Headlines

စည်းလုံးညီညွတ်မှုဖြင့် ခက်ခဲခဲခဲ ရယူထားသည့် ငြိမ်းချမ်းရေးအမွေအနှစ်ကို ခိုင်မာအောင်ဝိုင်းဝန်းလုပ်ဆောင်ကြရန် မီဇိုရမ်ပြည်နယ်အုပ်ချုပ်ရေးမှူးနဲ့ ဝန်ကြီးချုပ် တိုက်တွန်း

ဇွန်လ ၃၀ ရက်။ သမိုင်းဝင် အိန္ဒိယဗဟိုအစိုးရနဲ့ မီဇိုရမ်ငြိမ်းချမ်းရေးသဘောတူညီချက် (Mizoram Peace Accord) ချုပ်ဆိုခဲ့သည့် နှစ် ၄၀ ပြည့် အထိမ်းအမှတ် အခမ်းအနားတွင် ပြည်နယ်သူပြည်နယ်သားများအနေဖြင့် စည်းလုံးညီညွတ်မှု၊ အားလုံးပါဝင်သော ဖွံ့ဖြိုးတိုးတက်မှုနှင့် လူမှုသဟဇာတဖြစ်မှုများမှတစ်ဆင့် ခက်ခက်ခဲခဲ ရယူထားရသည့် ငြိမ်းချမ်းရေးအမွေအနှစ်ကို ပိုမိုခိုင်မာအောင် ဝိုင်းဝန်းလုပ်ဆောင်ကြရန် ပြည်နယ်အုပ်ချုပ်ရေးမှုးVijay Kumar Singh နှင့် ဝန်ကြီးချုပ် Pu Lalduhoma တို့က တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။ ပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်မှု၊ လူမှုသဟဇာတဖြစ်မှုနှင့် အနာဂတ်တိုးတက်ပြောင်းလဲမှု အားလုံးသည် အဆိုပါ ငြိမ်းချမ်းရေးအမွေအနှစ်ကို ဆက်လက်ထိန်းသိမ်းစောင့်ရှောက်နိုင်မှုပေါ်တွင်သာ မတည်နေဘူးလို့လည်း သူတို့က ပြောဆိုလိုက်ပါတယ်။ ငြိမ်းချမ်းရေးသဘောတူညီချက်နေ့ (Remna Ni) အကြိုနေ့ နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် ပြည်နယ်ခေါင်းဆောင်နှစ်ဦးစလုံးက ၁၉၈၆ ခုနှစ် ငြိမ်းချမ်းရေးသဘောတူညီချက်…

Read Full News

CDF – Hakha တပ်ဖွဲ့ထံ စစ်ကောင်စီတပ်သား ၂ ဦး အလင်းဝင်

ဇွန်လ ၃၀ ရက်။ တပ်မ ၇၇ က စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးဟာ ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အခြေစိုက် CDF – Hakha ထံ အလင်းဝင်ရောက်ခဲ့တယ်လို့ CDF – Hakha Support Team of North America က ဇွန်လ ၃၀ ရက်နေ့မှာထုတ်ပြန်ပါတယ်။ CDF – Hakha Support Team of North America က “အသက်အန္တရာယ်မရှိဘဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ CDM ပြုလုပ်နိုင်စေဖို့ CDF -–akha ဘက်က နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်လျက်ရှိပြီး ၎င်းတို့ရဲ့ နေထိုင်ရေး၊ တကိုယ်ရေလုံခြုံရေးနဲ့ မိမိသွားလိုသည့် နေရာအထိ ပို့ဆောင်ပေးရေးတို့ကိုလည်း တာဝန်ဆောင်ရွက်ပေးလျက်ရှိတယ်” လို့ထုတ်ပြန်ထားပါတယ်။ အခြားအလင်းဝင်ရောက်လိုတဲ့…

Read Full News

မဲစာရင်းအထူးစစ်ဆေးမှုအပြီး မီဇိုရမ်မဲဆန္ဒရှင်စာရင်းမှ အမည်ပေါင်း ၄၆,၀၀၀ ကျော် ပယ်ဖျက်ခံရ

