ကလေးမြို့ကနေ ဖလမ်းမြို့မှာအတည်တကျ ပြန်လာနေချင်သူ စစ်ရှောင်ပြည်သူတွေအတွက် FCMF နဲ့ CSOs က မော်တော်ယာဉ် ထပ်မံ စီစဉ်ပေးသွားမယ်
ဇူလိုင် ၄ ရက်။ ကလေးမြို့ကနေ ဖလမ်းမြို့ကိုအတည်တကျ ပြန်နေချင်သူဖလမ်းမြို့ခံစစ်ရှောင်ပြည်သူတွေအတွက် ဖလမ်းခရစ်ယာန် ဓမ္မအမူတော်ဆောင်များ မိသဟာယ (FCMF) နဲ့ ဖလမ်းအခြေစိုက် အရပ်ဘက်လူမှုအဖွဲ့အစည်း (CSOs) ရဲ့ စီစဉ်ပေးမှုဖြင့် နေရပ်ပြန် ချင်သူတွေအတွက် ဇူလိုင်လ ၆ ရက်နေ့ကစလို့ နာမည် စာရင်းပေးသွင်းလို့ရပြီလို့ တာဝန်ရှိသူတွေဘက်က ဇူလိုင် ၄ ရက်နေ့မှာ အသိပေးထုတ်ပြန်ထားပါတယ်။ ဒီတကြိမ်မှာတော့ လူအယောက် ၁၀၀ အတွက်သာ မော်တော်ကား စီစဉ်ပေးမှာဖြစ်ပြီး ဖလမ်းမှာ အတည်တကျနေထိုင်မယ့်သူနဲ့ အသက်ကြီးပိုင်းတွေ ၊ နာမကျန်းဖြစ်သူတွေကို ဦးစားပေးမှာဖြစ်သလို လူဦးရေ ၁၀၀ ပြည့်တာနဲ့ စာရင်းပိတ်သွားမှာဖြစ်တယ်လို့လည်း အသိပေးထားပါတယ်။ နာမည်စာရင်းကို Central Pawlpi ရုံးမှာ လာမယ့် တင်္နလာနေ့ ဇူလိုင် ၆ ရက်နေ့ကနေ (၇)…

