
ZRA တပ်ဖွဲ့ဟာ စစ်ကောင်စီရဲ့ လက်နက်ပံ့ပိုးမှုရနေတာကြောင့် တွန်းဇံမြို့ကိုအချိန်မရွေး လာတိုက်နိုင်တယ်လို့ CNF ပြော
ဧပြီလ ၂၁ ရက်။ စစ်ကောင်စီရဲ့ လက်နက်ထောက်ပံ့ပေးမှုတွေ ရရှိနေတာကြောင့် တွန်းဇံမြို့ကို Zomi Revolutionary Army (ZRA) အဖွဲ့က အချိန်မရွေးလာတိုက်ခိုက်နိုင် ကြောင်း ၊မနေ့ဧပြီလ ၂၀ ရက်နေ့ကလည်း ZRA အဖွဲ့ဟာ အင်အားအလုံးအရင်းနဲ့ တွန်းဇံမြို့ထဲဝင်ရောက်ပြီး CNF/A ပူးပေါင်းအဖွဲ့တွေကို လာရောက်တိုက်ခိုက်ခဲ့ပြီး ၊တိုက်ပွဲအတွင်း ZRA ဖက်ကလူထိခိုက်သေဆုံးမှုရှိခဲ့ကာ ZRA အဖွဲ့ဟာ ပြန်ဆုတ်သွားတယ်လို့ CNF/CNA နဲ့ CDF – KKG တို့ရဲ့ဒီကနေ့ ဧပြီလ ၂၁ ရက်နေ့မှာ ပြုလုပ်တဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ချင်းအမျိုးသားတပ်ဦး(CNF/CNA )ရဲ့ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။ “ တိုက်ပွဲက တကျော့ပြန်တိုက်ပွဲလို့ ပြောလို့ရပါတယ် မနေ့က ၂၀ ရက်နေ့မှာ ZRA တွေက အင်အားအလုံးအရင်းနဲ့…