ဇွန်လ ၂၉ ရက်။ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှာ အထူးအထောက်အထားစစ်ဆေးခြင်းလုပ်ငန်း (Special Intensive Revision – SIR) ပြီးစီးသွားတဲ့နောက် မဲစာရင်းထဲကနေ အမည်ပေါင်း ၄၆,၀၀၀ ကျော်ကို ပယ်ဖျက်လိုက်တာကြောင့် ပြည်နယ်ရဲ့ လက်ရှိမဲဆန္ဒရှင်ဦးရေဟာ ၈၂၈,၈၇၇ ဦး ရှိနေတယ်လို့ ရွေးကောက်ပွဲဆိုင်ရာ အဆင့်မြင့်အရာရှိတစ်ဦးက ဇွန်လ ၂၈ ရက် တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။ ပြီးခဲ့တဲ့ မေလ ၂၀ ရက်နေ့က စတင်ခဲ့တဲ့ မဲစာရင်းပြန်လည်စစ်ဆေးခြင်းလုပ်ငန်းစဉ်ဟာ လူဦးရေစာရင်းကောက်ယူလွှာတွေ အားလုံးကို ဒစ်ဂျစ်တယ်စနစ်ပြောင်းလဲခြင်းနဲ့အတူ ပြီးဆုံးသွားခဲ့တာဖြစ်တယ်လို့ ပူးတွဲရွေးကောက်ပွဲအရာရှိချုပ် (Joint Chief Electoral Officer) Ethel Rothangpuii က ဆိုပါတယ်။ သေဆုံးခြင်း၊ အမြဲတမ်းရွှေ့ပြောင်းသွားခြင်း၊ မဲစာရင်းနှစ်ထပ်ဖြစ်နေခြင်းနဲ့ ရှာဖွေမတွေ့ရှိခြင်း စတဲ့ အကြောင်းပြချက်အမျိုးမျိုးကြောင့် မဲစာရင်းထဲကနေ…

Read Full News

ဟားခါးမြို့နယ် မာလ်ဆောမ်ကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့လို့နေအိမ်တချို့ပျက်စီး

ဇွန်လ ၂၉ ရက်။ ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ (Malsawm Khua ) မာလ်ဆောမ်ကျေးရွာက ဆေးရုံကို စစ်ကောင်စီတပ်ဖွဲ့မှ မနေ့ ဇွန်လ ၂၈ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်လောက်မှာ ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပေမယ့် အရပ်သားထိခိုက်သေဆုံးမှု မရှိခဲ့ဘဲ နေအိမ်တချို့ ထိခိုက်ပျက်စီးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဟားခါးမြို့ကနေ မိုင် ၄၀ ဝန်းကျင်လောက်ကွာဝေးမှာရှိတဲ့ မာလ်ဆောမ်ကျေးရွာက ဆေးရုံကို စစ်ကောင်စီက မနေ့ ညနေပိုင်း ၄ နာရီဝန်းကျင်လောက်မှာ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဆေးရုံကို ထိခိုက်မိတာမျိုးတော့ မရှိခဲ့ပေမယ့် ဆေးရုံအနီးအနားက လူနေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း အရပ်သားပြည်သူ ထိုခိုက်မှုမျိုးတော့ မရှိခဲ့ဘူးလို့ ဒေသခံတွေထံကနေ သိရပါတယ်။ ဇွန်လ ၂၆ ရက်နေ့ကလည်း ဟားခါးမြို့နယ်ထဲက…

Read Full News

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ချင်းပြည်နယ်မှာ ၁၆၁ ဦးအောင်မြင်

ဇွန်လ ၂၈ ရက်။ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင် စာရင်းကို ဇွန်လ၂၈ ရက်နေ့ နံနက်ပိုင်းတွင် ထုတ်ပြန်လိုက်ပြီး ချင်းပြည်နယ် ဟားခါးနဲ့တီးတိန်မြို့နယ်မှာ ဖြေဆိုသူ ၈၄၃ ဦးအနက် ၁၆၁ ဦး(တီးတိန် ၄၇, ဟားခါး ၁၁၄) အောင်မြင်ကာ တနိိုင်ငံလုံးအတိုင်းအတာမှာ အောင်ချက် ၁၉ ဒသမ ၁၀ ရာခိုင်နှုန်းရှိကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက ကြေညာပါတယ်။ မနှစ် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ချင်းပြည်နယ်ကနေ ဖြေဆိုသူ ၄၀၈ ဦး ရှိပြီး စာမေးပွဲ အောင်မြင်သူ ၁၁၀ ဦးသာရှိခဲ့တာကြောင့် ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း ချင်းပြည်နယ်ကနေ တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုသူ အနည်းဆုံးနှစ် ဖြစ်ခဲ့ပါတယ်။

Read Full News

မင်းတပ်မြို့နယ်ကို စစ်ကောင်စီတပ်လေကြောင်းနဲ့တိုက်ခိုက်ခဲ့လို့ ၁၀ နှစ်အရွယ်ဝန်းကျင်ရှိ ကလေးငယ် ၃ ဦးသေဆုံး

ဇွန်လ ၂၉ ရက်။ ချင်းပြည်နယ်၊ မင်းတပ်မြို့အနီးက ကျေးရွာတစ်ရွာကို စစ်ကောင်စီက ဒီကနေ့ ဇွန်လ ၂၉ ရက်နေ့ မနက်ပိုင်း ၅ နာရီခွဲအချိန်ဝန်းကျင်လောက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အသက် ၁၀ နှစ်အရွယ်ဝန်းကျင်ရှိ အမျိုးသမီးငယ် ၃ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒီကနေ့မနက်အစောပိုင်း ၅ နာရီခွဲအချိန်ဝန်းကျင်လောက်မှာ တံတားဦးလေတပ်ကနေ တက်လာတဲ့ စစ်ကောင်စီတပ်ဂျက်ဖိုက်တာတစ်စီးဟာ မင်းတပ်မြို့အနီးက ကျေးရွာတစ်ရွာကို တစ်ကြိမ်ဗုံးကို ၃ လုံးကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး အဆိုပါဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၁၀ နှစ်အရွယ်ဝန်းကျင်ရှိ အမျိုးသမီးငယ် ၃ ဦးသေဆုံးပြီး တချို့ ထိခိုက်ဒဏ်ရာသူတွေလည်း ရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒီကနေ့ညနေတွင်လည်း မင်းတပ်မြို့အနီးတစ်နေရာကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ၂ ကြိမ်ဗုံး ၄…

Read Full News

ချင်းလူငယ်အနုပညာရှင် Pau Za Langh ရဲ့တကိုယ်တော် ပန်းချီ ပြပွဲ ပြင်ဦးလွင်မှာ ကျင်းပမယ်

ဇွန်လ ၂၇ ရက်။ ချင်းလူငယ် ပန်းချီအနုပညာရှင်၁ဦး ဖြစ်တဲ့ Artist Pau Za Langh ရဲ့ ပထမဆုံး တကိုယ်တော် ပန်းချီပြပွဲကို “Between” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဇူလိုင် ၁ ရက်နေ့ ကနေ ၅ ရက်နေ့ အထိ မန္တလေးတိုင်း ပြင်ဦးလွင်မြို့ရှိ တောင်လှေကား-Home Art Gallery မှာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရှိရပါတယ်။ “Between လို့နာမည် ပေးထားတာက လက်ရှိ ကျွန်တော် သဘောကျတဲ့ ရေးဟန် နဲ့ ရိုးရာယဉ်ကျေးမှု ဖြစ်တဲ့ traditional ကို ပေါင်းစပ်ဖန်တီးပြီးတော့ ရေးဆွဲ ထားတာ ဖြစ်တယ်။ ခေတ်ဟောင်း ဘိုးဘေးတွေရဲ့ ရိုးရာ ယဉ်ကျေးမှု ဓလေ့တွေကို ခေတ်သစ်လူငယ်တွေက…

Read Full News

ဟားခါးမြို့နယ်က CDF – Hakha စခန်း နဲ့ ခမ်းပတ် – ကနန်နားက CNA စခန်းတွေ လေကြောင်းတိုက်ခိုက်ခံရပြီး တပ်ဖွဲ့ဝင်ထိခိုက်ကျဆုံးမှုတွေရှိ

ဇွန်လ ၂၇ ရက်။ ချင်းပြည်နယ် ၊ ဟားခါးမြို့နယ်အခြေစိုက် CDF – Hakha စခန်း ၂ ခုကို မနေ့ ဇွန်လ၂၆ ရက်နေ့ညက စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့သလို ဒီကနေ့ ဇွန်လ ၂၇ ရက်နေ့မနက်ပိုင်းကလည်း စစ်ကိုင်းတိုင်း ခမ်းပတ်မြို့နဲ့ ကနန်ရွာအနီးက ချင်းအမျိုးသားတပ်မ ေတာ်(CNA) စခန်းတခု လေကြောင်းတိုက်ခိုက်ခံခဲ့ရပြီး ကာကွယ်ရေးတပ်ဖွဲ့ဘက်က ထိခိုက်ကျဆုံးမှုတွေ ရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ စစ်ရေးသတင်းရင်းတစ်ဦးက “မနေ့ည ၁၀ နာရီဝန်းကျင်လောက်က CDF – Hakha က တပ်ရင်း ၁ နဲ့ တပ်ရင်း ၄ အကြဲခံရတာလို့ကြားသိရတယ် ထိခိုက်ကျဆုံးမှုတွေလည်း ရှိတယ်လို့ ပြောတယ် အတိအကျတော့ မသိရသေးဘူး၊ နောက်ပြီး ခမ်းပတ်ဘက်က CNA…

