အင်တာနက်ဖြတ်တောက်မှုခံနေရတဲ့ ချင်းပြည်နယ်လို နေရာအများစုမှာ လေကြောင်းတိုက်ခိုက်မှုဖြစ်ပွားနေတာလို့ MIP ထုတ်ပြန်
ဧပြီလ ၂၀ ရက်။ အာဏာသိမ်းစစ်အုပ်စုရဲ့လေကြောင်းတိုက်ခိုက်မှုတွေဟာ ချင်းပြည်နယ်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အင်တာနက်ဖြတ်တောက်မှု ဒဏ်ခံနေရတဲ့ နေရာအများစုမှာ ဖြစ်နေတာကို တွေ့ရတယ်လို့ ဇန်နဝါရီလ ကနေ မတ်လအတွင်း စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို လ့လာဆန်းစစ်ထားတဲ့ အစီရင်ခံစာကို မြန်မာအင်တာနက်ပရောဂျက် ( MIP) က ဧပြီလ ၂၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ၂၀၂၆ ခုနှစ် ၊ ဇန်နဝါရီလ ကနေ မတ်လအတွင်း လေကြောင်းတိုက်ခိုက်မှု ၄၂၃ ကြိမ် တိုက်ခိုက်ခဲ့ပြီး အကြိမ် ၄၀၆ ကြိမ် ( ၉၆ ရာခိုင်နှုန်းနီးပါး) ဟာ အင်တာနက်ဖြတ်တောက်မှု ဒဏ်ခံနေရတဲ့ ဒေသတွေမှာ ဖြစ်ပွားခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်အားလုံးရဲ့ ၇၀ ရာခိုင်နှုန်းခန့်ဟာ စစ်အုပ်စုနဲ့ စစ်ရေးပဋိပက္ခပြင်းထန်နေတဲ့…

