၁ နှစ်ခွဲကျော်အကြာမှ Chinland Council/CC နဲ့ ICNCC/CB တို့ ချင်းအမျိုးသားကောင်စီ (CNC) ဖွဲ့စည်းရေး ထပ်မံ ဆွေးနွေး
အောက်တိုဘာလ ၁၇ ရက်။ အောက်တိုဘာ ၁၆ ရက်နေ့မှာ အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်၊အိုင်ဇောလ်မြို့မှာ ချင်းတော်လှန်ရေးအင်အားစု၂ စုဖြစ်တဲ့ Chinland Council/CC နှင့် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC/CB ) တို့ တွေ့ဆုံပြီး ချင်းအမျိုးသားကောင်စီ (CNC) ဖွဲ့စည်းရေး ထပ်မံ ဆွေးနွေးခဲ့ကြတယ်လို့ အိန္ဒိယမီဒီယာ Times of India က ဖော်ပြထားပါတယ်။ မနှစ် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလကတည်းက ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) အဖွဲ့နှင့် ချင်းအမျိုးသားတပ်ဦး(CNF) ဦးဆောင်တဲ့ Chinland Council (CC) အဖွဲ့တို့အကြား Chin National Council (CNC) ကို ဖွဲ့စည်းရန် သဘောတူညီချက်ရှိခဲ့ကြောင်း၊အချိိန် ၁ နှစ်ခွဲကျော်အကြာ ယခုနှစ်၂၀၂၆ ခုနှစ် အောက်တိုဘာလ ၁၆…