Read Full News

ဆလိုင်းတင်မောင်ဦးရဲ့ ယုံကြည်ချက်နဲ့ ခံယူချက်ကို လက်ဆင့်ကမ်းပြီးစစ်အာဏာရှင်စနစ်ကို ဆက်လက်တိုက်ပွဲသွားမယ်လို့ ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း နှစ် (၅၀) ပြည့်နှစ်မှာ ဗကသ၊ခကသနဲ့ CDF-Asho ကထုတ်ပြန်

ဇွန်လ ၂၆ ရက်။ ဆလိုင်းတင်မောင်ဦးရဲ့ ယုံကြည်ချက်နဲ့ ခံယူချက်တွေကို လက်ဆင့်ကမ်းသယ်ဆောင်ပြီး စစ်အာဏာရှင်စနစ်ကို ဆက်လက်တိုက်ပွဲသွားမယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ)၊ချင်းကျောင်းသားသမဂ္ဂ(မြန််မာ)နဲ့ချင်းကာကွယ်ရေးတပ် – အရှို ( CDF – Asho) က ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း နှစ်(၅၀) ပြည့်မြောက်တဲ့ ဒီကနေ့ ဇွန်လ ၂၆ ရက်နေ့မှာ အသီးသီးထုတ်ပြန်ပါတယ်။ ၁၉၅၀ ခုနှစ်က တောင်ငူမြို့မှာ မွေးဖွားခဲ့ပြီး ရန်ကုန်မြို့မှာ ကြီးပြင်းခဲ့သူ ဆလိုင်းတင်မောင်ဦးသည် ရန်ကုန်ဝိဇ္ဇာ သိပ္ပံတက္ကသိုလ်မှာ သတ္တဗေဒ ဘာသာရပ်တတိယနှစ်ကျောင်းသားဖြစ်ပါတယ်။ ဆလိုင်းတင်မောင်ဦးဟာ ၁၉၆၉ ကျွန်းဆွယ် အားကစားပွဲ ကျောင်းသားလှုပ်ရှားမှု၊ ၁၉၇၂ ကျောင်းသားလှုပ်ရှားမှု၊ ၁၉၇၄ သမိုင်းချည်မျှင်နှင့် အထည်စက်ရုံ အလုပ်သမားသပိတ်၊ ဦးသန့်အရေးခင်းနှင့် ၁၉၇၆ မှိုင်းရာပြည့်လှုပ်ရှားမှု စသည့် လှုပ်ရှားမှုများမှာ လူထုကို ဦးဆောင်ခဲ့တဲ့…

Read Full News

အိန္ဒိယဗဟိုအစိုးရ၏ ကတိတည်မှုနဲ့အတူ မီဇိုရမ်ပြည်ရဲ့ ငြိမ်းချမ်းရေးစာချုပ် နှစ် (၄၀)

DonBosco ဇွန်လ ၂၅ ရက်။ သမိုင်းဝင် အိန္ဒိယဗဟိုအစိုးရနဲ့ မီဇိုရမ်ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့မှာ နှစ် ၄၀ ပြည့်မြောက်ဖို့ ရက်ပိုင်းအလိုမှာပဲ Mizoram Resource Mobilization Committee (MRMC) က ပြည်နယ်အတွက် သီးသန့်တရားလွှတ်တော် (High Court) တစ်ရပ် ထူထောင်ဖို့ ဖိအားပေးတောင်းဆိုမှုတွေကို ပြန်လည်စတင်လိုက်ပါတယ်။ ဒါဟာ ပြည်နယ်အတွင်း ဆယ်စုနှစ်နှစ်ခုစာ ကြာမြင့်ခဲ့တဲ့ လက်နက်ကိုင်ပုန်ကန်မှုကို အဆုံးသတ်စေခဲ့တဲ့ အဆိုပါ သမိုင်းဝင်သဘောတူညီချက်ကို အပြည့်အဝအကောင်အထည်ဖော်ဖို့အတွက် အရေးကြီးတဲ့ ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။ အဆိုပါ အဆိုပြုချက်ကို ဇွန်လ ၂၃ ရက်နေ့က ဝန်ကြီးချုပ် Pu Lalduhoma သဘာပတိအဖြစ် ဆောင်ရွက်တဲ့ MRMC အစည်းအဝေးအတွင်း ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။ ကော်မတီရဲ့…

Read Full News