Starlink မူဝါဒ အသစ်မှာ အင်တာနက်လိုင်းတွေ မရတော့မှာကို ချင်းပြည်နယ်က ဒေသခံတချို့စိုးရိမ်နေကြ
ဇူလိုင်လ ၁၇ ရက်။ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရတဲ့ ဒေသတွေမှာ ကျုယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြတဲ့ ဂြိုလ်တု Starlink အင်တာနက်လိုင်းတွေ သြဂုတ်လ ၁၂ ရက်နေ့မတိုင်ခင်အထိ အသုံးပြုလို့ရမှာဖြစ်ပြီး သြဂုတ်လ ၁၃ ရက်နေ့ကစလို့ Starlink မူဝါဒ အသစ်စတင် အသက်ဝင်လာတော့မှာဖြစ်လို့ ဖုန်းလိုင်း၊ အင်တာနက်လိုင်း မရတဲ့ ချင်းပြည်နယ်က ဒေသခံတွေက အင်တာနက်လိုင်းကို အရင်လို မရတော့မှာကို စိုးရိမ်မှု မြင့်တက်နေပါတယ်။ ဂြိုလ်တု Starlink အင်တာနက်လိုင်းတွေကို ၂၀၂၆ ခုနှစ် ၊ သြဂုတ်လ ၁၃ ရက်နေ့ကစလို့ နိုင်ငံခြားတွင် ရက်ရှည်အသုံးပြုသူတွေ အတွက် မူဝါဒအသစ်ကို စတင်အသုံးပြုတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ ချင်းပြည်နယ်မှာ နေထိုင်တဲ့ ဒေသခံတစ်ဦးက “…

