ရန်ကုန်တိုင်းမှာ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်တဲ့ ချင်းလူမျိုးတွေအားလုံးရှုံးနိမ့်
ဇန်နဝါရီလ ၂၇ ရက်။ အာဏာသိမ်းစစ်ကော်မရှင် ကျင်းပတဲ့ ပါတီစုံရွေးကောက်ပွဲမှာ ရန်ကုန်တိုင်းဒေသကြီးမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြတဲ့ ချင်းလူမျိုးကိုယ်စားလှယ် ၄ ဦးစလုံး ရှုံးနိမ့်ခဲ့တယ်လို့ သိရပါတယ်။ ရန်ကုန်တိုင်းမှာဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ချင်းလူမျိုး ၄ ဦးဟာ ဝါရင့်ချင်းနိုင်ငံရေးသမားဖြစ်သူ CNLD ပါတီဥက္ကဋ္ဌ ဟောင်း ပူးဇိုဇမ်၊ဒေါ်နှဲမ်အဲမ်ပါရ်၊ဦးပေါင်ရှမ်း ဟောက်(ခ) ပေါ်လ် ပေါင်ရှန်ဟောက်၊ဦး တော်နီလျန် တို့ဖြစ်ကြပါတယ်။ ဝါရင့်ချင်းနိုင်ငံရေးသမား၊CNLD ပါတီဥက္ကဋ္ဌ ဟောင်း ပူးဇိုဇမ်က ကျားဖြူပါတီ/ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ( SNDP) ကိုယ်စားပြုပြီး ရန်ကုန်တိုင်း ဒေသကြီးမှာ PR စနစ်အမျိုးသားလွှတ်တော်မဲဆန္ဒနယ်(၃)မှာဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၊ ဦးတော်နီလျန်က မြန်မာနိုင်ငံ တောင်သူလယ်သမားဖွံဖြိုးတိုးတက်ရေးပါတီကိုယ်စားပြုပြီး PR စနစ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ် ၁ မှာ ယှဉ်ပြိုင်ခဲ့ပြီး ၊ချင်းအမျိုးသမီးတစ်ဦးဖြစ်တဲ့ ဒေါ်နှဲမ်အဲမ်ပါရ်က မြန်မာနိုင်ငံတောင်သူလယ်သမားဖွံဖြိုးတိုးတက်ရေးပါတီကိုယ်စားပြုပြီး အင်းစိန်မဲဆန္ဒနယ်ကနေ FPTP စနစ်ပြည်သူ့လွှတ်တော်နေရာဝင်ရောက်ယှဉ်ပြိုင်ခဲ့ကာ ချင်းအမျိုးသားတစ်ဦးဖြစ်တဲ့…

