Headlines

မင်းတပ်မြို့နယ်အတွင်း စစ်ကော်မရှင်က လေကြောင်းကနေတိုက်ခိုက်လို့ အရပ်သားပြည်သူနေအိမ်တချို့ထိခိုက်ပျက်ဆီး

နို၀င်ဘာလ ၂၆ ရက်။ CDF – Mindat တပ်ဖွဲ့က ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ် တိုက်နယ် ၂ အတွင်းရှိ ကျေးရွာတစ်ရွာအနီးကို စစ်ကော်မရှင်တပ်က မနေ့ည နိုဝင်ဘာလ ၂၅ ရက်နေ့ ည ၁၀ နာရီခွဲလောက်မှာ လေကြာင်းကနေ ဗုံး ၄ လုံးကြဲချတိုက်ခိုက်ခဲ့လို့ အရပ်သား ပြည်သူနေအိမ်အချို့ ထိခိုက်ပျက်ဆီးခဲ့ရတယ်လို့ မင်းတပ်ဒေသခံ HKl Mindat ရဲ့ ဖော်ပြချက်အရ သိရပါတယ်။ မင်းတပ်မြို့နယ် တိုက်နယ် ၂ အတွင်းက ကျေးရွာတစ်ရွာအနီးကို ဂျက်ဖိုက်တာတစ်စီးက ည ၁၀ နာရီ ၄၀ မိနစ်၊ ၄၄ မိနစ် တွေမှာ ၂ ကြိမ် ဗုံး ၄ လုံးကြဲချပြီး အကြောင်းမဲ့…

Read More

အိန္ဒိယ (မီဇိုရမ်) – မြန်မာ ( ပလက်ဝ) နယ်စပ်ဝင်ထွက်သွားလာခွင့် ပြန်ဖွင့်ပေးပြီ

နို၀င်ဘာလ ၂၅ ရက်။ ပြင်းထန်တဲ့ ကူးစက်ဝမ်းရောဂါကြောင့် နိုဝင်ဘာလ ၁၂ ရက်နေ့ကစလို့ ယာယီပိတ်ထားတဲ့ အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ် နဲ့ မြန်မာနိုင်ငံ၊ချင်းပြည်နယ်၊ ပလက်ဝအကြားရှိ နယ်စပ်ဝင်ထွက်သွားလာခွင့်ကို နိုဝင်ဘာလ ၂၄ ရက်နေ့လောက်ကစလို့ ပြန်ဖွင့်လိုက်ပြီလို့ ပလက်ဝဒေသခံတွေဆီကနေ သိရပါတယ်။ အိန္ဒိယနယ်စပ်မှာနေထိုင်တဲ့ ပလက်ဝဒေသခံတစ်ဦးက “မနေ့ကစလို့ ထင်တယ် လော့ဒေါင်းတွေ ပြန်ဖွင့်လိုက်တာ ပလက်ဝဘက်ပြန်မယ့်သူတွေ ပြန်ဖို့ လုပ်တာတွေ ရှိတယ် ကျနော်အသိတွေ ဒီအခုက ဝမ်းရောဂါလည်း သက်သာသွားတဲ့ အခြေအနေမျိုးရှိလို့ ဖြစ်မယ် ဘယ်နေ့ကစလို့ အခုလို ပြန်ခွင့်ပြုတာလည်းဆိုတာ ရက်တိကျတော့ မသိလိုက်ဘူး မနေ့လောက်ကနေ ခွင့်ပြုတာထင်တယ်” လို့ပြောပါတယ်။ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊လောင်တလိုင်ခရိုင်၊ ကာကီကျေးရွာ၊ တွီဒန်းကျေးရွာ လုံတင်းကျေးရွာတွေမှာ နိုဝင်ဘာလဆန်းလောက်ကနေ စပြီး ပြင်းထန်တဲ့…

Read More

အမေရိကန်မှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသား ၄,၀၀၀ နီးပါးအား ယာယီခိုလှုံခွင့်ပေးထားမှုကို ရပ်စဲ

နို၀င်ဘာလ ၂၅ ရက်။ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေများ တိုးတက်လာပြီ ယူဆချက်ကြောင့် အမေရိကန်ပြည်ထောင်စုသို့ စစ်အာဏာသိမ်းမှု အပါအဝင် မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေမတည်မငြိမ်ဖြစ်မှုများကြောင့် ခိုလှုံရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသားများအား ယာယီခိုလှုံခွင့်အဆင့် (Temporary Protected Status – TPS) ပေးထားမှုကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်နေ့ တွင် အပြီးသတ် ရပ်စဲတော့မှာဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စု ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာန (DHS) က နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ထုတ်ပြန်ကြေညာလိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စုအနေဖြင့် မြန်မာနိုင်ငံသားများအား ယာယီခိုလှုံခွင့်အကာအကွယ်အဆင့် (TPS) ပေးထားခြင်းကို ရပ်ဆိုင်းရခြင်း၏ အဓိကအကြောင်းရင်းမှာ မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေများ တိုးတက်လာပြီ ဟူသော ယူဆချက်အမြင်ကြောင့်ဖြစ်ကြောင်း Department of Homeland Security (DHS) အတွင်းရေးမှူး Kristi…

Read More

ထန်တလန်မြို့နယ်မှာ မိုင်းအန္တရယ်ကြိုတင်ကာကွယ်ရေးအပါအဝင် အခြေခံလူထုဖွံ့ဖြိုးရေးသင်တန်းပေး

နို၀င်ဘာလ ၂၄ ရက်။ ချင်းပြည်နယ်၊ ထန်တလန်မြို့နယ် တစ်နေရာမှာ ဒေသခံတွေကို မိုင်းအန္တရယ်ကြိုတင်ကာကွယ်ရေးအပါအဝင် အခြေခံလူထု ဖွံ့ဖြိုးရေးသင်တန်းကို နိုဝင်ဘာလ ၁၂ ရက်နေ့ကနေ ၁၄ ရက်အထိ ကျင်းပပြုလုပ်ခဲ့တယ်လို့ Network for Chin Commnunity Development(NCCD) ဒီကနေ့ နိုဝင်ဘာလ ၂၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ အဲဒီသင်တန်းတွင် အခြေခံဖွံ့ဖြိုးရေးအကြောင်း၊ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ သဘာဝပတ်ဝန်းကျင်အကြောင်း၊ ဒီမိုကရေစီအကြောင်း၊ လူ့အခွင့်အရေးအကြောင်း၊ မြေယာဥပဒေအကြောင်း၊ မြေလွတ်မြေလပ်မြေရိုင်းဥပဒေအကြောင်း၊ NCCD၏ရည်ရွယ်ချက်များအကြောင်း၊ မြန်မာနိုင်ငံတောင်သူလယ်သမားများအကြောင်း၊ မီဒီယာလုံခြုံရေးအကြောင်း၊ မိုင်းအန္တာရာယ်မှကြိုတင်ကာကွယ်ရေးအကြောင်း၊ FPICအကြောင်း၊ UNDRIPအကြောင်း စသည်များကိုသင်ကြားပို့ချဆွေးနွေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ထန်တလန်မြို့နယ်၊ Tlangte ကျေးရွာ၊ Tlangkhua ကျေးရွာများတွင် Community Develooment(CD)စီမံကိန်းများကိုသော်လည်းကောင်း၊ မင်းတပ်မြို့နယ်တွင် ကွန်ယက်စီမံကိန်းကိုသော်လည်းကောင်းစတင်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။…

Read More

ပလက်ဝမှာ အသက်မပြည့်တဲ့ ချင်းအမျိုးသမီးကို အဓမ္မပြုကျင့်ခဲ့သူကို ဖမ်းဆီးရမိပြီလို့သိရ

နိုဝင်ဘာလ ၂၁ ရက်။ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ဒလက်ကိုင်ကျေးရွာနေ အသက် (၁၆) နှစ်အရွယ် ဒေသခံလေးတူ (ချင်း) အမျိုးသမီးငယ် တစ်ဦးကို မုဒိမ်းမှု ကျူးလွန်ခဲ့သူကို နိုဝင်ဘာလ ၁၉ ရက်နေ့က ပလက်ဝကိုထိန်းချုပ်ထားတဲ့ အာရက္ခတပ်တော်(AA) က ဖမ်းဆီးမိခဲ့တယ်လို့ ပလက်ဝဒေသခံတွေဆီက နေသိရပါတယ်။ ရခိုင်ပြည်နယ် ၊ မြောက်ဦးမြို့နယ်၊ ပြည်လုံးကြီးကျေးရွာက အသက် ၄၆ နှစ်အရွယ် ဦးထွန်းလှိုင်ဆိုသူက ပလက်ဝမြို့နယ် ၊ ဒလက်ကိုင်ကျေးရွာနေ အသက် (၁၆) နှစ်အရွယ် ဒေသခံလေးတူ (ချင်း) အမျိုးသမီးငယ် တစ်ဦးကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၉ ရက်နေ့ ညနေ ၅ နာရီလောက်မှာ ရွာရဲ့ မြောက်ဘက်ရှိ တောစပ်အနီးမှာ ၃ ကြိမ်တိုင်တိုင်…

Read More

CNO/CNDF တပ်ဖွဲ့က ဒဏ်ရာရရဲဘော်တွေအတွက် AA ဒုစစ်ဦးစီးချုပ်က ငွေကြေး၊လွယ်အိတ်နဲ့ စာအုပ်လက်ဆောင်တွေ ပို့ခဲ့

နိုဝင်ဘာလ ၂၁ ရက်။ ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်မှာ အခြေစိုက်တဲ့ ချင်းညီနောင် (CB)အဖွဲ့ဝင် ချင်းလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ဖြစ်တဲ့ ချင်းအမျိုးသားအဖွဲ့ချုပ်/ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ ( CNO/CNDF) ရဲ့ ဒဏ်ရာရရဲဘော်တွေအတွက် အာရက္ခတပ်တော် ( AA)ရဲ့ ဒုစစ်ဦးစီးချုပ် ဒေါက်တာညှိထွန်းအောင်ဦးဆောင်တဲ့ သူပုန်ဖြူ Team က ငွေကြေး၊လွယ်အိတ်နဲ့စာအုပ် လက်ဆောင်တွေကို ပို့ခဲ့တဲ့အကြောင်း CNO/CNDF ရဲ့ နိုဝင်ဘာလ ၁၈ ရက်နေ့ထုတ်ပြန်ချက်အရ သိရပါတယ်။ ဒဏ်ရာရရဲဘော်တွေအတွက် အာရက္ခတပ်တော် ( AA) ဒုစစ်ဦးစီးချုပ် ဒေါက်တာညှိထွန်းအောင်ရေးသားတဲ့ သူပုန်ဖြူကဗျာစာအုပ် ၄၂ အုပ်၊ လွယ်အိတ် ၄၂ လုံးနဲ့ ငွေသား ၄၂ သိန်းပါ စာအိတ် ၄၂ အိတ်တို့ကို သူပုန်ဖြူ Team က ပေးပို့တာလို့ CNO/CNDF…

Read More

ဖလမ်းမြို့နယ်ရှိ စစ်ဘေးရှောင် ၂သောင်းကျော်အတွက် အရေးပေါ် စားနပ်ရိက္ခာ ၊ ဆေးဝါးနှင့် ေစာင်၊ အနွေးထည်တွေ လိုအပ်နေ

နို၀င်ဘာလ ၂၀ ရက်။ စစ်ကော်မရှင်တပ်ဖွဲ့ရဲ့ စစ်ကြောင်းထိုးတိုက်ခိုက်လာမှုတွေကြောင့် ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်အတွင်း စစ်ဘေးရှောင်လာတဲ့ ကလေးတောင်ပိုင်းက ဒေသခံအရပ်သားတွေအပါအဝင် ဒေသခံ ၂ သောင်းကျော်အတွက် အရေးပေါ်စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ ေစာင်၊ အနွေးအထည်တွေ လိုအပ်လျက်ရှိနေတယ်လို့ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ ( CNO / CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီကပြောပါတယ်။ CNO / CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက “လက်ရှိဖလမ်းမြို့နယ်ထဲ စစ်ဘေးရှောင်က ၂ သောင်းကျော်ရှိပါတယ် ရွာတွေ တောထဲတွေမှာနေနေရတယ်ပေါ့ သူတို့အတွက် ဆန်၊ ဆီ ၊ ပဲ ၊ ဆေးဝါး၊ အမိုးအကာတွေ နောက်ပြီး ဆောင်းရာသီဆိုတော့ အနွေးထည်တွေ ဆောင်တွေ အရေးပေါ်လိုအပ်နေကြပါတယ် ကလေးတောင်ပိုင်း နတ်ချောင်း၊ နတ်မြောင်း၊ ဟားခါးလေးတို့ စတဲ့…

Read More

တီးတိန်မြို့နယ်၊ထုတ်လိုင်ရွာမှာ စစ်ကော်မရှင်တပ်မှ ဗုံးကြဲ တာကြောင့် အဆောက်အဦး တချို့ ပျက်စီး

နို၀င်ဘာလ ၂၀ ရက်။ နိုဝင်ဘာလ ၂၀ ရက်နေ့ မနက် ၁၂ နာရီ အစောပိုင်းမှာ စစ်ကော်မရှင် လေတပ်မှ တီးတိန်မြို့နယ်၊ထုတ်လိုင်ရွာကို ဗုံးကြဲ တိုက်ခိုက်တာကြောင့် အခြေခံပညာ အထက်တန်း ကျောင်းဝန်း အတွင်းရှိ ဘော်ဒါဆောင် အပါအဝင် အဆောက်အဦး အချို့ နှင့် သာသနိက အဆောက်အဦး အချို့ ပျက်စီးခဲ့တယ် လို့ ဒေသခံများရဲ့ ပြောပြချက် အရ သိရှိရ ပါတယ်။ “ဗုံးကြဲလာတော့ သန်းခေါင် ကျော်နေပြီ။ ပထမ တကြိမ်က ၁၂: ၂၁ အချိန် ဖြစ်တယ်။ နောက် ၁၀ မိနစ် လောက် အကြာ ၁၂: ၂၂ လောက်မှာ ပေါက်ကွဲသံ ထပ်ကြားရတယ်။ ပေါက်ကွဲသံ ကြောင့်…

Read More

ကနေဒီတောင်စခန်းကို ချင်းညီနောင် (CB)က ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့

နိုဝင်ဘာလ ၁၉ ရက်။ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်မှာရှိတဲ့ စစ်ရေးအရ အချက်အချာကျတဲ့ ကနေဒီတောင်ကို ချင်းညီနောင် (CB) အဖွဲ့က နိုဝင်ဘာလ ၁၈ ရက်နေ့မှာ ပြန်လည်ထိန်းချုပ်နိုင်ခဲ့သလို လက်နက်ခဲယမ်းတွေကိုလည်း သိမ်းပိုက်ရရှိခဲ့တယ်လို့ တီးတိန်မြို့နယ်က ချင်းလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ PDF – Zoland ရဲ့ နိုဝင်ဘာလ ၁၈ ရက်နေ့ဖော်ပြချက်အရ သိရပါတယ်။ ချင်းပြည်နယ်မှာ ရွေးကောက်ပွဲဖြစ်မြောက်ရေးအတွက် အင်အားအလုံးအရင်းနဲ့ ချီတက်လာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ရဲ့ ရွှေ့လျားစစ်ကြောင်းကို အောက်တိုဘာလ ၂၉ ရက်နေ့ကစလို့ CB အဖွဲ့ဘက်က ဆုတ်ခွာပေးခဲ့ရပြီးနောက် စစ်ရေးအရ အချက်အချာ ကျတဲ့ ကနေဒီတောင်စခန်းကို နိုဝင်ဘာလ ၄ရက်နေ့မှာ စစ်ကော်မရှင်တပ်က ထိန်းချုပ်ခဲ့တာဖြစ်ပါတယ်။ ချင်းညီနောင်အဖွဲ့ဘက်က ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ကနေဒီတောင်စခန်းကို မနေ့ နိုဝင်ဘာလ ၁၈ ရက်နေ့မှာ ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သလို…

Read More

ချင်းပြည်နယ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်က ဗိုလ်မှူးကြီးအဆင့်ရှိသူ အပါအဝင် အင်အား ၁၀၀ ခန့်ချေမှုန်းခံရ

နိုဝင်ဘာလ ၁၈ ရက်။ ချင်းပြည်နယ်၊ ဖလမ်းမြို့နှင့် ဝေဘူလမြို့ကြား နဲ့ တီးတိန်မြို့နှင့်ခိုင်ကမ်းမြို့ကြားကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဘက်က ဗိုလ်မှူးကြီးအဆင့်အရာရှိတွေအပါအဝင် ရန်သူအင်အား ၁၀၀ ဝန်းကျင်ကို ချင်းညီနောင် CB မဟာမိတ်နဲ့အတူ ချေမှုန်းနိုင်ခဲ့ပြီး စစ်သုံ့ပန်းတချို့ကို ဖမ်းဆီးရမိသလို လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ Chinland Council ကဖွဲ့စည်းထားတဲ့ချင်းပြည် (Chinland) အစိုးရ ကာကွယ်ရေးဌာနက ဒီကနေ့ နိုဝင်ဘာလ ၁၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ချင်းပြည်(Chinland)အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်တွင်ရှိသော ချင်းအမျိုးသားတပ်မတော်နှင့် ဒေသန္တရကာကွယ်ရေးတပ်ဖွဲ့များဖြင့် ဖွဲ့စည်းထားသည့် ချင်းလဲန်အစိုးရတပ်ဖွဲ့ရဲ့ စစ်ကြောင်း (၁) နှင့် စစ်ကြောင်း (၂) တို့သည် ကလေးမြို့နယ်၊ ဂန့်ဂေါမြို့နယ်၊ ဖလမ်းမြို့နယ်နှင့် တီးတိန်မြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲများဖြစ်ပွားလျက်ရှိနေတယ်လို့ ဆိုပါတယ်။ စစ်ကြောင်း (၂) သည်…

Read More