Headlines

ပလက်ဝမြို့နယ်မှာ အောက်တိုဘာလ ၁၄ ရက်ညကစပြီးဖုန်းလိုင်း၊ အင်တာနက်လိုင်း လုံးဝပြတ်တောက်နေတယ်လို့ သိရ

အောက်တိုဘာလ ၁၅ ရက်။

ချင်းပြည်နယ်၊ပလက်ဝမြို့နယ်မှာဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ အောက်တိုဘာလ ၁၄ ရက်နေ့ညကစလို့ အဆက်အသွယ် လုံးဝပြတ်တောက်သွားပြီလို့ တခြားဒေသရောက်နေတဲ့ ပလက်ဝဒေသခံတွေဆီကနေ သိရပါတယ်။

အာရက္ခတပ်တော်(AA )နဲ့ စစ်ကောင်စီတပ် တို့ တကျော့ပြန်တိုက်ပွဲဖြစ်တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့ကစလို့ ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေကို စစ်ကောင်စီဘက်က ဖြတ်တောက်ထားပေမယ့် ပလက်ဝမြို့နယ် နေရာဒေသတချို့မှာ ဖုန်းလိုင်းနဲ့ အဆက်သွယ်လုပ်လို့ရခဲ့ပြီး အခုတော့ ဖုန်းလိုင်းလုံးဝ ပြတ်တောက်တဲ့ အနေအထားဖြစ်သွားပြီဖြစ်ကြောင်း ပလက်ဝဒေသခံတွေဆီကနေ သိရပါတယ်။

ပလက်ဝဒေသခံတစ်ဦးက “အေအေနဲ့စကစ တိုက်ပွဲဖြစ်ကတည်းက ဒီကနေ့ထိ ဖုန်းလိုင်းဖြတ်တောက်ထားတာပေါ့နော် ဒါပေမယ့် ဖုန်းလိုင်းရတဲ့ နေရာတချို့ရှိတယ် အဲလိုရတဲ့နေရာလေးတွေကနေ ဖုန်းဆက်လို့ ရတဲ့အနေအထားမှာ ရှိသေးတယ်ပေါ့ ဖုန်းပြောလို့ရတဲ့ရွာတွေကလည်း များများစားစားမရှိပါဘူး ၊ရခိုင်ပြည်နယ်နဲ့ဆက်စပ်တဲ့ ရွာတချို့မှာရတာပေါ့ ဒါပေမယ့်အခု ၁၄ ရက်နေ့ညကစလို့ ဖုန်းအဆက်အသွယ်လုံးဝမရတော့ဘူး” လို့ပြောပါတယ်။

ချင်းပြည်နယ် ပလက်ဝမြို့နယ်နဲ့ နယ်နိမိတ်ထိစပ်နေတဲ့ ရခိုင်ပြည်နယ် တပြည်နယ်လုံးမှာလည်း ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ အောက်တိုဘာလ ၁၃ ရက်နေ့ကစလို့ လုံးဝပြတ်တောက်သွားတဲ့အကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *