Input your search keywords and press Enter.

Uncategorized

“ကိုဗစ် ၁၉ ကို မျက်ခြည်မပြတ် သတိပြုပါ”

  သွေး (စစ်ကိုင်း) ကိုဗစ် ၁၉ ကပ်ရောဂါဟာ ကမ္ဘာတဝှမ်းရှိ နိုင်ငံများရဲ့ လူမှုစီးပွားရေးကို ထိခိုက်စေခဲ့သလို ရောဂါကူးစက်ပျံ့ပွားမှုကို ထိန်းချုပ်နိုင်ဖို့လည်း နိုင်ငံတိုင်းက ဆက်လက်ကြိုးစားနေရဆဲ ကာလပါ။ အိမ်နီးချင်း အိန္ဒိယနိုင်ငံမှာ ဆိုရင် ကိုဗစ် ၁၉ ကူးစက်ပျံ့ပွားမှု ပြန်လည်မြင့်တက်လာတဲ့ သတင်းတွေလည်း ကြားနေရတာ၊ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ကိုဗစ် ၁၉ ကူးစက်ခံသူပေါင်း ၂၁၆ သန်းထိ ရှိလာနေပြီး သေဆုံးသူပေါင်းလည်း ၄ သိန်းခွဲနီးပါး ရှိလာနေတာတွေကြောင့် မြန်မာနိုင်ငံမှာလည်း ကိုဗစ်ကို မျက်ခြည်မပြတ် သတိပြုဖို့ လိုအပ်နေပါပြီ။ အိန္ဒိယနိုင်ငံဟာ အမေရိကန် ပြီးရင် ကမ္ဘာပေါ်မှာ ကိုဗစ် ၁၉ ကူးစက်မှု ဒုတိယအများဆုံး နိုင်ငံဖြစ်ပါတယ်။…

မင်းတပ်မြို့နယ်မှာ စစ်ဘေးရှောင်များနားခိုဖို့ စစ်ကင်းမဲ့ဇုံ လိုနေ

  Salai Hung Tun Gei “ မြို့ပေါ်မှာ မလုံခြုံလို့၊ ကျည်ဆံတွေကြားက ဘယ်နေ့ ဘယ်ချိန် ကျည်ဆံမှန်မလဲ မသိ၊ မနက်ဖန်ဆိုတာ မရေရာတော့လို့ တောထဲတောင်ထဲ အဝတ်တထည်ကိုယ် တခုနဲ့ ရှောင်ထွက်ပြေးခဲ့ကြတယ်။ မြို့ပေါ်ကနေ နယ်ဘက်ကျေးရွာတွေကို စစ်ရှောင် ရောက်တော့လဲ ရွာအထိ လိုက်ပစ်ကြတယ်” ဒီရင်ဖွင့်စကားက လက်ရှိ မင်းတပ်မြို့မှာ စစ်ဘေးကြားကြုံတွေ့နေရသူ တစ်ဦးရဲ့ စကားပါ။ သူကမင်းတပ်မြို့နယ်အတွင်း စစ်ဘေးကြုံတွေ့နေရသူလည်းဖြစ်ပါတယ်။ သူက သူကြုံတွေ့ရတဲ့ မြေပြင်အနေအထားကိုလည်း အခုလိုပြောပါတယ်။ သူက “ကျေးရွာရှိ အိမ်အလွတ်တွေ ဖြစ်စေ၊ ကျောင်းဆောင်တွေမှာ အဆင်ပြေသလို နေရတာကို အိမ်တွေဖျက်ဆီး ပြီး အလှူရှင်တွေ ကနေ ပေးတဲ့ ဆန်…

