ရေဘေးသင့်ပြည်သူတွေအတွက်အကူအညီတွေကိုတိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ၊အရပ်ဘက်လူမှုအဖွဲ့အစည်းတွေကတဆင့် တိုက်ရိုက်ပံ့ပိုးပေးဖို့CNF၊ KNPP၊ KNU နဲ့ NUG တို့ကတောင်းဆို
ရှမ်းပြည်နယ်၊ ကရင်နီပြည်နယ်၊ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်း တို့မှာနေရာအနှံ့အပြား ရေကြီးရေလျှံမှုဘေးအန္တရယ်ကျရောက်တာကြောင့် ကုလသမဂ္ဂ၊ အီးယူ၊ အာဆီယံနှင့်တကွ ပြည်တွင်းပြည်ပ အဖွဲ့အစည်းအားလုံးကို ကူညီပံပိုးပေးကြဖို့နဲ့ ရေဘေးသင့်ပြည်သူတွေအတွက်အကူအညီတွေကိုတိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ ၊အရပ်ဘက်လူမှုအဖွဲ့အစည်းတွေကတဆင့်တိုက်ရိုက်ပံ့ပိုးပေးဖို့တောင်းဆိုကြောင်းချင်းအမျိုးသားတပ်ဦး (CNF)၊KNPP၊ KNU နဲ့ MoHADM – NUG(အမျိုးသားညီညွတ်ရေးအစိုးရ)တို့က ပူးတွဲပြီး စက်တင်ဘာလ ၁၇ ရက်နေ့မှာ သဘောထားထုတ်ပြန်ပါတယ်။ ထုတ်ပြန်ချက်မှာ ကုလသမဂ္ဂ၊ အီးယူ၊ အာဆီယံနှင့်တကွ ပြည်တွင်းပြည်ပ အဖွဲ့အစည်းအားလုံးကို အရေးပေါ် လူသားချင်းစာနာမှု အကူအညီများနဲ့ ကျန်းမာရေးဆိုင်ရာ အကူအညီတွေကို ရေဘေးသင့်ပြည်သူတွေအားလုံးကို အညီအမျှရရှိစေရန် ဆောင်ရွက်ပေးဖို့၊ အဆိုပါအကူအညီများကို သက်ဆိုင်ရာဒေသအသီးသီးက လူသားစာနာဝန် ကြီးဌာနတာဝန်ခံတွေ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေကို တိုက်ရိုက်ပံ့ပိုးပေးဖို့၊ နိုင်ငံတကာပေးအပ်တဲ့ လူသားစာနာမှုအကူအညီတွေကို နိုင်ငံရေးနဲ့ စစ်ရေးတို့အတွက် အမြတ်ထုတ်ခြင်းမခံရအောင် အထူးသတိပြုဆောင်ရွက်ပေးဖို့…

