Headlines

မလေးရှားမှာ အိမ်ထောင်ရေးပြဿနာကြောင့် စကားများရင်းကနေ ချင်းအမျိုးသား ၁ ဦးက သူ့မိန်းမကို ဓားထိုး လူသတ်မှု ကျူးလွန်

ဧပြီလ ၂၃ ရက်။

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ Setapak Gentingcourt ( Block 1) မှာ ဒီကနေ့ဧပြီလ ၂၃ ရက် နေ့လည် ၂ နာရီဝန်းကျင်ခန့်က အိမ်ထောင်ရေးပြဿနာကြောင့် စကားများရာကနေ ချင်းလူငယ်တစ်ဦးက သူအမျိုးသမီးဖြစ်သူကို ဓားနဲ့ ထိုးသတ်မှုဖြစ်ပွားခဲ့တယ်လို့ မလေးရှားမှာ နေထိုင်သူတွေဆီကနေ သိရပါတယ်။

မလေးရှားမှာ နေထိုင်နေသူတစ်ဦးက “အမျိုးသားက ချင်းလူမျိုး ၊ အမျိုးသမီးက လီဆူလူမျိုး ကလေး ၂ ယောက်ရှိပြီ သူတို့နှစ်ယောက်က အိမ်ထောင်ကွဲပြီ ကွဲကွာတဲ့ စာချုပ်လည်းလုပ်ပြီးပြီ စာချုပ်မှာ အမျိုးသားက လက်မှတ်ထိုးပြီးမှ မလေးငွေ ၁ သောင်း တောင်းတယ် နင်ကိုကွာမယ် အဲလိုနဲ့ သူတို့ လင်မယားကြား ပဿနာဖြစ်တယ်ထင်တယ် အဲလိုနဲ့ သူ့အမျိုးသမီးရဲ့ နှလုံးကို ဓားနဲ့ ထိုးလိုက်တာဖြစ်တယ်”လို့ပြောပါတယ်။

သေဆုံးသွားသူဟာ ကချင်ပြည်နယ်၊ ပူတာအို ၊ မူလာရှိဒီကျေးရွာနေ ဆရာဂွါးယော်ဟာရဲ့ သမီး မအားခူ ဖြစ်တယ်လို့ သိရပြီး လူသတ်မှုကျူးလွန်သူကို အခင်းဖြစ်ပွားရာနေရာမှာ မြန်မာလူူမျိုးတွေက ဝိုင်းဖမ်းထားကြတယ်လို့လည်း သိရပါတယ်။

လူသတ်မှုကျူးလွန်သူကို မလေးရှားအာဏာပိုင်တွေက ဖမ်းဆီးလိုက်ပြီလို့ သိရပြီး ဒီလို လင်မယားကြား လူသတ်မှုထိ ကျူးလွန်သူတွေဟာ မလေးရှားနိုင်ငံ တရားဥပဒေအရ အနည်းဆုံး ၁၀ နှစ်ကနေ အနှစ် ၃၀ အထိ ထောင်ဒဏ်ကျခံနိုင်တယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *