ကလေး-တမူးလမ်း ကနန်ကျေးရွာမှာ တိုက်ပွဲတွေပြင်းထန်နေလို့ ဒေသခံပြည်သူတွေ အသွားအလာသတိပြုကြဖို့ လိုအပ်
ဇူလိုင်လ ၈ ရက်။ အိန္ဒိယ – မြန်မာ နယ်စပ် ကလေး – တမူးလမ်းမပေါ်က ကနန်ကျေးရွာအနီးတဝိုက်မှာ ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့နဲ့ တော်လှန်ရေးတပ်ဖွဲ့အကြား နှစ်ဘက်ထိတွေ့တိုက်ပွဲပြင်းထန်နေလို့ ဒေသခံတွေအနေဖြင့် အသွားအလာ သတိပြုကြဖို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “တိုက်ပွဲတွေက အပြင်းအထန်ဖြစ်နေတယ် ဒီကနေ့မနက်ကလည်း ကနန် D group မရောက်ခင် Rhema ဆုတောင်းတောင်အနီးမှာ မီးခိုးဗုံးတစ်လုံးပေါက်ကွဲတယ် အဲဒါပြီးတော့ မကြာဘူး နှစ်ဘက် အပြန်အလှန် ပစ်ခတ်နေကြတယ် ဗုံးပေါက်ကွဲသံတွေလည်း ဆက်တိုက်ကြားနေရတယ် ပတ်ဝန်းကျင်တဝိုက်လည်း တုန်ခါခဲ့တယ် ခဏအကြာ ပစ်ခတ်တာတွေ အနည်းငယ်ငြိမ်ပေမယ့် ဗုံးပေါက်ကွဲသံတွေက ဆက်တိုက်ကြားရတယ် အဲဒီနောက် နေ့လည် ၂ နာရီခန့်မှာ စလို့ ပစ်ခတ်တိုက်ခိုက်မှုတွေ ဆက်ဖြစ်တယ် ပြည်သူတွေအနေနဲ့ လက်ရှိအချိန်မှာ လုံခြုံမှုမရှိတဲ့…

