ဖလမ်းမြို့ဒေသခံတွေ နေရပ်ပြန်ချင်ကြပေမယ့် စစ်ကောင်စီဂိတ်တွေမှာ ငွေကြေးအဆမတန် မပေးနိုင်လို့ နေရပ်မပြန်ရဲဖြစ်နေကြ
မေလ ၁၁ ရက်။ ကလေး – ဖလမ်း ကားလမ်းမပေါ်မှာရှိတဲ့ စစ်ကောင်စီရဲ့ ဂိတ်တွေမှာ ငွေကြေးအဆမတန် ကောက်ခံတာကြောင့် နေရပ်ပြန်ချင်တဲ့ ဖလမ်းမြို့ဒေသခံတွေ နေရပ်မပြန်ရဲဘဲ အခက်တွေ့နေကြရတယ်လို့ ဖလမ်းဒေသခံတွေကပြောပါတယ်။ ကလေးမြို့ကနေ ချင်းတောင်ဘက်သွားတဲ့ လမ်းတလျှောက်မှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ရဲ့ တောင်ဖီလာဂိတ်၊ ၈ မိုင်တက္ကသိုလ်ဂိတ်၊ ၉ မိုင်ဂိတ်၊ ခိုင်ကမ်းရဲစခန်း၊ ခိုင်ကမ်း ဘီးခွန်တို့မှာရှိတဲ့ စစ်ကောင်စီဂိတ်က ဖြတ်သန်းသွားလာမယ့် ကားတွေကို ငွေးကြေးအဆမတန် တောင်းခံနေတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဖလမ်းဒေသခံတစ်ဦးက “ကလေး – ဖလမ်း ကားလမ်းတလျှောက် ဂိတ်တွေက ပိုက်ဆံကောက်တဲ့နှုန်း အရမ်းများလွန်းလို့ ဖလမ်းကို ပြန်ချင်ကြတယ် ပြန်ရဲကြပေမယ့် Pajero တစ်စီးကိုတောင် သိန်း ၃၀ လောက် တောင်းတဲ့ခါကြတော့ ပြန်ချင်တဲ့သူတွေ မပြန်ရဲကြဘူး ကိုယ်ပိုင်မော်တော်ကားရှိသူတွေ ၊…

