မလေးရှားသွားရင်း လမ်းမှာ အသက်ရူမဝလို့ ကွယ်လွန်ခဲ့သူချင်းလူငယ်ရဲ့ရုပ်အလောင်းကို ထိုင်းမှာ ၁၀ ရက်ကြာသည်အထိထုတ်ယူနိုင်ခြင်း မရှိသေး
ဧပြီလ ၂၁ ရက်။ ပြီးခဲ့တဲ့ ဧပြီလ ၁၁ ရက်နေ့က မလေးရှားနိုင်ငံကိုသွားရင်း ထိုင်းနယ်စပ် လမ်းခုလပ်မှာ ကားပေါ်မှာအသက်ရူမဝလို့ကွန်လွန်ခဲ့သူချင်းလူငယ်ရဲ့ ရုပ်အလောင်းကို ဒီကနေ့ဧပြီလ ၂၁ ရက်နေ့ အထိ ဆယ်ရက်အကြာ ထုတ်ယူနိုင်သေးခြင်း မရှိသေးဘူးလို့ ဆွေမျိုးနီးစပ်သူတွေဆီကနေ သိရပါတယ်။ ချင်းပြည်နယ်၊ တီးတိန်မြို့နယ် ၊ တွီးဗျာလ်းကျေးရွာနေ အသက် ၂၂ နှစ် အရွယ်ဝန်းကျင်ရှိသူ Tg. Pau Lam Kim ဟာ မလေးရှားနိုင်ငံကို ဧပြီလ ၁၁ ရက်နေ့က ကားနဲ့တဆင့် သွားရောက်ခဲ့တာဖြစ်ပြီး ထိုင်း – မလေးနယ်စပ် ထိုင်းနိုင်ငံ ဆွမ်ခလာမြို့နယ်အရောက်မှာ ကားပေါ်လူများပြီး အသက်ရှုမဝဖြစ်ကာ ကွယ်လွန်ခဲ့တာဖြစ်ပြီး လက်ရှိ သူရဲ့ရုပ်အလောင်းဟာ ထိုင်းနိုင်ငံ၊ Hat Yai မြို့က မအော်…

