
နိုဝင်ဘာလ ၁၄ ရက်။
နိုဝင်ဘာလ ၃ ရက်နေ့ နှင့် ၅ ရက်နေ့တို့မှာ ရှမ်းပြည်နယ် မြောက်ပိုင်း ကနေ ချင်းပြည်နယ် တီးတိန်မြိုသို့ သယ်ဆောင်ရောင်းဝယ်မယ့် ကျပ် နှစ်ဘီလျံကျော် တန်ဖိုးရှိ ဘိန်းဖြူ ၃၉ ကီလိုကျော်ကို ကလေးမြိုနယ်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့ ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က နိုဝင်ဘာ ၃ ရက် မွန်းလွဲ ၃ နာရီခွဲခန့်မှာ သတင်းအရ ကလေးမြို့နယ်၊ ကျီကုန်းရွာအနီးတွင် စိုင်းကိုကို မောင်းနှင် ပြီး လွင်ဖြိုးအောင် လိုက်ပါလာတဲ့ NISSAN CONDOR အမျိုးအစားယာဉ်ပေါ်ကနေ ဘိန်းဖြူ ၂၇ ဒသမ ၇၂ ကီလို ဖမ်းဆီးရမိခဲ့ပြီး ယင်းက တဆင့် စစ်ဆေးဖော်ထုတ်ချက်အရ နိုဝင်ဘာ ၅ ရက်နေ့မျာ ဖမ်းဆီးရမိ ဘိန်းဖြူများ သယ်ဆောင်ရာမှာ ပူးပေါင်းပါဝင်သူ ခုပ်လမ့်ထွန်း(ခ)မောင်လှိုင် အား ကလေးမြို၊ ပင်လုံရပ်ကွက်တွင် ဆက်လက် ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ချက် အရ သိရှိရ ပါတယ်။
ဖမ်းဆီးမှုရဲ့ ကွင်းဆက်အရ နိုဝင်ဘာ ၅ ရက် မွန်းလွဲ ၁ နာရီခန့်မှာလည်း ကလေးမြိုနယ်၊ ကျီကုန်းရွာအနီးမှာ ပင် ဇာနည်မိုး (ခ) မိုးအောင် မောင်းနှင်ပြီး အောင်နိုင်မင်း(ခ)မင်းမင်း လိုက်ပါလာတဲ့ DONG FENG အမျိုးအစားယာဉ်ပေါ်ကနေ ဘိန်းဖြူ ၁၁ ဒသမ ၆၆ ကီလိုအား ထပ်မံ ဖမ်းဆီးရမိပြီး ယင်းနေ့မှာပင် ဘိန်းဖြူများသယ်ဆောင်ရာမှာ ပူးပေါင်းပါဝင်သူ မောင်လှ(ခ)သော့ပြောင်း ကို လည်းကောင်း၊ နိုဝင်ဘာ ၆ ရက်မှာ ဘိန်းဖြူများကို သယ်ဆောင်ခိုင်းသူ ဇော်ဝင်းမောင်(ခ)မောင်ပိန်ကို လည်းကောင်း အသီးသီး ဖမ်းဆီးရမိခဲ့တယ် လို့ ထုတ်ပြန်ချက်ပါ ဖော်ပြချက်များ အရ ဆက်လက် သိရှိရ ပါတယ်။
အမှုရဲ့ ဆက်စပ်ပြီး ဖမ်းဆီးရမိသည့် ဘိန်းဖြူ စုစုပေါင်းဟာ ၃၈ ဒသမ ၃၈ ကီလိုဂရမ် ရှိပြီ ကာလတန်ဖို့ အားဖြင့် ငွေကျပ် ၂ ဒသမ ၈၁၈၆၄ ဘီလျံတန်ဖိုးရှိ တယ်လို့လည်း သိရှိရ ပါတယ်။

