနဲ့ ကျနော်တို့ အတူတကွရှိနေပါတယ်ဆိုတဲ့ဟာ ပြောချင်တယ်” လို့ပြောပါတယ်။
CDF – မတူပီ တပ်ရင်း(၃) ထိန်းချုပ်နယ်မြေအတွင်းမှာ ရှိတဲ့ ဌာနဆိုင်ရာ ရုံးတွေပိတ်တာ၊ ဈေးဆိုင်တွေပိတ်၊ ဒေသခံပြည်သူတွေ အလုပ်မဆင်းဘဲ သတိရအောက်မေ့ ဂုဏ်ပြုပေးခဲ့ကြတယ်လို့လည်း သိရပါတယ်။
CDF – မတူပီ တပ်ရင်း(၃)ဟာ CDF – မတူပီ ၊တပ်မဟာ -၂ လက်အောက်ခံ တပ်ရင်းဖြစ်ပြီး Chinland Council နဲ့ လက်တွဲတဲ့ လက်နက်ကိုင်အဖွဲ့အစည်းလည်း ဖြစ်ပါတယ်။