မင်းတပ်မြို့နယ်မှာ ဒီနေ့လေကြောင်းကနေ တိုက်ခိုက်ခံရလို့ အရပ်သားပြည်သူ သေဆုံး၊ ဒဏ်ရာရသူတွေရှိ
ဩဂုတ်လ ၃၀ ရက်။ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် ၊ တိုက်နယ်အမှတ် ၂ ရှိ ကျေးရွာတစ်ရွာကို စစ်ကောင်စီက ဒီကနေ့ဩဂုတ်လ ၃၀ ရက် ညနေ ၅ နာရီဝန်းကျင်မှာ လေကြောင်းကနေ အကြောင်းမဲ့တိုက်ခိုက်ခဲ့လို့ အရပ်သားပြည်သူ သေဆုံး၊ ဒဏ်ရာရတာတွေ ရှိခဲ့တယ်လို့ တိုက်နယ် ၂ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သြဂုတ်လ ၃၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ အခုလို စစ်ရေးပစ်မှတ်မတဲ့ အရပ်သားကျေးရွာကို လေကြောင်းကနေ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်တာဟာ လူမဆန်တဲ့ အကြမ်းဖက်လုပ်ရပ်အပေါ် ဒေသခံတွေနဲ့ ပြည်သူတစ်ရပ်လုံးက ပြင်းထန်စွာ ရှုတ်ချကြောင်းကိုလည်း ဖော်ပြထားပါတယ်။ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားအပြစ်မဲ့ ပြည်သူ သေဆုံး၊ ဒဏ်ရာရရှိတာတွေရှိပြီး ကျေးရွာအတွင်းက ပြည်သူပိုင်နေအိမ်တွေလည်း ထိခိုက်ပျက်စီးခဲ့ရတယ်လို့ တိုက်နယ် ၂ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က…

