Headlines

လမ်းခင်းတာ ရပ်ပစ်မယ် ဖိအားပေးခံရလို့ အိုင်ဇောလ်မြေပိုင်ရှင်များကို အစိုးရက နစ်နာကြေး ရူပီး ၇၄ သန်း စတင်ပေး

အောက်တိုဘာလ ၁၈ ရက်။ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် Sihhmui နဲ့ Muallungthu အကြား အိုင်ဇောလ်မြို့ရှောင်လမ်း ခင်းတဲ့လုပ်ငန်းတွေကို လာမယ့် နိုဝင်ဘာ ၁ ရက်ကစပြီး ရပ်တန့်ပစ်မယ်လို့ ဒေသခံမြေပိုင်ရှင်တွေဘက်က သတိပေးလာပြီးနောက်ပိုင်း ထိခိုက်နစ်နာခဲ့ရတဲ့ မြေပိုင်ရှင် ၁၈၅ ယောက်ဆီကို နောက်ဆက်တွဲ နစ်နာကြေးငွေ ရူပီး ၇၄ သန်း  ကို ပြည်နယ် ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းဌာန (PWD) က အလျင်အမြန် စတင်ထုတ်ပေးနေပြီ ဖြစ်ပါတယ်။ PWD ရဲ့ စီမံကိန်းအကောင်အထည်ဖော်ရေး ယူနစ်က လုပ်ဆောင်နေတဲ့ ဒီနစ်နာကြေးပေးချေမှု လုပ်ငန်းစဉ်ကို လာမယ့် အောက်တိုဘာ ၂၃ ရက်မှာ အပြီးသတ်နိုင်ဖို့ မျှော်မှန်းထားပါတယ်။ ဒီလို နစ်နာကြေးတွေ အမြန်ထုတ်ပေးရတာဟာ အိုင်ဇောလ်မြို့ရှောင်လမ်း အနောက်ဘက်ခြမ်း မြေပိုင်ရှင်များ လူမှုဖူလုံရေးအသင်း (Aizawl…

Read More

ချင်းစကားများ အပါအဝင် Google Translate မှာ မပါတဲ့ တိုင်းရင်းသားဘာသာစကား ၁၇၄ မျိုးအတွက် ‘Lexnary’ အဘိဓာန် မိတ်ဆက်

အောက်တိုဘာလ ၁၆ ရက်။ Google Translate မှာ မပါဝင်သေးတဲ့ တိုင်းရင်းသား လူနည်းစု ဘာသာစကားတွေ အပါအဝင် ဘာသာစကားပေါင်း ၂၀၅ မျိုးကို အပြန်အလှန် ရှာဖွေနိုင်မယ့် ‘Lexnary’ အမည်ရှိ အခမဲ့ အဘိဓာန် ပလက်ဖောင်းတစ်ခုကို ကိုယ်တိုင် တည်ဆောက်ပြီး ဇိုမီတို့ရဲ့ ရိုးရာနှစ်သစ်ကူးပွဲတော် (Zomi Khuado Pawi) ကို ဂုဏ်ပြုတဲ့အနေနဲ့ မျှဝေလိုက်တယ်လို့ နည်းပညာဖန်တီးသူ David Mung က ပြောပါတယ်။ Lexnary ကို စမ်းသပ်အသုံးပြုလိုပါက https://lexnary.com နဲ့ Facebook Page: https://www.facebook.com/profile.php?id=61595117946685 တို့မှာ ကြည့်ရူ့ လေ့လာနိုင်ပါတယ်။ အဆိုပါ Lexnary အဘိဓာန်မှာ ဘာသာစကား ၂၀၅ မျိုး ပါဝင်တဲ့အနက် ၁၇၄…

Read More

မလေးရှားရဲကို ရိုက်နှက်ခဲ့တဲ့ ချင်းအမျိုးသား ၂ ဦးကို ထောင်ဒဏ် ၄ နှစ်စီ တရားရုံးက ချမှတ်