နှစ်ပေါင်း ၂၀ ကျော်အထိ ရေရှားပါးမှုကြုံတွေ့ရတဲ့ မြို့တော်

  Salai Hung HTun Gei ချင်းပြည်နယ်က မြို့တော် ဖြစ်တဲ့ ဟားခါးမြို့မှာ ရေရှားပါးမှုနဲ့ပတ်သက်ပြီး နှစ်ပေါင်း ၂၀ ကျော် ကြုံတွေ့နေရတာဖြစ်သလို ရေအဆင်ပြေလာတဲ့ ရပ်ကွက်တွေဟာလည်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရေပြန်ရရှိမှုတွေ မရှိတော့ဘူးလို့ ရပ်ကွက်နေ ပြည်သူတွေက ပြောပါတယ်။ ဟားခါးဒေသခံတစ်ဦးဖြစ်တဲ့ အိမ်ထောင်ရှင်မတစ်ဦးဖြစ်သူ ဒေါ်မော်နီကာက “ အရင်က သီမြစ်ရေကို သုံးပေမယ့် အခုရေမလာတော့ဘူးဆိုတော့ ရေဝယ်ဖို့ လုပ်နေရပြီ။ အရင်ကလည်း ရေဝယ်နေရတယ်။ သီမြစ်ရေ ရပြီဆိုတဲ့အချိန်မှာလည်း ကျမတို့အိမ်မှာမရတော့ ရေဝယ်ရတာပဲ။ ဒီနှစ်အတွင်းမှာပဲ စရခဲ့တယ်။ ဒါပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်း အခုပြန်မရတော့ဘူး။ ခင်ပွန်းရတဲ့လစာထဲကပဲ ရေဝယ်ဖို့သုံးရတယ်။ အခုဆိုရင် ရပ်ကွက်ရေဆိုရင်လည်း တစ်လကို သုံးထောင်လောက်ပေးရတယ်။ အဲဒါလည်း…

ချင်းတမျိုးသားလုံးအနေဖြင့် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (CNLD) ကို တခဲနက် မဲပေး ထောက်ခံကြပါရန် ချင်းလူငယ်များကွန်ရက်(CYN)သဘောထားထုတ်ပြန်ချက်

Salai Khup Khup လာမည့် ၂၀၂၀ ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး ချင်းတမျိုးသားလုံးအနေဖြင့် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (CNLD) ကို တခဲနက် မဲပေး ထောက်ခံကြပါရန် ချင်းလူငယ်များကွန်ရက်(CYN)မှ ယနေ့ စက်တင်ဘာလ ၊ (၂၈) ရက်ထုတ်ပြန်သောသဘောထားထုတ်ပြန်ချက်တွင်တိုက်တွန်းထားသည်။ ဒီမိုကရေစီ အစိုးရအပြောင်းအလဲအုပ်ချုပ်ခဲ့သော ၂၀၁၀ မှ ၂၀၂၀ အထိ အစိုးရ ၂ ဆက်သည် ယနေ့ထိ မိမိတို့လိုလားသော ပင်လုံသဘောတူညီချက်များ ဖော်ဆောင်ရေး၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး တို့ကို ယနေ့အထိ ဖော်ဆောင်နိုင်ခြင်းမရှိပါ။ ထို့ကြောင့် လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ကျင်းပရာတွင် ချင်းတိုင်းရင်းသား မဲဆန္ဒရှင်များအနေဖြင့် အောက်ပါအချက်များကို အလေးအနက်စဉ်းစားရန် တိုက်တွန်းကြောင်းသဘောထားထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ ချင်းလူငယ်များ ကွန်ရက် ဗဟိုကော်မတီ အဖွဲ့ဝင်…

လူဦးရေနှင့် နေအိမ်နည်းပါးသေးခြင်းကြောင့် ချင်းပြည်နယ် မြို့နယ်အချို့တွင် အိမ်ယာဖွံ့ဖြိုးရေး ဦးစီးဌာနများ တိုးချဲ့မဆောင်ရွက်နိုင်သေးဟုဆို

Salai Khup Khup ချင်းပြည်နယ်ရှိ လက်ရှိမြို့နယ်အဆင့် မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနရှိသော ဟားခါးမြို့၊မင်းတပ်မြို့နှင့် ဖလမ်းမြို့များတွင် ခရိုင်အဆင့် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနများ တိုးချဲ့ဖွင့်လှစ်ရန် လူဦးရေသိပ်သည်းမှု၊ မြို့ပြဒေသဖွံ့ဖြိုးမှုခြေနေနှင့် အိမ်ခန်း အရေတွက် နည်းပါးခြင်းကြောင့် လတ်တလောတွင် ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးကြောင်း ဇူလိုင်(၂၈)ရက်နေ့တွင် ကျင်းပသော ဒုတိယအကြိမ် အမျိုးသား လွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး တွင် ဆောက်လုပ် ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ကပြောသည်။ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းက “ချင်းပြည်နယ်အနေဖြင့် လက်ရှိဖွဲ့စည်းပုံတွင်ရှိသော မြို့နယ်ရုံး (၃)ရုံးဖြစ်သည့် ဟားခါးမြို့၊ ဖလမ်းမြို့နှင့် မင်းတပ်မြို့နယ် အပါအဝင် အခြားမြို့(၁၁)မြို့ရှိ အိမ်ခန်းစုစုပေါင်းမှာ ပြည်သူပိုင် အဆောက်အဦ (၁၀)ခန်း၊…

ဂျဲန်ဒါအရေး ရှုပ်ထွေးသလား?

Salai Hre ဖွံ့ဖြိုးရေးလောကမှာ ဂျဲန်ဒါပရိုမိုးရှင်းကို အထူးပြုအကောင်အထည်ဖေါ်ကြတဲ့ အဖွဲ့တွေ ရှိသလို ဒိုနာလိုအပ်ချက်အရ မလုပ်မဖြစ်ထည့်လုပ်ကြရတဲ့အဖွဲ့တွေ နဲ့ အလုပ်ပိုလို့ မြင်တဲ့အဖွဲ့တွေ လည်း ရှိပါတယ်။ တစ်ခါ ဂျဲန်ဒါဟာ ကျယ်ပြန့်လွန်းတယ်၊ ခရီးလမ်းရှည်လွန်းတယ်၊ သား၊ မြေး၊ မြစ်၊ တီ၊ တွတ်၊ ကျွတ်၊ ဆက် လက်ထက်လောက်ကျမှ အန္တိမပန်းတိုင်ကို ရောက်မယ် လို့ ပြောတဲ့သူတွေရှိသလို စကားလုံးတွေနဲ့ပိပြီး ဘာကို ဘယ်လိုလုပ်ပြီးဘယ်လို သွားရမလဲ ဝေဝါးထွေပြားနေတဲ့သူတွေလည်း ရှိပါတယ်။ ဆိုတော့ ဂျဲန်ဒါအရေးဟာ တစ်ကယ်ပဲ ရှုပ်ထွေးသလား။ တစ်ကယ်ပဲ အပိုအလုပ်တွေလား။ ကြည့်ရအောင်ပါ။ ( ဂျဲန်ဒါအရေး ဘယ်လောက်ရှုပ်ထွေးသလဲ မသိပေမဲ့ အယူအဆတွေ၊ အကောင်အထည်ဖေါ်တဲ့နည်းလမ်းတွေကတော့ ရှုပ်ထွေးနေတာတော့…

ခါမ်းပါတ်မြို့တွင် နေအိမ်အတွင်းရှိသူ အမျိုးသမီးနှစ်ဦး သေနတ်အပစ်ခံရပြီးဒဏ်ရာရ

  Salai Khup Khup စစ်ကိုင်းတိုင်းဒေသကြီး၊ခါမ်းပါတ်မြို့တွင်ဇွန်လ ၁၅ ရက်နေ့က အမည်မသိ ဆိုင်ကယ်စီးလာသူ နှစ်ဦးမှ သေနတ်ဖြင့် ပစ်ရာ အမျိုးသမီးနှစ်ဦး ဒဏ်ရာရရှိ သွားကြောင်း သိရသည်။ ခမ်းပတ်မြို့ အမှတ် ၁ ရက်ကွက်နေ ဦးဌေးအောင် နေအိမ်တွင် ဇွန်လ ၁၅ ရက်နေ့ ညကိုးနာရီ အချိန်ခန့်တွင် ဦးဌေးအောင်သည် နေအိမ်အတွင်း တီဗွီကြည့်နေစဉ် ဇနီးဖြစ်သူ ဒေါ်ကျိန်လော့နွမ်းနှင့် အိမ်နီးနားချင်းဖြစ်သူ မဝုန်ညင်းကျိန်တို့မှာ နေအိမ်ဝရန်တာခုံတန်းတွင် ထိုင်နေကြစဉ် အမည်မသိ အမျိုးသားနှစ်ဦးမောင်းနှင် လာသော ဆိုင်ကယ်မှာ ရပ်တန့်ခြင်းမရှိပဲ အနောက်မှ စီးနင်းလာသူမှ သေနတ်ဖြင့် နှစ်ချက် ပစ်ခတ်သွားကာ ထွက်ပြေးသွားကြောင်း ကလေးမြို့နယ်ပြန်ကြားရေး၏ ထုတ်ပြန်ချက် အရသိရသည်။…

ဇွန်လ (၃) ရက်နေ့မှ ချင်းပြည်နယ်ပြင်ပ ခရီးသွားလာခွင့်ပြုမည်

    Salai Khup Khup ချင်းပြည်နယ်အတွင်း COVID-19 ထိန်းချုပ်ရေးအတွက် ရပ်နားလိုက်ရသည့် ပြည်နယ်ပြင်ပသို့ မော်တော်ယာဉ်လိုင်း ပြေးဆွဲခြင်းကို ဇွန်လ (၃) ရက်နေ့မှစပြီး ခွင့်ပြုတော့မည်ဖြစ်ကြောင်း သိရသည်။ ချင်းပြည်နယ် လုပ်ငန်းလိုင်စင်နှင့်သယ်ယူပို့ဆောင်ရေး ကြီးကြပ်ညှိနှိုင်းမှုဌာန ပြည်နယ်ဦးစီးမှူး ဦးစောမြင့်လွင်က “ချင်းပြည်နယ်အတွင်း ခရီးသည်နှင့်ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ သယ်ယူပို့ဆောင်နိုင်ရေး၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားတဲ့ လိုက်နာရမယ့် အချက်တွေနဲ့အညီ ပြည်နယ်အတွင်း မော်တော်ယာဉ်လိုင်းများ အားလုံးကို ဇွန်လ ၃ရက်နေ့က စပြီး ပြည်နယ်ပြင်ပသို့ပြန်လည်ပြေးဆွဲဖို့ခွင့်ပြုပေးသွားမှာ ဖြစ်ပါတယ်”ဟုပြောသည်။ ချင်းပြည်နယ် Coronavirus Disease-2019 (COVID-19) ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကာလအတွင်း ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ရပ်နားနေကြသည့် ချင်းပြည်နယ်အတွင်းမှ မော်တော်ယာဉ်…

မင်းတပ်မှလူနာကို ဟားခါးပြည်သူ့ဆေးရုံသို့ ယနေ့မနက်တွင် ပို့ဆောင်

    Shing Mang မင်းတပ်မြို့မှCOVID-19 Positive လူနာ Case-232 ကို ဟားခါးပြည်သူ့ဆေးရုံသို့ လွှဲပြောင်း ကုသမည်ဖြစ်ပြီး ယနေ့မနက် တွင် မင်းတပ်မြို့မှ စတင်ထွက်ခွာလာပြီ ဖြစ်ကြောင်း မင်းတပ်ခရိုင် ဆေးရုံအုပ် ဒေါက်တာ ဇော်ဝင်းနိုင်ထံမှ သိရသည်။ “ကုသမယ့်နေရာ က ဟားခါးမှာပါခင်ဗျာ၊ ဒီနေ့မနက်လွဲဲပြီးပါပြီ ခင်ဗျာ၊ ၁၀နာရီ ဝန်းကျင်လောက်ထင်တယ်” ဟု မင်းတပ် ခရိုင်ဆေးရုံအုပ် ဒေါက်တာ ဇော်ဝင်နိုင်ထံ မှ သိရသည်။ Case-232 သည် မလေးရှားနိုင်ငံမှ ပြန်လာသူဖြစ်ပြီးမင်းတပ်မြို့တွင် Facility Quarantine ထားရှိသူလည်း ဖြစ်ကြောင်းသိရသည်။ လက်ရှိချင်းပြည်နယ်တွင် COVID-19 ပိုးတွေ့ရှိလူနာ ၁၀ ဦးထိရှိပြီဖြစ်ပြီး ၃ဦးမှာ…