ကလေးမြို့နယ် ကြံသာကျေးရွာကို စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်ခဲ့တယ်လို့ သိရ
စက်တင်ဘာလ ၂၃ ရက်။ စစ်ကိုင်းတိုင်း၊ကလေးမြို့နယ်၊ကဘော်၊မ ေကွးတိုင်း ဂန့်ဂေါမြို့နယ်တွေမှာ အဓိကစစ်ရေးလှုပ်ရှားနေတဲ့ ချင်းလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ဖြစ်တဲ့ Chinland Defense Force (Kalay-Kabaw-Gangaw) CDF -KKG ထိန်းချုပ်ထားတဲ့ ကလေးမြို့နယ်တောင်ပိုင်း ကြံသာကျေးရွာကို စစ်ကောင်စီတပ်တွေက စက်တင်ဘာလ ၂၀ ရက်နေ့မနက်ပိုင်းမှာ ပြန်ထိန်းချုပ်လိုက်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံကနေ သိရှိရပါတယ်။ စစ်ရေးသတင်းရင်းမြစ်တစ်ဦးပြောတာက “၂၀ ရက်နေ့ မနက်က ပါသွားတာ စကစတွေက ခွဲပြီး ပတ်ဝင်လာတာ ဒရုန်းနဲ့ ဖိအားပေးချိန် ကိုယ့်ဘက်က ပစ်အားလျော့ချိန် ရွာထိပ်ပိုင်းကနေ ပြည်သူ့စစ်တွေကို ရှေ့ကတက်ခိုင်းပြီး အလုံးအရင်းနဲ့ ဖောက်ဝင်လာတာ KKG တပ်ရင်း (၇) ဘက်က တစ်ဦးကျ၊ တစ်ဦး အရှင်ဖမ်းခံရတယ် လက်ရှိ ကြံသာထဲမှာ မိုင်းထောင်တာ ကာကင်းထုတ်၊ တပ်စွဲဖို့ ပြင်နေကြတယ်” လို့…