အောက်တိုဘာလ ၁၄ ရက်။ မလေးရှားနိုင်ငံ၊ပါဟန်ပြည်နယ်၊ Raub မြို့မှာ မလေးရှားရဲတပ်ဖွဲ့ဝင်တစ်ဦးကို ထိုးကြိတ်ရိုက်နှက် ခဲ့တဲ့ ခူမီး (ချင်း) အမျိုးသား (၂) ဦးကို ဒီကနေ့အောက်တိုဘာလ ၁၄ ရက်နေ့မှာ တရားရုံးက ထောင်ဒဏ် ၄ နှစ်စီ အသီးသီးချမှတ်လိုက်တယ်လို့ မလေးရှားမြန်မာလူမှုကူညီရေးအသင်း တာဝန်ရှိသူ တစ်ဦးဆီကနေ သိရပါတယ်။ မလေးရှားမြန်မာလူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက “ ဒီကနေ့မှာဘဲ ကျူးလွန်သူ ၂ ဦးကို တရားရုံးက အမိန့်ချလိုက်တယ် ထောင်ဒဏ် ၄ နှစ် စီ အသီးသီးချမှတ်လိုက်တယ်” လို့ပြောပါတယ်။ မလေးရှားရဲအရာရှိကို ရိုက်နှက်ခဲ့တဲ့ ချင်းအမျိုးသား ၂ နှစ်ဦးကို မလေးရှား Raub တရားရုံးက ပုဒ်မ ၃၃၃ နဲ့ တရားစွပ်စွဲခဲ့တာဖြစ်ပြီး ဒီကနေ့ အောက်တိုဘာလ…

Read More

မလေးရှားမှာ ဖမ်းဆီးထိန်းသိမ်းခံရတဲ့ ကန်ပက်လက်ဒေသခံ မလှဝင်း ဖျားနာပြီး ကွယ်လွန်ခဲ့ရ

အောက်တိုဘာလ ၁၃ ရက်။ ချင်းပြည်နယ် ၊ ကန်ပက်လက်မြို့နယ် ၊ ကျင်ဒွေးမြိုတွင် နေထိုင်သူ မလှဝင်း (ခ) မလှတင်၊ အသက် (၃၈) ရှိသူဟာ မလေးရှားနိုင်ငံမှာ အထောက်အထားမရှိလို့ လူဝင်မှုကြီးကြပ်ရေးဌာနမှာ ဖမ်းဆီးထိန်းသိမ်းခံရစဉ် ဖျားနာပြီး ကွယ်လွန်သွားခဲ့ရတယ်လို့ မလေးရှားမြန်မာ လူမှုကူညီရေးအသင်း(MMA)က ဒီကနေ့ အောက်တိုဘာလ ၁၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ကန်ပက်လက်မြိုနယ်၊ ကျင်ဒွေးမြိုတွင် နေထိုင်သူ မလှဝင်း (ခ) မလှတင်ဟာ မလေးရှားနိုင်ငံ၊ ပဲရပ်ပြည်နယ်၊ အီပိုမြိုတွင် အလုပ်လုပ်ကိုင်နေစဉ် အထောက်အထားမရှိခြင်းကြောင့် ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၇ ရက်နေ့တွင် မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရတယ်လို့ ဆိုပါတယ်။ အဲဒီလို ထိန်းသိမ်းခံနေရစဉ်အတွင်း မလှတင်ဟာ ဖျားနာလာလို့ တာပါးထိန်းသိမ်းရေးစခန်းကနေ တက်လူးအင်တန်းဆေးရုံကြီးကို ပို့ဆောင်ကာ…

