အောက်တိုဘာလ၂၉ရက်။
ရခိုင်ပြည်နယ်ရှိ လူအများအပြား ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊မီးဇာကျေးရွာသို့ ထပ်မံဝင်ရောက်လာတယ်လို့ ပလက်ဝမြို့နယ်သို့ ဝင်ရောက်လာသူတွေကို ကူညီပေးနေသူတစ်ဦးထံက သိရပါတယ်။
ယခုလ အောက်တိုဘာလ ၁ ရက်နေ့မှစပြီး ပလက်ဝမြို့နယ်မှာ စတင်ဝင်ရောက်လာကြခြင်းဖြစ်ပြီး ဒီနေ့အောက်တိုဘာ၂၉ရက်နေ့အထိ အိမ်ခြေ၁၄၈၊လူဦးရေ ၈၁၈ဦးဝင်ရောက်လာပြီလို့ သိရပါတယ်။
ရခိုင်ပြည်နယ်မှ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်သို့ ဝင်ရောက်လာသူတွေကို ကူညီပေးနေသူ ၁ ဦးက”ကျွန်တော်တို့ တွေဟာ တိုက်ပွဲတွေကြားကနေပြီး လွှတ်မြောက်ရာသို့ နေရာအနှံ ထွက်ပြေးခိုလှုံနေကြတာပါ။ဘယ်လိုမှ နေလိုအဆင်မပြေတော့တယ်အချိန်မှာ ချင်းပြည်နယ် မီဇာကျေးရွာ ဘက်သို့ စစ်ဘေးတိမ်းရှောင်လာခဲ့ရတာပါ။” လို့ပြောပါတယ်။
အဆိုပါ ပလက်ဝမြို့နယ်၊မီးဇာကျေးရွာသို့ ဝင်ရောက်လာသူတွေမှာ ရခိုင်ပြည်နယ်၊ဘူးသီးတောင်မြို့နယ်ရှိကျေးရွာ၁၀ရွာ(လုံခြုံရေးအရ ရွာနာမည်မဖော်ပြပါ)မှ ခမီလူမျိုးတွေဖြစ်တယ်လို့သိရပါတယ်။
ယခုနှစ် ဩဂုတ်လမှာလည်း ရခိုင်ပြည်နယ်၊ ကျောက်တော်၊မောင်တောနဲ့မြောက်ဦးမြို့နယ်ရှိ ရခိုင်လူမျိုးအများအပြား ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ မီးဇာနဲ့ ထရွန်အိုင်ကျေးရွာသို့ ဝင်ရောက်လာခဲ့ပါတယ်။