မလေးရှားမှာ ခိုက်ရန်ဖြစ်ပြီး ဒဏ်ရာရကာ ခူမီးချင်းလူငယ် ၁ ဦး ကွယ်လွန်
စက်တင်ဘာလ ၁၆ ရက်။ မလေးရှားနိုင်ငံ၊ ပါဟန်းပြည်နယ် Raub မြို့ရှိ ဒူရင်းခြံတွင် အလုပ်လုပ်ကိုင်နေတဲ့ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရိက္ခာရပ်ကွက် က Ai Mya Nyine အသက် ၃၇ နှစ် ဟာ စက်တင်ဘာလ ၁၃ ရက်နေ့က ခိုက်ရန်ဖြစ်ပွားခဲ့စဉ် ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံတွင် ဆေးကုသခံစဉ် ကွယ်လွန်သွားခဲ့ရတယ်လို့ Paletwa Khumi Community Malaysia က စက်တင်ဘာလ ၁၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရိက္ခာရပ်ကွက်က ( ဘ)ဦးကျော်လှဖြူ ၊ ဒေါ်မစိန်တို့ရဲ့ သား Ai Mya Nyine အသက် ၃၇ နှစ် ဟာ စက်တင်ဘာလ ၁၃…