Read More

မီဇိုရမ်အတွက် ရူပီး သန်း ၃,၅၀၀ တန် စီမံကိန်းသစ်များ ဗဟိုအစိုးရ ချထားပေး

အောက်တိုဘာလ ၁၂ ရက်။ အိန္ဒိယဗဟိုအစိုးရဟာ မီဇိုရမ်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စုစုပေါင်း ရူပီး သန်း ၃,၅၀၀ ခန့် (ရူပီး ၃၅၀ ကုဋေ) တန်ဖိုးရှိတဲ့ စီမံကိန်းသစ်တွေကို ချထားပေးလိုက်ပြီး အရှေ့မြောက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန (DoNER) ပြည်ထောင်စုဝန်ကြီး Jyotiraditya M. Scindia က တနင်္လာနေ့မှာ စတင်ဖွင့်လှစ် မိတ်ဆက်ပေးခဲ့ပါတယ်။ အိန္ဒိယ ဝန်ကြီးချုပ် Narendra Modi ရဲ့ မျှော်မှန်းချက်နဲ့အညီ အရှေ့မြောက်ဒေသကို ပိုမိုဖွံ့ဖြိုးတိုးတက်လာစေဖို့ ဗဟိုအစိုးရဘက်က အလေးထား ဆောင်ရွက်ပေးတာဖြစ်ပြီး၊ အဆိုပါ လုပ်ငန်းစဉ်တွေဟာ ပြည်နယ်ရဲ့ စီးပွားရေး တိုးတက်မှုနဲ့ ဒေသတွင်း ပြောင်းလဲမှုတွေအတွက် အများကြီး အထောက်အကူပြုမယ်လို့ Lengpui လေဆိပ်ကို ရောက်ရှိချိန်မှာ ဝန်ကြီး Scindia က သတင်းထောက်တွေကို…

Read More

မလေးရှားမှာ အထောက်ထားမပြည့်စုံလို့ ဖမ်းဆီးခံရသူ ၁၇၄ ဦးထဲ မြန်မာနိုင်ငံသား ၉၉ ဦးပါဝင် တယ်လို့ သိရ

အောက်တိုဘာလ ၉ ရက်။ မလေးရှားနိုင်ငံ၊ ဆလန်ဂေါပြည်နယ်၊ ဘန်ဒါဘာရူကလန်း နဲ့ ဆရီ ကမ်ဘန်ဂန်းမှာ မနေ့အောက်တိုဘာလ ၈ ရက်နေ့က အထောက်အထားမပြည့်စုံသူ ၁၇၄ ဦး ဖမ်းဆီးခံရတဲ့အထဲ မြန်မာနိုင်ငံသား ၉၉ ဦးပါဝင်တယ်လို့ မလေးရှားမှာ နေထိုင်သူတွေဆီကနေသိရပါတယ်။ မြန်မာနိုင်ငံသား ၉၉ ဦးအပါအဝင် အင်ဒိုနီးရှား ၂၉ ဦး၊ ထိုင်း ၁၁ ဦး၊ ဗီယက်နမ် ၁၀ ဦး၊ တရုတ် နှင့် အိန္ဒိယနိုင်ငံသား (၇) ဦး၊ ဘင်္ဂလားဒေ့ရှ် (၅) ဦး၊ လာအိုနှင့် နီပေါနိုင်ငံသား (၂) ဦး အပြင် ကမ္ဘောဒီးယားနဲ့ နိုင်ဂျီးရီယားနိုင်ငံသား (၁) ဦးစီပါဝင်တယ်လို့ သိရပါတယ်။ မနေ့က အထောက်အထားမပြည့်စုံလို့ ဖမ်းဆီးထိန်းသိမ်းခံရသူတွေကို လက်ရှိ…

Read More

မလေးရှားရောက် မြန်မာတွေကို နေရပ်ပြန်ပို့ရေး ဆက်လက်ဆောင်ရွက်သွားမယ်လို့ မလေးရှားဝန်ကြီးချုပ် ပြောကြား

အောက်တိုဘာလ ၈ ရက်။ မလေးရှားနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေကို နေရပ်ဆီ ပြန်လည်ပို့ ဆောင်ပေးနိုင်ဖို့အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့ အေဂျင်စီတွေ ဆက်လက်ချိတ် ဆက် ဆောင်ရွက်သွားမယ်လို့ အောက်တိုဘာ (၈) ရက်နေ့မှာ မလေးရှားနိုင်ငံ ဝန်ကြီးချုပ်က မြန်မာ – မလေးရှား နှစ်နိုင်ငံ တွေ့ဆုံပွဲအတွင်း တရားဝင် ပြောကြားလိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ မြန်မာဘက်ကလည်း နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ပိုမိုတိုးတက်ခိုင်မာစေ ဖို့အတွက် သံအမတ်ကြီးအဆင့် ပြန်လည်ခန့်အပ်ထားရှိနိုင်ရေး ညှိနှိုင်းဆောင်ရွက်သွားဖို့ မျှော်လင့်ကြောင်း ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။ ဒီတွေ့ဆုံပွဲမှာ မလေးရှား ဝန်ကြီးချုပ်က မလေးရှားရောက် မြန်မာနိုင်ငံသားတွေကို နေရပ်ပြန်လည်ခေါ်ယူရေး တောင်းဆိုချက်အပေါ် မြန်မာဘက်က အပြည့်အဝ ပူးပေါင်းကူညီပေးခဲ့တာကို အထူးပဲ ကျေးဇူးတင်တယ်လို့ ဦးစွာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။ အထူးသဖြင့် ပြီးခဲ့တဲ့ ဇန်နဝါရီလကနေ…

Read More

Joshua Van ကို ဂျော့ရှူဝါဗန်/ဂျိုရူဝါဗန် ဆိုပြီးမရေးသင့်ပါ(အယ်ဒီတာ့ထံ ပေးစာ)

Chin World Editor ခင်ဗျာ။ ကျ နော့်စိတ်ထဲမှာ အရင်ကတည်းကနေ အခုထိ ခိုးလုခိုးလိုဖြစ်နေတဲ့ ချင်းလူငယ်ဖိုက်တာ Joshua Van နာမည်စာလုံဲးပေါင်းကိစ္စကို ရင်ဖွင့်ချင်ပါတယ်။ ကမ္ဘာ့ကျော် UFC တိုက်ခိုက်ရေးပြိုင်ပွဲ ဖလိုင်းဝိတ်တန်းချန်ပီယံ ချင်းလူငယ်ဖိုက်တာ Joshua Van ကို မြန်မာမီဒီယာများက သတင်းများမှာ အနီးစပ်ဆုံး မြန်မာအသံထွက်ဖြင့် ဂျော့ရှူဝါဗန်/ဂျိုရူဝါဗန်/ဂျိုရူအာဗန် လို့ စာလုံး ပေါင်းပြီး ခဏခဏ ဖော်ပြတာကိုမြင်ရတာစိတ်မသက်သာပါ။ ဂျော့ရှူဝါဗန်/ဂျိုရူဝါဗန်/ဂျိုရူအာဗန် ဆိုတာ Joshua Van ဆိုတဲ့ သူ့နာမည်မူရင်းအသံထွက်နဲ့အတော်ကွဲလို့ဖြစ်ပါတယ်။ဂျိုရူ နဲ့ ဝါဗန် က သက်သက်လိုလို ဘာလိုလို။Joshua Van ကို မြန်မာလို ဂျိူးရူ့ဗန် /ဂျိူးရွှဗန် လို့ စာလုံးပေါင်းရင် -ဂျိုရူဝါဗန် ထက်ပိုမနီးစပ်ဘူးလား ?? မြန်မာပြည်ကနာမည်များနဲ့အခေါ်အဝေါ်တခြားစီဖြစ်တဲ့ နိုင်ငံခြားရုပ်ရှင်မင်းသား/မင်းသမီးများ/…

Read More

မြန်မာနိုင်ငံသားတွေကို ပြည်နှင်ဒဏ်ပေးတာ ဆိုင်းငံ့ပေးဖို့ မလေးရှားအစိုးရထံ ချင်းပြည် ( Chinland) လွှတ်တော်က အိတ်ဖွင့်စာပေးပို့

အောက်တိုဘာလ ၈ ရက်။ အသက်လုံခြုံရေးနှင့် ဘေးကင်းလုံခြုံရေး ခြိမ်းခြောက်မှုတွေကနေ လွတ်မြောက်ထွက်ပြေးလာတဲ့ မြန်မာနိုင်ငံသားတွေအပေါ် အထူးထည့်သွင်းစဉ်းစားပေးပြီး ပြည်နှင်ဒဏ်ပေးတာတွေကို ဆိုင်းငံ့ပေးဖို့ မလေးရှားအစိုးရအဖွဲ့၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေတုခ်ဆရီ ဆိုင်ဖူဒင် နာဆူရှင်း ဘင် အစ္စမေးလ် ထံ ၂၀၂၀ ခုနစ်ရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ်တွေနဲ့စုစည်းထားတဲ့ချင်းပြည် ( Chinland) လွှတ်တော်က အိတ်ဖွင့်စာပေးပို့ခဲ့တယ်လို့အောက်တိုဘာလ (၇) ရက်နေ့က ဖော်ပြပါတယ်။ အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်မှုတွေအပါအဝင် စစ်ရေးပဋိပက္ခ အပြင်းအထန်ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံကို မလေးရှားနိုင်ငံအတွင်း ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ချင်းလူမျိုးတွေအပါအဝင် မြန်မာနိုင်ငံသား ၁၄၇၆ ဦးကို စက်တင်ဘာလ ၂၉ ရက်နေ့က မလေးရှားနိုင်ငံကနေ မြန်မာနိုင်ငံကို ပထမအဆင့်အဖြစ် ပြန်လည်ပို့ဆောင်ခဲ့ပြီး နောက်ထပ်ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသားတွေကို ထပ်မံပို့ဆောင်ဖို့ ပြင်ဆင်နေတဲ့ သတင်းတွေကြောင့် လွန်စွာစိုးရိမ်ပူပန်ရတယ်လို့ အိတ်ဖွင့်စာမှာ ထည့်သွင်းထားပါတယ်။…

Read More

အာရှရွှေတံဆိပ်ရ မီဇိုဟော်ကီမယ် ၂ ဦးကို မီဇိုရမ်အစိုးရ ရူပီး ၂၅ သိန်းစီ ဆုချီးမြှင့်မယ်

အောက်တိုဘာလ ၇ ရက်။ အိန္ဒိယအမျိုးသမီး ဟော်ကီလက်ရွေးစင်အသင်းမှာ ပါဝင်ပြီး နိုင်ငံအတွက် ရွှေတံဆိပ်ဆွတ်ခူးပေးခဲ့ကြတဲ့ မီဇိုတိုင်းရင်းသူ အားကစားသမားနှစ်ဦးဖြစ်တဲ့ Lalremsiami နဲ့ Lalthantluangi တို့ကို မီဇိုရမ်ပြည်နယ်အစိုးရက တစ်ဦးကို ရူပီး ၂၅ သိန်းစီ ဂုဏ်ပြုဆုကြေး ချီးမြှင့်မှာဖြစ်ပါတယ်။ အဆိုပါ ချီးမြှင့်မှုဟာ ဂျပန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ၂၀၂၆ အာရှအားကစားပြိုင်ပွဲမှာ အိန္ဒိယအသင်း ဗိုလ်စွဲနိုင်ရေးအတွက် အဓိကစွမ်းဆောင်ပေးခဲ့ကြတဲ့ သူတို့နှစ်ဦးရဲ့ စွမ်းဆောင်ရည်ကို အသိအ မှတ်ပြုတဲ့အနေနဲ့ အောက်တိုဘာ ၃ ရက်နေ့က တရားဝင် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါတယ်။ မီဇိုရမ်ပြည်နယ်သူ အဆိုပါ တိုင်းရင်းသူနှစ်ဦးဟာ နောက်ဆုံးဗိုလ်လုပွဲမှာ အင်အားကြီး တရုတ်အသင်းကို အနိုင်ယူပြီး သမိုင်းဝင် အောင်ပွဲအရယူပေးခဲ့တဲ့ အိန္ဒိယ လက်ရွေးစင်အသင်းကြီးမှာ အဓိက ကစားသမားတွေအဖြစ် ပါဝင်ခဲ့ကြတာ ဖြစ်ပါတယ်။ ပြည်နယ်ဝန်ကြီးချုပ်…

Read More